က်ဳိင္းတံု၌ အေၾကာင္းမဲ့ လိုက္လံ ရိုက္ႏွက္သူ တစ္ဦးေၾကာင့္ အမ်ဳိးသားတစ္ဦး ေသဆံုး

က်ဳိင္းတံု၌ အေၾကာင္းမဲ့ လိုက္လံ ရိုက္ႏွက္သူ တစ္ဦးေၾကာင့္ အမ်ဳိးသားတစ္ဦး ေသဆံုး
သြဂုတ် 26, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ ့ပိုင္း)၊ က်ိဳင္းတုံၿမိဳ႕ ယန္းေလာေက်းရြာအုပ္စု ပန္ကုလားေက်းရြာ၌ ၾသဂုတ္လ (၂၆)ရက္ေန႔ နံနက္(၁၀)နာရီ၀န္းက်င္က  (၃)ေပခန္႔ ရွည္သည့္ သစ္သားတုတ္တစ္ေခ်ာင္းျဖင့္ ေက်းရြာအတြင္း အေၾကာင္းမဲ့ လိုက္လံ ရိုက္ႏွက္ေနသူ တစ္ဦးေၾကာင့္ အသက္(၆၃)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး ေသဆံုးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"အခင္းျဖစ္တဲ့ ေနရာက ၿမိဳ႕မသုႆန္နားက ရြာပါ။ တရားခံက ျပစ္မႈက်ဴးလြန္ၿပီး ထြက္ေျပးသြားတာ ပူးေပါင္းဂိတ္မွာ သြားမိတယ္ေျပာတယ္။ ေသသြားတဲ့လူကေတာ့ လက္က်ိဳးထားတယ္။ ေခါင္းမွာက ႏွစ္လက္မေလာက္ ၿပဲတယ္။ ၿပီးရင္အထဲကို (၃)လက္မ ပတ္လည္ေလာက္ ခ်ဳိင့္၀င္ေနတယ္။ ေသဆုံးသူရဲ႕ အေလာင္းကို ကၽြန္ေတာ္တို႔ အသင္းက အခင္းျဖစ္တဲ့ ေနရာက သယ္ၿပီးေတာ့ ေဆးရုံကိုပို ့ ေပးခဲ့ပါတယ္။"ဟု က်ဳိင္းတံုၿမိဳ႕ ႏွလုံးလွပိုင္ရွင္မ်ား(အခမဲ့) လူမႈေရးကူညီမႈအသင္းမွ ကိုသန္း၀င္းေအာင္က ေျပာသည္။

က်အူဆိုသူက သစ္သားတုတ္ တစ္ေခ်ာင္းျဖင့္ ရပ္ရြာအတြင္း လိုက္လံေသာင္းက်န္းေနသျဖင့္ ရြာမွ လူငယ္မ်ားစု၍ လုိက္လံဖမ္းဆီးရန္ ေဆာင္ရြက္ေနစဥ္ တစ္ရြာတည္းအတူေနသူ ဦးဟာပီးမွ ၎၏ ေနအိမ္တြင္ သစ္သားတုတ္္ျဖင့္ အရိုက္ခံထားရၿပီး ေသဆံုးေနသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ က်အူအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၁၅၅/၂၀၁၆၊ အမႈႀကီးအမွတ္စဥ္(၁၃/၂၀၁၆) ရာဇသတ္ႀကီးပုဒ္မ ၃၀၂ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္းသိရသည္။

သတင္း - ဇြဲျမတ္
ဓာတ္ပံု -  ( သန္းဝင္းေအာင္ ) က်ဳိင္းတံု ႏွလုံးလွပိုင္ရွင္မ်ား(အခမဲ့) လူမႈေရးကူညီမႈအသင္း
~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ယန်းလောကျေးရွာအုပ်စု ပန်ကုလားကျေးရွာ၌ သြဂုတ်လ (၂၆)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်က (၃)ပေခန့် ရှည်သည့် သစ်သားတုတ်တစ်ချောင်းဖြင့် ကျေးရွာအတွင်း အကြောင်းမဲ့ လိုက်လံ ရိုက်နှက်နေသူ တစ်ဦးကြောင့် အသက်(၆၃)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"အခင်းဖြစ်တဲ့ နေရာက မြို့မသုဿန်နားက ရွာပါ။ တရားခံက ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးသွားတာ ပူးပေါင်းဂိတ်မှာ သွားမိတယ်ပြောတယ်။ သေသွားတဲ့လူကတော့ လက်ကျိုးထားတယ်။ ခေါင်းမှာက နှစ်လက်မလောက် ပြဲတယ်။ ပြီးရင်အထဲကို (၃)လက်မ ပတ်လည်လောက် ချိုင့်ဝင်နေတယ်။ သေဆုံးသူရဲ့ အလောင်းကို ကျွန်တော်တို့ အသင်းက အခင်းဖြစ်တဲ့ နေရာက သယ်ပြီးတော့ ဆေးရုံကိုပို့ ပေးခဲ့ပါတယ်။"ဟု ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ(အခမဲ့) လူမှုရေးကူညီမှုအသင်းမှ ကိုသန်းဝင်းအောင်က ပြောသည်။

ကျအူဆိုသူက သစ်သားတုတ် တစ်ချောင်းဖြင့် ရပ်ရွာအတွင်း လိုက်လံသောင်းကျန်းနေသဖြင့် ရွာမှ လူငယ်များစု၍ လိုက်လံဖမ်းဆီးရန် ဆောင်ရွက်နေစဉ် တစ်ရွာတည်းအတူနေသူ ဦးဟာပီးမှ၎င်း၏ နေအိမ်တွင် သစ်သားတုတ်ဖြင့် အရိုက်ခံထားရပြီး သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျအူအား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၁၅၅/၂၀၁၆၊ အမှုကြီးအမှတ်စဉ်(၁၃/၂၀၁၆) ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

သတင်း - ဇွဲမြတ်

ဓာတ်ပုံ - ( သန်းဝင်းအောင် ) ကျိုင်းတုံ နှလုံးလှပိုင်ရှင်များ(အခမဲ့) လူမှုရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~