တရုတ်မှ အကြီးဆုံးဆင်စွယ်မှောင်ခိုမှုကို နိုင်ငံမြောက်ပိုင်းတွင် ဖမ်းဆီးရမိ

တရုတ်မှ အကြီးဆုံးဆင်စွယ်မှောင်ခိုမှုကို နိုင်ငံမြောက်ပိုင်းတွင် ဖမ်းဆီးရမိ
သွဂုတျ 18, 2016
By Tachileik News Agency




~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
တရုတ်နိုင်ငံမြောက်ပိုင်း ရှန်းဇောင်းက အကောက်ခွန်ဌာနတာဝန်ရှိသူတွေဟာ နိုင်ငံအတွင်း အကြီးဆုံး ဆင်စွယ်မှောင်ခိုမှုအဖြစ် ဆင်စွယ် (၁၀၁.၄) ကီလိုဂရမ်ရှိတဲ့ ဆင်စွယ်ရုပ်တု (၁,၆၃၉)ခုကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီဆင်စွယ်ရုပ်တုတွေကို အွန်လိုင်းကနေ ဝယ်ယူတာဖြစ်ပြီး ဂျပန်နိုင်ငံကနေ တရုတ်ကို တင်သွင်းတာဖြစ်တယ်လို့ ရှန်းဇောင်းအကောက်ခွန်ဌာန အရာရှိတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; People's Daily, China

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~