မိုင္းတံု ေဟြငါးၾကာေက်းရြာ အလယ္တန္းေက်ာင္းခြဲမွ ဆရာမ(၈)ဦး ေျပာင္းေရႊ႕မိန္႔ တစ္ၿပိဳင္နက္တည္း က်လာသျဖင့္ ဆရာ/ဆရာမ မလံုေလာက္မႈျဖစ္ေန

မိုင္းတံု ေဟြငါးၾကာေက်းရြာ အလယ္တန္းေက်ာင္းခြဲမွ ဆရာမ(၈)ဦး ေျပာင္းေရႊ႕မိန္႔ တစ္ၿပိဳင္နက္တည္း က်လာသျဖင့္ ဆရာ/ဆရာမ မလံုေလာက္မႈျဖစ္ေန
သြဂုတ် 11, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕နယ္၊ မိုင္းကန္ေက်းရြာအုပ္စု၊ ေဟြငါးၾကာေက်းရြာ အလယ္တန္းေက်ာင္းခြဲမွ ဆရာမ(၈)ဦး၏ ေျပာင္းေရႊ႕မိန္႔မွာ ဇူလိုင္ေနာက္ဆံုးပတ္တြင္ တစ္ၿပိဳက္နက္တည္း က်လာသျဖင့္ ယခုပညာသင္ႏွစ္အတြက္ ဆရာ/ဆရာမ မလံုေလာက္မႈႏွင့္ ႀကံဳေနရေၾကာင္း သိရသည္။

"ဆရာမေတြက ေျပာင္းေရႊ႕မိန္႔က်လာလို႔ ေျပာင္းေရႊ႕သြားၾကတာပါ။ အစားထိုး တာ၀န္ထမ္းေဆာင္မယ့္ ဆရာေတြလည္း မရွိေသးေတာ့ ကေလးေတြ ပညာသင္ၾကားေရးအတြက္ အခက္အခဲျဖစ္ေနတယ္။ ပညာေရးမွဴးကေတာ့ တျခားေက်ာင္းက ဆရာမ(၂)ဦးကို အင္အားထပ္ျဖည့္ေပးထားတယ္။ ဒါေပမဲ့ လံုေလာက္မႈ မရွိေသးပါဘူး"ဟု မိုင္းတံုၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ေဟြငါးၾကာအလယ္တန္းေက်ာင္းတြင္ ေက်ာင္းအုပ္ဆရာမႀကီး အပါအ၀င္ ဆရာမ(၁၁)ဦးရွိသည့္အနက္ (၈)ဦးေျပာင္းေရႊ႕သြားသျဖင့္ စာသင္ၾကားမႈတြင္ ဆရာမအင္အား လံုေလာက္မႈမရွိေၾကာင္း ၊  မိုင္းတံုၿမိဳ႕နယ္ ပညာေရးမွဴးက ဆရာမ(၂)ဦးအား အင္အား ထပ္မံျဖည့္ေပးထားေသာ္လည္း ေက်ာင္းသားအင္အားႏွင့္ လံုေလာက္မႈ မရွိေသးေၾကာင္း သိရသည္။

ေဟြငါးၾကာေက်းရြာအလယ္တန္းေက်ာင္းတြင္ ပညာသင္ၾကားေနေသာ ေက်ာင္းသား၊ ေက်ာင္းသူေပါင္း(၂၁၈)ဦး ရွိၿပီး ယခင္ ဆရာ/ဆရာမ(၁၁)ဦးျဖင့္ စာသင္ၾကားေပးေနျခင္း ျဖစ္ေၾကာင္း ႏွင့္ ဇူလိုင္လအတြင္း ဆရာမ(၈)ဦးမွာ သက္ဆိုင္ရာ အျခားၿမိဳ႕နယ္မ်ားသို႔ ေျပာင္းေရႊ႕သြားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ေအာင္၀င္းေဌး(မိုင္းတံု)
..............

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းကန်ကျေးရွာအုပ်စု၊ ဟွေငါးကြာကျေးရွာ အလယ်တန်းကျောင်းခွဲမှ ဆရာမ(၈)ဦး၏ ပြောင်းရွှေ့မိန့်မှာ ဇူလိုင်နောက်ဆုံးပတ်တွင် တစ်ပြိုက်နက်တည်း ကျလာသဖြင့် ယခုပညာသင်နှစ်အတွက် ဆရာ/ဆရာမ မလုံလောက်မှုနှင့် ကြုံနေရကြောင်း သိရသည်။

"ဆရာမတွေက ပြောင်းရွှေ့မိန့်ကျလာလို့ ပြောင်းရွှေ့သွားကြတာပါ။ အစားထိုး တာဝန်ထမ်းဆောင်မယ့် ဆရာတွေလည်း မရှိသေးတော့ ကလေးတွေ ပညာသင်ကြားရေးအတွက် အခက်အခဲဖြစ်နေတယ်။ ပညာရေးမှူးကတော့ တခြားကျောင်းက ဆရာမ(၂)ဦးကို အင်အားထပ်ဖြည့်ပေးထားတယ်။ ဒါပေမဲ့ လုံလောက်မှု မရှိသေးပါဘူး"ဟု မိုင်းတုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဟွေငါးကြာအလယ်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာမ(၁၁)ဦးရှိသည့်အနက် (၈)ဦးပြောင်းရွှေ့သွားသဖြင့် စာသင်ကြားမှုတွင် ဆရာမအင်အား လုံလောက်မှုမရှိကြောင်း၊ မိုင်းတုံမြို့နယ် ပညာရေးမှူးက ဆရာမ(၂)ဦးအား အင်အား ထပ်မံဖြည့်ပေးထားသော်လည်း ကျောင်းသားအင်အားနှင့် လုံလောက်မှု မရှိသေးကြောင်း သိရသည်။

ဟွေငါးကြာကျေးရွာအလယ်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူပေါင်း(၂၁၈)ဦး ရှိပြီး ယခင် ဆရာ/ဆရာမ(၁၁)ဦးဖြင့် စာသင်ကြားပေးနခြေင်း ဖြစ်ကြောင်း နှင့် ဇူလိုင်လအတွင်း ဆရာမ(၈)ဦးမှာ သက်ဆိုင်ရာ အခြားမြို့နယ်များသို့ ပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - အောင်ဝင်းဌေး(မိုင်းတုံ)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~