သားနဲ႔သမီးကို ေရနစ္သတ္လုိက္တဲ့ မိခင္ကို ရဲတပ္ဖြဲ႔မွ စစ္ေဆးေန

သားနဲ႔သမီးကို ေရနစ္သတ္လုိက္တဲ့ မိခင္ကို ရဲတပ္ဖြဲ႔မွ စစ္ေဆးေန
သြဂုတ် 17, 2016
By Tachileik News Agency

အသက္ (၇)ႏွစ္အရြယ္ သားနဲ႔ အသက္ (၅)ႏွစ္အရြယ္ သမီးတို႔ကို ေရခ်ိဳးကန္ထဲမွာ ေရနစ္ သတ္လုိက္ေၾကာင္း သူငယ္ခ်င္း ျဖစ္သူကို ေျပာခဲ့တဲ့ အသက္ (၃၀)အရြယ္ ရီွဘိုရပ္ေသာမတ္စ္ကို ဟူစတန္ၿမိဳ႕ ရဲတပ္ဖြဲ႕က ထိန္းသိမ္းၿပီး စံုစမ္း စစ္ေဆးမႈေတြ လုပ္ေနပါတယ္။

လက္ရိွမွာေတာ့ ရဲတပ္ဖြဲ႔ တာဝန္ရိွသူေတြက ကေလးေတြ ေသဆံုးရတဲ့ အေၾကာင္းရင္းကို စံုစမ္းေနတယ္လို႔   ဟူစတန္ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရိွသူ ေကစီစမစ္က ဆိုပါတယ္။

ရီွဘိုရပ္ေသာမတ္စ္ကို အိမ္ကူရွင္းေပးတဲ့ သူငယ္ခ်င္းျဖစ္သူက ကေလးေတြကို မေတြ႔တာေၾကာင့္ ေမးရာမွာ ကေလးေတြကို သတ္လိုက္ၿပီဆိုတဲ့ အေျဖေၾကာင့္ အံ့အားသင့္သြားခဲ့ၿပီး ရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားလိုက္တာ ျဖစ္ပါတယ္။

ရီွဘိုရပ္ေသာမတ္စ္ဟာ လတ္တေလာ စစ္ေဆးခ်က္မ်ားအရ စိတ္ေရာဂါခံစားရတဲ့ ရာဇဝင္ရိွ မထားဘူးလို႔ တာဝန္ရိွ ရဲအရာရိွေတြက ဆိုပါတယ္။ ရွီဘိုရဲ႕ အသက္ (၁၂)ႏွစ္အရြယ္ သားတစ္ေယာက္ကေတာ့ ဖခင္ျဖစ္သူရဲ႕ အိမ္မွာ ေဘးကင္းစြာ ရိွေနတယ္လုိ႔ သိရပါတယ္။

"သူဒီလိုလုပ္မယ္လုိ႔ ဘယ္တုန္းကမွ မေတြးဖူးဘူး။ သူ႔ၾကည့္ရတာလည္း ဒီလိုလုပ္မယ့္ ပံုစံမဟုတ္ပါဘူး။ သူက အၿမဲၿပံဳးၿပံဳးရႊင္ရႊင္နဲ႔ ခင္စရာေကာင္းတဲ့သူပါ"လို႔ ရွီဘိုရဲ႕ အိမ္နီးခ်င္းျဖစ္တဲ့ ဒီးေဒးဗစ္က ဆိုပါတယ္။

ရွီဘိုက ကေလးႏွစ္ေယာက္ကို ေက်ာင္းႀကိဳၿပီး ျပန္လာတာကို ေနာက္ဆံုးေတြ႕လုိက္ရၿပီး ေနာက္တစ္ေန႔မွာေတာ့ ရွီဘိုကို သူတို႔အိမ္အနီးဝန္းက်င္မွာ ေခါက္တံု႔ေခါက္ျပန္ လမ္းေလွ်ာက္ေနတာကို ျမင္ခဲ့ရတယ္လို႔ အိမ္နီးခ်င္းျဖစ္သူ ေဒးဗစ္က  ရဲတပ္ဖြဲ႕မွ တာဝန္ရိွသူေတြကို ထြက္ဆိုခဲ့တယ္လို႔ သိရပါတယ္။

၂၀၀၁ ခုႏွစ္တုန္းကလည္း ဟူစတန္ၿမိဳ႕မွာ အသက္ (၇)ႏွစ္အရြယ္နဲ႕ (၆)လအရြယ္ ကေလးႏွစ္ေယာက္ကို မိခင္ျဖစ္တဲ့ အင္ဒရီယာယက္က ေနအိမ္က ေရခ်ိဳးကန္ထဲမွာ ေရနစ္သတ္လိုက္တဲ့ ျဖစ္စဥ္ ျဖစ္ပြားခဲ့ၿပီး ၂၀၀၆ ခုႏွစ္ ဇူလိုင္လမွာေတာ့ အင္ဒရီယာကို စိတ္က်န္းမာေရး မေကာင္းသူျဖစ္တာေၾကာင့္ ေဆးကုသမႈခံယူရန္ စိတ္က်န္းမာေရးေဆးရံုကိုပို႔ဖို႔ အမိန္႔ခ်မွတ္ခဲ့ပါတယ္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref; dailymail

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
အသက် (၇)နှစ်အရွယ် သားနဲ့ အသက် (၅)နှစ်အရွယ် သမီးတို့ကို ရေချိုးကန်ထဲမှာ ရေနစ် သတ်လိုက်ကြောင်း သူငယ်ချင်း ဖြစ်သူကို ပြောခဲ့တဲ့ အသက် (၃၀)အရွယ် ရှီဘိုရပ်သောမတ်စ်ကို ဟူစတန်မြို့ ရဲတပ်ဖွဲ့က ထိန်းသိမ်းပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်နေပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ကလေးတွေ သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းနေတယ်လို့ ဟူစတန်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကေစီစမစ်က ဆိုပါတယ်။

ရှီဘိုရပ်သောမတ်စ်ကို အိမ်ကူရှင်းပေးတဲ့ သူငယ်ချင်းဖြစ်သူက ကလေးတွေကို မတွေ့တာကြောင့် မေးရာမှာ ကလေးတွေကို သတ်လိုက်ပြီဆိုတဲ့ အဖြေကြောင့် အံ့အားသင့်သွားခဲ့ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။

ရှီဘိုရပ်သောမတ်စ်ဟာ လတ်တလော စစ်ဆေးချက်များအရ စိတ်ရောဂါခံစားရတဲ့ ရာဇဝင်ရှိ မထားဘူးလို့ တာဝန်ရှိ ရဲအရာရှိတွေက ဆိုပါတယ်။ ရှီဘိုရဲ့ အသက် (၁၂)နှစ်အရွယ် သားတစ်ယောက်ကတော့ ဖခင်ဖြစ်သူရဲ့ အိမ်မှာ ဘေးကင်းစွာ ရှိနေတယ်လို့ သိရပါတယ်။

"သူဒီလိုလုပ်မယ်လို့ ဘယ်တုန်းကမှ မတွေးဖူးဘူး။ သူ့ကြည့်ရတာလည်း ဒီလိုလုပ်မယ့် ပုံစံမဟုတ်ပါဘူး။ သူက အမြဲပြုံးပြုံးရွှင်ရွှင်နဲ့ ခင်စရာကောင်းတဲ့သူပါ"လို့ ရှီဘိုရဲ့ အိမ်နီးချင်းဖြစ်တဲ့ ဒီးဒေးဗစ်က ဆိုပါတယ်။

ရှီဘိုက ကလေးနှစ်ယောက်ကို ကျောင်းကြိုပြီး ပြန်လာတာကို နောက်ဆုံးတွေ့လိုက်ရပြီး နောက်တစ်နေ့မှာတော့ ရှီဘိုကို သူတို့အိမ်အနီးဝန်းကျင်မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတာကို မြင်ခဲ့ရတယ်လို့ အိမ်နီးချင်းဖြစ်သူ ဒေးဗစ်က ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေကို ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

၂၀၀၁ ခုနှစ်တုန်းကလည်း ဟူစတန်မြို့မှာ အသက် (၇)နှစ်အရွယ်နဲ့ (၆)လအရွယ် ကလေးနှစ်ယောက်ကို မိခင်ဖြစ်တဲ့ အင်ဒရီယာယက်က နေအိမ်က ရေချိုးကန်ထဲမှာ ရေနစ်သတ်လိုက်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ၂၀၀၆ ခုနှစ် ဇူလိုင်လမှာတော့ အင်ဒရီယာကို စိတ်ကျန်းမာရေး မကောင်းသူဖြစ်တာကြောင့် ဆေးကုသမှုခံယူရန် စိတ်ကျန်းမာရေးဆေးရုံကိုပို့ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; dailymail

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~