တာချီလိတ် လ၀က မှ သစ္စာစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ် အခမဲ့ ပြုလုပ်ပေး

တာချီလိတ် လ၀က မှ သစ္စာစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ် အခမဲ့ ပြုလုပ်ပေး
သွဂုတျ 8, 2016
By Tachileik News Agency

တာချီလိတ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သစ္စာစီမံချက်အနေဖြင့် အခြေခံပညာ အထက်တန်းကျောင်း(တာချီလိတ်)ရှိ ကျောင်းသား၊ ကျောင်းသူ (၁၄၀)အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးပြီးဖြစ်၍ သြဂုတ်လ (၈)ရက်နေ့မှာ ပေးအပ်ပွဲအဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။


တာချီလိတ်မြို့တွင် ရက်(၁၀၀)စီမံချက်အနေဖြင့် အ.ထ.က(တာချီလိတ်) ၊ အ.ထ.က(ဆန်ဆိုင်း)၊ တာလော့ကျောင်း နှင့် ပုန်းထွန်ကျောင်းတို့တွင် ပဉ္စမတန်းမှ န၀မတန်းအထိ ကျောင်းသား၊ ကျောင်းသူ (၂၈၀) ကျော်အား နိုင်ငံသား စိစစ်ရေးကတ်များ အခမဲ့ ပြုလုပ်ပေးပြီးဖြစ်ရာ သန်းခေါင်စာရင်း မရှိ၍ မပြုလုပ်ရသေးသော ကျောင်းသားကျောင်းသူများကို နောက်လာမည့် စီမံချက်များမှာလည်း အခမဲ့ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း ရက်(၁၀၀)စီမံချက်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးမည့် ကျောင်းသား၊ ကျောင်းသူ (၈၀၀)ဦးခန့်ရှိပြီး တာချီလိတ်မြို့နယ်အနေဖြင့် ကျောင်း(၄)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၈၄)ဦးအား ပြုလုပ်ပေးပြီးဖြစ်ကြောင်း သိရသည်။

..............

တာချီလိတ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သစ္စာစီမံချက်အနဖြေင့် အခြေခံပညာ အထက်တန်းကျောင်း(တာချီလိတ်)ရှိ ကျောင်းသား၊ ကျောင်းသူ (၁၄၀)အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးပြီးဖြစ်၍ သြဂုတ်လ (၈)ရက်နေ့မှာ ပေးအပ်ပွဲအဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးအပ်ပွဲအခမ်းအနားတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေး နှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းသိန်း နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက တာဝန်ရှိဆရာ၊ ဆရာမများမှ တစ်ဆင့် ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ရက်(၁၀၀)စီမံချက်အနဖြေင့် အ.ထ.က(တာချီလိတ်)၊ အ.ထ.က(ဆန်ဆိုင်း)၊ တာလော့ကျောင်း နှင့် ပုန်းထွန်ကျောင်းတို့တွင် ပဉ္စမတန်းမှ နဝမတန်းအထိ ကျောင်းသား၊ ကျောင်းသူ (၂၈၀) ကျော်အား နိုင်ငံသား စိစစ်ရေးကတ်များ အခမဲ့ ပြုလုပ်ပေးပြီးဖြစ်ရာ သန်းခေါင်စာရင်း မရှိ၍ မပြုလုပ်ရသေးသော ကျောင်းသားကျောင်းသူများကို နောက်လာမည့် စီမံချက်များမှာလည်း အခမဲ့ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း ရက်(၁၀၀)စီမံချက်အနဖြေင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးမည့် ကျောင်းသား၊ ကျောင်းသူ (၈၀၀)ဦးခန့်ရှိပြီး တာချီလိတ်မြို့နယ်အနဖြေင့် ကျောင်း(၄)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၈၄)ဦးအား ပြုလုပ်ပေးပြီးဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ‪#‎ဇောင်းညီ‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~