တာခ်ီလိတ္ကုန္သြယ္ေရးစခန္းမွ ကုန္သြယ္ေရး လိုေငြျပမႈမ်ားသျဖင့္ လြတ္လပ္စြာကုန္သြယ္ေရး တိုးျမႇင့္သြားမည္

တာခ်ီလိတ္ကုန္သြယ္ေရးစခန္းမွ ကုန္သြယ္ေရး လိုေငြျပမႈမ်ားသျဖင့္ လြတ္လပ္စြာကုန္သြယ္ေရး တိုးျမႇင့္သြားမည္
သြဂုတ် 16, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ဇူလိုင္ေနာက္ဆံုးပတ္အထိ ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံ ကုန္သြယ္မႈတြင္ လိုေငြမွာ အေမရိကန္ေဒၚလာ သန္းေပါင္း(၁၄.၃၀၈)ရိွေနသျဖင့့္ လြတ္လပ္စြာ ကုန္သြယ္ခြင့္ျပဳရန္ ရွမ္းျပည္နယ္အစိုးရ စီးပြားေရးႏွင့္ စီမံကိန္း၀န္ႀကီးမွ ညႊန္ၾကားသြားေၾကာင္း သိရသည္။

"အခုကုန္သြယ္မႈ လုိေငြျပေနတယ္ဆိုတာ ကၽြန္ေတာ္တို႔ တိုင္းျပည္မြဲတာကို ျပတာပဲ။ ဒါေၾကာင့္ ကုန္သြယ္မႈလိုေငြျပတိုင္းဟာ ႏိုင္ငံအခြန္မ်ားမ်ားရရမယ္။ ကၽြန္ေတာ့္အေနနဲ႔ ျပည္ေထာင္စုအစိုးရရဲ႕ အထူးတာ၀န္ေပးခံရတဲ့သူတစ္ဦးျဖစ္ပါတယ္။ (ကုန္သြယ္ေရးစခန္း) အေပါက္ေတြအားလံုး တစ္ျပည္နယ္လံုးသြားမယ္။ လြတ္လပ္စြာ ကုန္သြယ္မႈျပဳႏိုင္ရမယ္။ အစိုးရအခ်င္းခ်င္း ဆက္ဆံသြားမွ ကၽြန္ေတာ္တို႔ႏိုင္ငံ စီးပြားေရးခိုင္ျမဲမွာ"ဟု ရွမ္းျပည္နယ္ အစိုးရေျပာေရးဆိုခြင့္ရွိသူ စီးပြားေရးႏွင့္ စီမံကိန္း၀န္ႀကီး ဦးစိုးညႊန္႔လြင္က ေျပာသည္။

ျမန္မာႏိုင္ငံမွ ထုတ္ကုန္မ်ားမွာ အရည္အေသြးသတ္မွတ္ခ်က္(QC)မရွိသျဖင့္ ထုိင္းႏိုင္ငံမွ ေစ်းႏွိမ္ ၀ယ္ယူမႈမ်ားရွိေနရာ ထုတ္ကုန္ အေရအတြက္ႏွင့္ နည္းပညာပံ့ပိုးမႈမ်ား လုပ္ေဆာင္သြားမည္ဟု ဝန္ႀကီးက ဆိုသည္။

တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ တစ္လလွ်င္ ပ်မ္းမွ် အေမရိကန္ေဒၚလာ(၆)သန္းခန္႔ ကုန္သြယ္မႈျပဳလုပ္လွ်က္ရွိၿပီး ယခင္ႏွစ္၏ ကာလတူ ကုန္သြယ္မႈ စာရင္းမ်ားအရ (၀.၅၃၇)သန္း ပိုမို၍ ကုန္သြယ္မႈျပဳႏိုင္ခဲ့ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံသို႔ ပို႔ကုန္အေနႏွင့္ ဇူလိုင္လ ေနာက္ဆံုးပတ္အထိ အေမရိကန္ေဒၚလာ(၅.၀၇၃)သန္း တင္ပို႔ႏိုင္ခဲ့ၿပီး သြင္းကုန္ေနႏွင့္ အေမရိကန္ေဒၚလာ(၁၉.၃၈၁)သန္းရွိေၾကာင္း ႏွစ္ႏိုင္ငံ ကုန္သြယ္မႈစာရင္းေပါင္းမွာ အေမရိကန္ေဒၚလာ (၂၄.၄၅၄)သန္းရွိၿပီး ကုန္သြယ္မႈလိုေငြမွာ အေမရိကန္ ေဒၚလာ(၁၄.၃၀၈)သန္းရွိေၾကာင္း တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္း၏ စာရင္းမ်ားအရသိရသည္။

သတင္း - ကိုဇက္
~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်နောက်ဆုံးပတ်အထိ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုတွင် လိုငွေမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း(၁၄.၃၀၈)ရှိနေသဖြင့် လွတ်လပ်စွာ ကုန်သွယ်ခွင့်ပြုရန် ရှမ်းပြည်နယ်အစိုးရ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီးမှ ညွှန်ကြားသွားကြောင်း သိရသည်။

"အခုကုန်သွယ်မှု လိုငွပြေနေတယ်ဆိုတာ ကျွန်တော်တို့ တိုင်းပြည်မွဲတာကို ပြတာပဲ။ ဒါကြောင့် ကုန်သွယ်မှုလိုငွပြေတိုင်းဟာ နိုင်ငံအခွန်များများရရမယ်။ ကျွန်တော့်အနေနဲ့ ပြည်ထောင်စုအစိုးရရဲ့ အထူးတာဝန်ပေးခံရတဲ့သူတစ်ဦးဖြစ်ပါတယ်။ (ကုန်သွယ်ရေးစခန်း) အပေါက်တွေအားလုံး တစ်ပြည်နယ်လုံးသွားမယ်။ လွတ်လပ်စွာ ကုန်သွယ်မှုပြုနိုင်ရမယ်။ အစိုးရအချင်းချင်း ဆက်ဆံသွားမှ ကျွန်တော်တို့နိုင်ငံ စီးပွားရေးခိုင်မြဲမှာ"ဟု ရှမ်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောသည်။

မြန်မာနိုင်ငံမှ ထုတ်ကုန်များမှာ အရည်အသွေးသတ်မှတ်ချက်(QC)မရှိသဖြင့် ထိုင်းနိုင်ငံမှ ဈေးနှိမ် ဝယ်ယူမှုများရှိနေရာ ထုတ်ကုန် အရေအတွက်နှင့် နည်းပညာပံ့ပိုးမှုများ လုပ်ဆောင်သွားမည်ဟု ဝန်ကြီးက ဆိုသည်။

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်လလျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ(၆)သန်းခန့် ကုန်သွယ်မှုပြုလုပ်လျှက်ရှိပြီး ယခင်နှစ်၏ ကာလတူ ကုန်သွယ်မှု စာရင်းများအရ (ဝ.၅၃၇)သန်း ပိုမို၍ ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ပို့ကုန်အနေနှင့် ဇူလိုင်လ နောက်ဆုံးပတ်အထိ အမေရိကန်ဒေါ်လာ(၅.ဝ၇၃)သန်း တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်နေနှင့် အမေရိကန်ဒေါ်လာ(၁၉.၃၈၁)သန်းရှိကြောင်း နှစ်နိုင်ငံ ကုန်သွယ်မှုစာရင်းပေါင်းမှာ အမေရိကန်ဒေါ်လာ (၂၄.၄၅၄)သန်းရှိပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန် ဒေါ်လာ(၁၄.၃၀၈)သန်းရှိကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရသိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~