သားျဖစ္သူမွ ဖခင္အရင္းအား လည္လွီးသတ္မႈ တာခ်ီလိတ္၌ ျဖစ္ပြား

သားျဖစ္သူမွ ဖခင္အရင္းအား လည္လွီးသတ္မႈ တာခ်ီလိတ္၌ ျဖစ္ပြား
သြဂုတ် 19, 2016
By Tachileik News Agency

သားအဖႏွစ္ဦး စကားမ်ားရန္ျဖစ္ရာမွ သားျဖစ္သူက အေဖျဖစ္သူအား ဦးေခါင္းကုိ ဓားျဖင့္လွီးျဖတ္ကာ သတ္ျဖတ္မႈတစ္ခု တာခ်ီလိိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ေ၀ွေလလန္(အာခါ)ေက်းရြာတြင္ ၾသဂုတ္လ(၁၉)ရက္ေန႔က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အသတ္ခံရသူ ဦးအားဖာမွာ ေ၀ွေလလန္ရွိ အလုပ္ရွင္တစ္ဦး၏ ၿခံ၀န္းအတြင္း ညအိပ္ေစာင့္ရာမွ ေနအိမ္သို႔ျပန္လာစဥ္ သားျဖစ္သူမွာ ေနအိမ္အားမီးရွိဳ႕သျဖင့္ ေရႏွင့္ပက္ဖ်န္းၿငိွမ္းသတ္ရာ သားအဖႏွစ္ဦး စကားမ်ားၿပီး သားျဖစ္သူမွာ ေနအိမ္မွ ထြက္ခြာသြားခဲ့ေၾကာင္း၊ ၎ေနာက္ ဖခင္ျဖစ္သူ ဦးအားဖာမွာ သားအဖႏွစ္ဦး စားသံုးရန္ ထမင္းဟင္းမ်ားခ်က္ျပဳတ္ၿပီး စားေသာက္ေနစဥ္ သားျဖစ္သူမွ ေတာင္ယာခုတ္သည့္ ဓားျဖင့္ ဖခင္၏ ဦးေခါင္းအား ခုတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အသတ္ခံရသည့္ ဦးအားဖာႏွင့္ အိမ္ခ်င္းကပ္လွ်က္ေနထိုင္သည့္ ေက်းရြာသူႀကီးျဖစ္သူ ဦးဂ်ဴးဘီမွာ ေဘးအိမ္မွ ထုရိုက္သံၾကားသျဖင့္ တဲတံခါးအား တြန္းဖြင့္၍ ၾကည့္ရွဳရာ ဖခင္ျဖစ္သူအား ပက္လက္ အေနအထားျဖင့္ သားျဖစ္သူမွ ခုတ္ျဖတ္ေနသည္ကိုေတြ႕ရွိရသျဖင့္ ေ၀ွေလလန္ပူးေပါင္းဂိတ္သို႔ သြားေရာက္ တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"သားျဖစ္သူက အေဖျဖစ္သူကို ေခါင္းတျခား ကိုယ္တျခားျဖစ္ေအာင္ ခုတ္ျဖတ္ထားတာဗ်။ ဒါမ်ိဳးတစ္သက္နဲ႔တစ္ကိုယ္ မျမင္ဖူးဘူး၊ ဒါမ်ိဳးျဖစ္တာ အၿငိွဳးအေတးေၾကာင့္ျဖစ္တာဘဲၾကားဖူးတယ္ ။  အခုက အေဖအရင္းကို ေခါင္းတျခား ကိုယ္တျခားျဖစ္ေအာင္ သတ္တာ ျမင္ဖူးမွ ယံုေတာ့တယ္ဗ်ာ"ဟု မႈခင္းျဖစ္ပြားမႈအား သြားေရာက္ႀကည့္ရွဳခဲ့သူ တစ္ဦးက ေျပာသည္။

မႈခင္းျဖစ္ပြားမႈႏွင့္ပတ္သက္၍ ဖခင္အား သတ္ျဖတ္သူ လီဖာကို ၀မ္ပံုနယ္ေျမရဲစခန္းမွ (ပ)၁၄/၂၀၁၆ ရာဇသတ္ႀကီးပုဒ္မ (၃၀၂)ျဖင့္ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

သတင္း - ‪#‎ကိုဇက္‬
.................

သားအဖနှစ်ဦး စကားများရန်ဖြစ်ရာမှ သားဖြစ်သူက အဖဖြေစ်သူအား ဦးခေါင်းကို ဓားဖြင့်လှီးဖြတ်ကာ သတ်ဖြတ်မှုတစ်ခု တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်(အာခါ)ကျေးရွာတွင် သြဂုတ်လ(၁၉)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသတ်ခံရသူ ဦးအားဖာမှာ ဝှေလေလန်ရှိ အလုပ်ရှင်တစ်ဦး၏ ခြံဝန်းအတွင်း ညအိပ်စောင့်ရာမှ နေအိမ်သို့ပြန်လာစဉ် သားဖြစ်သူမှာ နေအိမ်အားမီးရှို့သဖြင့် ရေနှင့်ပက်ဖျန်းငြှိမ်းသတ်ရာ သားအဖနှစ်ဦး စကားများပြီး သားဖြစ်သူမှာ နေအိမ်မှ ထွက်ခွာသွားခဲ့ကြောင်း၊၎င်းနောက် ဖခင်ဖြစ်သူ ဦးအားဖာမှာ သားအဖနှစ်ဦး စားသုံးရန် ထမင်းဟင်းများချက်ပြုတ်ပြီး စားသောက်နေစဉ် သားဖြစ်သူမှ တောင်ယာခုတ်သည့် ဓားဖြင့် ဖခင်၏ ဦးခေါင်းအား ခုတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသတ်ခံရသည့် ဦးအားဖာနှင့် အိမ်ချင်းကပ်လျှက်နေထိုင်သည့် ကျေးရွာသူကြီးဖြစ်သူ ဦးဂျူးဘီမှာ ဘေးအိမ်မှ ထုရိုက်သံကြားသဖြင့် တဲတံခါးအား တွန်းဖွင့်၍ ကြည့်ရှုရာ ဖခင်ဖြစ်သူအား ပက်လက် အနေအထားဖြင့် သားဖြစ်သူမှ ခုတ်ဖြတ်နေသည်ကိုတွေ့ရှိရသဖြင့် ဝှေလေလန်ပူးပေါင်းဂိတ်သို့ သွားရောက် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"သားဖြစ်သူက အဖဖြေစ်သူကို ခေါင်းတခြား ကိုယ်တခြားဖြစ်အောင် ခုတ်ဖြတ်ထားတာဗျ။ ဒါမျိုးတစ်သက်နဲ့တစ်ကိုယ် မမြင်ဖူးဘူး၊ ဒါမျိုးဖြစ်တာ အငြှိုးအတေးကြောင့်ဖြစ်တာဘဲကြားဖူးတယ်။ အခုက အဖေအရင်းကို ခေါင်းတခြား ကိုယ်တခြားဖြစ်အောင် သတ်တာ မြင်ဖူးမှ ယုံတော့တယ်ဗျာ"ဟု မှုခင်းဖြစ်ပွားမှုအား သွားရောက်ကြည့်ရှုခဲ့သူ တစ်ဦးက ပြောသည်။

မှုခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ ဖခင်အား သတ်ဖြတ်သူ လီဖာကို ဝမ်ပုံနယ်မြေရဲစခန်းမှ (ပ)၁၄/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

သတင်း - ‪#‎ကိုဇက်‬

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~