မသန္စြမ္းကေလးမ်ား KG တန္း ေက်ာင္းအပ္လက္ခံရန္ ျငင္းပယ္ခံရမႈမ်ားရိွေနဟုဆို

မသန္စြမ္းကေလးမ်ား KG တန္း ေက်ာင္းအပ္လက္ခံရန္ ျငင္းပယ္ခံရမႈမ်ားရိွေနဟုဆို
သြဂုတ် 25, 2016
By Tachileik News Agency

မသန္စြမ္းကေလးမ်ားအား ေက်ာင္းအပ္လက္ခံရန္ ျငင္းဆန္ခံရမႈအခ်ိဳ႕ရိွေနသျဖင့္ အဆိုပါကိစၥကို လႊတ္ေတာ္သို႔  ေရာက္ရိွရန္ႀကိဳးပမ္းေနေၾကာင္း မသန္စြမ္းကေလးမ်ား ပညာသင္ယူခြင္႔ရရိွေရး လႈပ္ရွားမႈေကာ္မတီထံမွ သိရသည္။

"လြန္ခဲ့တဲ့တစ္လက ေကာ္မတီကပညာေရးဝန္ႀကီးနဲ႔ ေတြ႔ခဲ့တယ္။ ျဖစ္ေနတဲ့ျဖစ္စဥ္ေတြကို လိပ္စာ အတိအက်၊ အမည္အတိအက်နဲ႔ ေပးခဲ႔တယ္္။ ဒါ႔အျပင္ လႊတ္ေတာ္ကိုခ်ဥ္းကပ္ၿပီး မသန္စြမ္းကေလးေတြ အားလံုး ပညာသင္ယူႏိုင္ခြင္႔ရရိွေအာင္ တိက်တဲ႔မူဝါဒေတြ ရိွဖို႔ တင္ျပတိုက္တြန္းေနပါတယ္။”ဟု မသန္စြမ္းကေလးငယ္မ်ား ပညာသင္ယူခြင့္ရရွိေရး လွဳပ္ရွားမႈ ေကာ္မတီ အတြင္းေရး မွဴး(၁) ဦးရဲဝင္းက ေျပာသည္။

ကေလးငယ္မ်ားအားလံုး ေက်ာင္းပညာသင္ၾကားတက္ေရာက္ခြင့္ရရွိရန္ အစိုးရမွ မူ၀ါဒေရးဆြဲ၍ အေကာင္အထည္ေဖၚ ေဆာင္ရြက္သင့္သည္ဟု ၎က ဆိုသည္။

“အခု KG စနစ္ဆိုၿပီး သင္ရိုးေျပာင္းလိုက္တာေၾကာင့္ ခုန္ေပါက္ေျပးလႊားရတဲ့ သင္ရိုးျဖစ္ေနလို႔ မသန္စြမ္းကေလးေတြနဲ႔ ကိုက္ညီျခင္း မရိွဘူးဆိုၿပီး ျငင္းပယ္ခံေနရတယ္”ဟု မသန္စြမ္းကေလးငယ္မ်ား ပညာသင္ယူခြင့္ရရွိေရး လွဳပ္ရွားမႈေကာ္မတီအတြင္းေရးမွဴး(၁) ဦးရဲဝင္းက ေျပာသည္။

ယခုလက္ရွိ ျမန္မာႏိုင္ငံတြင္ မသန္စြမ္းကေလးမ်ား (၁)သန္းေက်ာ္ရိွေနသျဖင့္ ကေလးတိုင္း ပညာသင္ၾကားခြင့္ကို အစိုးရအေနျဖင့္ အေလးထားလုပ္ေဆာင္သင့္သည္ဟု အဆိုပါအဖြဲ႕က ေထာက္ျပေဝဖန္လုိက္သည္။

သတင္း - ဖီးနစ္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
မသန်စွမ်းကလေးများအား ကျောင်းအပ်လက်ခံရန် ငြင်းဆန်ခံရမှုအချို့ရှိနေသဖြင့် အဆိုပါကိစ္စကို လွှတ်တော်သို့ ရောက်ရှိရန်ကြိုးပမ်းနေကြောင်း မသန်စွမ်းကလေးများ ပညာသင်ယူခွင့်ရရှိရေး လှုပ်ရှားမှုကော်မတီထံမှ သိရသည်။

"လွန်ခဲ့တဲ့တစ်လက ကော်မတီကပညာရေးဝန်ကြီးနဲ့ တွေ့ခဲ့တယ်။ ဖြစ်နေတဲ့ဖြစ်စဉ်တွေကို လိပ်စာ အတိအကျ၊ အမည်အတိအကျနဲ့ ပေးခဲ့တယ်။ ဒါ့အပြင် လွှတ်တော်ကိုချဉ်းကပ်ပြီး မသန်စွမ်းကလေးတွေ အားလုံး ပညာသင်ယူနိုင်ခွင့်ရရှိအောင် တိကျတဲ့မူဝါဒတွေ ရှိဖို့ တင်ပြတိုက်တွန်းနေပါတယ်။”ဟု မသန်စွမ်းကလေးငယ်များ ပညာသင်ယူခွင့်ရရှိရေး လှုပ်ရှားမှု ကော်မတီ အတွင်းရေး မှူး(၁) ဦးရဲဝင်းက ပြောသည်။

ကလေးငယ်များအားလုံး ကျောင်းပညာသင်ကြားတက်ရောက်ခွင့်ရရှိရန် အစိုးရမှ မူဝါဒရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်ဟု၎င်းက ဆိုသည်။

“အခု KG စနစ်ဆိုပြီး သင်ရိုးပြောင်းလိုက်တာကြောင့် ခုန်ပေါက်ပြေးလွှားရတဲ့ သင်ရိုးဖြစ်နေလို့ မသန်စွမ်းကလေးတွေနဲ့ ကိုက်ညီခြင်း မရှိဘူးဆိုပြီး ငြင်းပယ်ခံနေရတယ်”ဟု မသန်စွမ်းကလေးငယ်များ ပညာသင်ယူခွင့်ရရှိရေး လှုပ်ရှားမှုကော်မတီအတွင်းရေးမှူး(၁) ဦးရဲဝင်းက ပြောသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် မသန်စွမ်းကလေးများ (၁)သန်းကျော်ရှိနေသဖြင့် ကလေးတိုင်း ပညာသင်ကြားခွင့်ကို အစိုးရအနဖြေင့် အလေးထားလုပ်ဆောင်သင့်သည်ဟု အဆိုပါအဖွဲ့က ထောက်ပြဝေဖန်လိုက်သည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~