တရုတ္နယ္စပ္မွ အဝယ္နည္း၍ ေက်ာက္မဲေျပာင္းဆံေစ်းကြက္ ေစ်းႏႈန္းက်ဆင္း

တရုတ္နယ္စပ္မွ အဝယ္နည္း၍ ေက်ာက္မဲေျပာင္းဆံေစ်းကြက္ ေစ်းႏႈန္းက်ဆင္း
သြဂုတ် 9, 2016
By Tachileik News Agency

တရုတ္နယ္စပ္မွ အဝယ္နည္းေန၍ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊  ေက်ာက္မဲၿမိဳ႕ရွိ ေျပာင္းဆံေစ်း က်ဆင္းေနၿပီး ေျပာင္းစိုက္ေတာင္သူအခ်ိဳ႕ အရႈံးေပၚေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“ဒီႏွစ္က ရာသီဥတုေရာ ေစ်းကြက္ေရာ မေကာင္းဘူး။ တရုတ္ဘက္ကလည္း အဝယ္ေတာ္ေတာ္ နည္းသြားေတာ့ ေရာင္းေစ်းကလည္း မႏွစ္ကေစ်း ေလာက္ေတာင္ မရဘူး။ ေတာ္ေတာ္အခက္ေတြ႕တယ္” ဟု ေက်ာက္မဲေဒသခံ ေျပာင္းစိုက္ေတာင္သူတစ္ဦးက ေျပာသည္။

ေမြးျမဴေရး အစာျပဳလုပ္ရာတြင္ အသံုးျပဳသည့္ စီပီစပ္မိ်ဳးေျပာင္းမ်ားမွာ ယခင္ႏွစ္က အစိုတစ္ပိႆာလ်ွင္ (၃၈၀) က်ပ္ အေျခာက္ တစ္ပိႆာလွ်င္  (၄၆၀) က်ပ္အထိ ေစ်းေကာင္းရခ့ဲျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီႏွစ္က ေျပာင္းဆံအစိုေစ်းက  က်ပ္(၂၅၀)၊ (၂၆၀)အေျခာက္ေစ်းက  က်ပ္ (၄၃၀)၊ (၄၅၀) ဝန္းက်င္ပဲ ရတယ္။ ပြဲစား ေတြေတာင္ရႈံးတယ္။ ေစ်းအတက္အက်က တရုတ္ဘက္က ဝယ္လိုအားေပၚ အမ်ားဆံုး မူတည္တယ္”ဟု ေျပာင္းပြဲစားတစ္ဦးျဖစ္သူ ဦးေစာ က ေျပာသည္။

ေမြးျမဴေရးအစာအတြက္ အဓိကကုန္ၾကမ္းအျဖစ္ အသံုးျပဳသည့္ စီပီစပ္မိ်ဳးေျပာင္းမ်ားကို ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေဒသအတြင္း စီးပြားျဖစ္ စိုက္ပ်ိဳးသီးႏွံအျဖစ္ အမ်ားအျပား စိုက္ပိ်ဳးၾကတာျဖစ္ၿပီး ေက်ာက္မဲႏွင့္ ေနာင္ခ်ိဳေဒသထြက္ ေျပာင္းဆံမ်ားမွာ အရည္အေသြးအေကာင္းဆံုးျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္

..........................

တရုတ်နယ်စပ်မှ အဝယ်နည်းနေ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ ပြောင်းဆံဈေး ကျဆင်းနပြေီး ပြောင်းစိုက်တောင်သူအချို့ အရှုံးပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနှစ်က ရာသီဥတုရော ဈေးကွက်ရော မကောင်းဘူး။ တရုတ်ဘက်ကလည်း အဝယ်တော်တော် နည်းသွားတော့ ရောင်းဈေးကလည်း မနှစ်ကဈေး လောက်တောင် မရဘူး။ တော်တော်အခက်တွေ့တယ်” ဟု ကျောက်မဲဒေသခံ ပြောင်းစိုက်တောင်သူတစ်ဦးက ပြောသည်။

မွေးမြူရေး အစာပြုလုပ်ရာတွင် အသုံးပြုသည့် စီပီစပ်မျိုးပြောင်းများမှာ ယခင်နှစ်က အစိုတစ်ပိဿါလျှင် (၃၈၀) ကျပ် အခြောက် တစ်ပိဿါလျှင် (၄၆၀) ကျပ်အထိ ဈေးကောင်းရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနှစ်က ပြောင်းဆံအစိုဈေးက ကျပ်(၂၅၀)၊ (၂၆၀)အခြောက်ဈေးက ကျပ် (၄၃၀)၊ (၄၅၀) ဝန်းကျင်ပဲ ရတယ်။ ပွဲစား တွေတောင်ရှုံးတယ်။ ဈေးအတက်အကျက တရုတ်ဘက်က ဝယ်လိုအားပေါ် အများဆုံး မူတည်တယ်”ဟု ပြောင်းပွဲစားတစ်ဦးဖြစ်သူ ဦးစော က ပြောသည်။

မွေးမြူရေးအစာအတွက် အဓိကကုန်ကြမ်းအဖြစ် အသုံးပြုသည့် စီပီစပ်မျိုးပြောင်းများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း စီးပွားဖြစ် စိုက်ပျိုးသီးနှံအဖြစ် အများအပြား စိုက်ပျိုးကြတာဖြစ်ပြီး ကျောက်မဲနှင့် နောင်ချိုဒေသထွက် ပြောင်းဆံများမှာ အရည်အသွေးအကောင်းဆုံးဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~