တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးေကာ္မတီမွ ဘတ္သိန္း(၆၀၀)ေက်ာ္အား ထုိင္းႏိုင္ငံမီးေပးေ၀ေရးသို႔ Deposit သြင္းထားၿပီး ၿမိဳ႕မီးေပးေ၀ေရးေဆာင္ရြက္ေန

တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးေကာ္မတီမွ ဘတ္သိန္း(၆၀၀)ေက်ာ္အား ထုိင္းႏိုင္ငံမီးေပးေ၀ေရးသို႔ Deposit သြင္းထားၿပီး ၿမိဳ႕မီးေပးေ၀ေရးေဆာင္ရြက္ေန
သြဂုတ် 10, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးေကာ္မတီမွ ဘတ္သိန္း(၆၀၀)ေက်ာ္အား ထုိင္းႏိုင္ငံ မီးေပးေ၀ေရးသို႔  Deposit  သြင္းထားၿပီး ၿမိဳ႕မီးေပးေ၀းေရးကို  အပိုင္း(၂)ပိုင္းခြဲ၍ မီးေပးေ၀လွ်က္ရွိေၾကာင္း သိရသည္။

"ထုိင္းက လွ်ပ္စစ္မီးကို ၀ယ္ယူသံုးရတဲ့အခါက်ေတာ့ လွ်ပ္စစ္မီးျပတ္သြားသည္ရွိေသာ္ သူတို႔ကို မီးတာခ မေပးေဆာင္မွာစိုးလို႔ Deposit  တင္ရတာပါ။ ေငြစုစုေပါင္း ကေတာ့ ဘတ္ (၆၀၈) သိန္း ထုိင္းကို တင္ထားရတာပါ။ မီးလင္းေရးအမွတ္(၁)အေနနဲ႔က ဘတ္ေငြ(၂၇၆)သိန္းနဲ႔ မီးလင္းေရးအမွတ္(၂) အေနနဲ႔ ဆိုရင္ ထုိင္းဘတ္(၃၃၂)သိန္း ျဖစ္ပါတယ္။ မီးလင္းေရးေကာ္မတီအေနနဲ႔ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းက ေက်းရြာေတြကိုပါ မီးရရွိေအာင္ေဆာင္ရြက္ေပးေနပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးေကာ္မတီ  ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ေျပာသည္။

ယခုလက္ရွိ ေက်းရြာမ်ားတြင္ မီးလင္းေရးအတြက္ လွ်ပ္စစ္မီးရရွိရန္ ေဆာင္ရြက္ေပးထားၿပီး မီးသြယ္တန္းမႈႏွင့္ ကုန္က်စရိတ္အား သက္ဆုိင္ရာ ေက်းရြာမီးလင္းေရးေကာ္မတီမွ စီစဥ္ေဆာင္ရြက္ ေပးရမည္ျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးတြင္ လွ်ပ္စစ္မီးအသံုးျပဳမႈအျဖစ္  ေကာက္ခံရရွိထားသည့္ ေငြေၾကး ထုိင္းဘတ္(၇,၆၅၆,၁၂၁.၉၃)ကို  အသံုးျပဳ၍  ၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း မီးအျပည့္ အ၀ရရွိရန္ႏွင့္  ဓာတ္မီးတိုင္စိုက္ထူျခင္း၊ မီးသီး၊ မီးလံုးလဲလွယ္္ျပဳျပင္ျခင္းႏွင့္ ၿမိဳ႕ရြာ ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းမ်ားတြင္ ထည့္သြင္းေဆာင္ရြက္လွ်က္ရွိေၾကာင္း ၎ထံမွ သိရသည္။

"မီးတာခကိုေတာ့ ထုိင္းက၀ယ္ယူတာက တစ္ယူနစ္(၄)ဘတ္၊ ျပား(၅၀)နဲ႔ယူတယ္။ ၿမိဳ႕မွာ ျပန္လည္ျဖန္႔ျဖဴးေတာ့ တစ္ယူနစ္(၆)ဘတ္နဲ႔ျဖန္႔တယ္။ ဒါကလည္း ေပ်ာက္ဆံုးမီတာေတြအတြက္ ကာမိဖို႔နဲ႔ မီးႀကိဳးအသစ္လဲတာတို႔ ၊ ဓာတ္တိုင္စိုက္ထူတာတို႔ တျခားမီးအတြက္ လိုအပ္တဲ့ေငြေၾကးေတြ အသံုးျပဳဖို႔ အတြက္ပါ"ဟု တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးေကာ္မတီ  ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးရံုးႏွင့္ ရံုးခြဲတို႔မွ တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္(၁၁)ရပ္ကြက္ႏွင့္ ေဒသတြင္း ေက်းရြာ အုပ္စုမ်ားျဖစ္ေသာ ၀မ္လံုးေက်းရြာအုပ္စု၊ မိုင္းဖုန္းေက်းရြာအုပ္စု၊ မိုင္းကိုးေက်းရြာအုပ္စုအတြင္းရွိ ေက်းရြာမ်ား၊ ဖန္မင္ေက်းရြာအုပ္စုအတြင္းရွိေက်းရြာမ်ားအား မီးေပးေ၀လွ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ကိုဇက္

..............

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ ဘတ်သိန်း(၆၀၀)ကျော်အား ထိုင်းနိုင်ငံ မီးပေးေဝရေးသို့ Deposit သွင်းထားပြီး မြို့မီးပေးေဝးရေးကို အပိုင်း(၂)ပိုင်းခွဲ၍ မီးပေးေဝလျှက်ရှိကြောင်း သိရသည်။

"ထိုင်းက လျှပ်စစ်မီးကို ဝယ်ယူသုံးရတဲ့အခါကျတော့ လျှပ်စစ်မီးပြတ်သွားသည်ရှိသော် သူတို့ကို မီးတာခ မပေးဆောင်မှာစိုးလို့ Deposit တင်ရတာပါ။ ငွေစုစုပေါင်း ကတော့ ဘတ် (၆၀၈) သိန်း ထိုင်းကို တင်ထားရတာပါ။ မီးလင်းရေးအမှတ်(၁)အနေနဲ့က ဘတ်ငွေ(၂၇၆)သိန်းနဲ့ မီးလင်းရေးအမှတ်(၂) အနေနဲ့ ဆိုရင် ထိုင်းဘတ်(၃၃၂)သိန်း ဖြစ်ပါတယ်။ မီးလင်းရေးကော်မတီအနေနဲ့ တာချီလိတ်မြို့နယ်အတွင်းက ကျေးရွာတွေကိုပါ မီးရရှိအောင်ဆောင်ရွက်ပေးနေပါတယ်"ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

ယခုလက်ရှိ ကျေးရွာများတွင် မီးလင်းရေးအတွက် လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ပေးထားပြီး မီးသွယ်တန်းမှုနှင့် ကုန်ကျစရိတ်အား သက်ဆိုင်ရာ ကျေးရွာမီးလင်းရေးကော်မတီမှ စီစဉ်ဆောင်ရွက် ပေးရမည်ဖြစ်ပြီး တာချီလိတ်မြို့ မီးလင်းရေးတွင် လျှပ်စစ်မီးအသုံးပြုမှုအဖြစ် ကောက်ခံရရှိထားသည့် ငွေကြေး ထိုင်းဘတ်(၇,၆၅၆,၁၂၁.၉၃)ကို အသုံးပြု၍ မြို့ပေါ်ရပ်ကွက်များအတွင်း မီးအပြည့် အဝရရှိရန်နှင့် ဓာတ်မီးတိုင်စိုက်ထူခြင်း၊ မီးသီး၊ မီးလုံးလဲလှယ်ပြုပြင်ခြင်းနှင့် မြို့ရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ထည့်သွင်းဆောင်ရွက်လျှက်ရှိကြောင်း၎င်းထံမှ သိရသည်။

"မီးတာခကိုတော့ ထိုင်းကဝယ်ယူတာက တစ်ယူနစ်(၄)ဘတ်၊ ပြား(၅၀)နဲ့ယူတယ်။ မြို့မှာ ပြန်လည်ဖြန့်ဖြူးတော့ တစ်ယူနစ်(၆)ဘတ်နဲ့ဖြန့်တယ်။ ဒါကလည်း ပျောက်ဆုံးမီတာတွေအတွက် ကာမိဖို့နဲ့ မီးကြိုးအသစ်လဲတာတို့၊ ဓာတ်တိုင်စိုက်ထူတာတို့ တခြားမီးအတွက် လိုအပ်တဲ့ငွေကြေးတွေ အသုံးပြုဖို့ အတွက်ပါ"ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

တာချီလိတ်မြို့မီးလင်းရေးရုံးနှင့် ရုံးခွဲတို့မှ တာချီလိတ်မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ဒေသတွင်း ကျေးရွာ အုပ်စုများဖြစ်သော ဝမ်လုံးကျေးရွာအုပ်စု၊ မိုင်းဖုန်းကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၊ ဖန်မင်ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများအား မီးပေးေဝလျှက်ရှိကြောင်း သိရှိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~