ရွှေတြိဂံဟိုတယ်အောက်က မြေများပြိုလာမှုကြောင့် ဒီပါကျော်တိုက်တန်းတွင် နေသူများ စိုးရိမ်နေ

ရွှေတြိဂံဟိုတယ်အောက်က မြေများပြိုလာမှုကြောင့် ဒီပါကျော်တိုက်တန်းတွင် နေသူများ စိုးရိမ်နေ
သွဂုတျ 5, 2016
By Tachileik News Agency

တာချီလိတ်မြို့ ဒီပါကျော်တိုက်တန်းတွင် နေထိုင်သူများမှာ ရွှေတြိဂံဟိုတယ်အောက်ရှိ တောင်စောင်းမှ ပြိုကျလာသော မြေကြီးများကြောင့် ဆက်လက်မြေပြိုမှုများ ဖြစ်လာမည်ကို စိုးရိမ်နေသည့်အတွက် သက်ဆိုင်ရာမှ လာရောက်စစ်ဆေးပေးစေလိုကြောင်း ပြောဆိုနေကြသည်။

"ခါတိုင်းက အခုလို မြေပြိုတာတွေမရှိဘူး၊ ဒီဟိုတယ်မှာ အဆောက်အဦကြီး ဆောက်ပြီးနောက်ပိုင်းမှ ပြိုတာ နှစ်ခေါက်ရှိပြီ၊ သက်ဆိုင်တဲ့ ဌာနဆိုင်ရာများ အနေနဲ့ လာစစ်ပေးစေချင်ပါတယ်။ ဒီတိုက်တန်းက တောင်စောင်းအောက်မှာဆိုတော့ ဟိုတခါ ကချင်ရွာထဲမှာ မြေပြိုသလိုမျိုး ဖြစ်မှာ ကြောက်နေကြတယ်"ဟု ဒီပါကျော်တိုက်တန်းတွင် နေထိုင်ပြီး ဈေးရောင်းချနေသူ တစ်ဦးက ပြောသည်။

"အဲ့ဒီဟိုတယ်က အခု အသစ်ဆောက်နေတဲ့ နေရာကနေ ဖြစ်နေတာ၊ အဆောက်အဦက ကြီးတော့ မိုးရွာရင် အခြေမခိုင်ပဲ မြေတွေပြိုလာမှာစိုးမိတယ်၊ ဒီနေ့ မနက်က မိုးတော်တော်ရွာလာတဲ့အချိန်မှာလည်း အပေါ်က မြေကြီးတွေနဲ့ရွှံ့တွေ ကျလာတယ်။"ဟု ၎င်းမှ ဆက်ပြောသည်။

ယခင်က အဆိုပါ နေရာမှာ မြေပြိုမှုများ မရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ရှိလာခဲ့ခြင်းကြောင့် ဆိုးရွားစွာ မြေပြိုမှုများ ဖြစ်လာမည်ကို စိုးရိမ်စိတ်များ ဖြစ်ပေါ်နေလျှက်ရှိကြောင်း သိရှိရသည်။
.............

တာချီလိတ်မြို့ ဒီပါကျော်တိုက်တန်းတွင် နေထိုင်သူများမှာ ရွှတြေိဂံဟိုတယ်အောက်ရှိ တောင်စောင်းမှ ပြိုကျလာသော မြကြေီးများကြောင့် ဆက်လက်မြပြေိုမှုများ ဖြစ်လာမည်ကို စိုးရိမ်နေသည့်အတွက် သက်ဆိုင်ရာမှ လာရောက်စစ်ဆေးပေးစေလိုကြောင်း ပြောဆိုနကြေသည်။

"ခါတိုင်းက အခုလို မြပြေိုတာတွေမရှိဘူး၊ ဒီဟိုတယ်မှာ အဆောက်အဦကြီး ဆောက်ပြီးနောက်ပိုင်းမှ ပြိုတာ နှစ်ခေါက်ရှိပြီ၊ သက်ဆိုင်တဲ့ ဌာနဆိုင်ရာများ အနေနဲ့ လာစစ်ပေးစေချင်ပါတယ်။ ဒီတိုက်တန်းက တောင်စောင်းအောက်မှာဆိုတော့ ဟိုတခါ ကချင်ရွာထဲမှာ မြပြေိုသလိုမျိုး ဖြစ်မှာ ကြောက်နကြေတယ်"ဟု ဒီပါကျော်တိုက်တန်းတွင် နေထိုင်ပြီး ဈေးရောင်းချနေသူ တစ်ဦးက ပြောသည်။

"အဲ့ဒီဟိုတယ်က အခု အသစ်ဆောက်နေတဲ့ နေရာကနေ ဖြစ်နေတာ၊ အဆောက်အဦက ကြီးတော့ မိုးရွာရင် အခြေမခိုင်ပဲ မြေတွပြေိုလာမှာစိုးမိတယ်၊ ဒီနေ့ မနက်က မိုးတော်တော်ရွာလာတဲ့အချိန်မှာလည်း အပေါ်က မြကြေီးတွေနဲ့ရွှံ့တွေ ကျလာတယ်။"ဟု၎င်းမှ ဆက်ပြောသည်။

ယခင်က အဆိုပါ နေရာမှာ မြပြေိုမှုများ မရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ရှိလာခဲ့ခြင်းကြောင့် ဆိုးရွားစွာ မြပြေိုမှုများ ဖြစ်လာမည်ကို စိုးရိမ်စိတ်များ ဖြစ်ပေါ်နေလျှက်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~