ေရွးေဟာင္းၿမိဳ႕ႏွင့္ ကပ္ေနသည့္ အထပ္ျမင့္အေဆာက္အဦမ်ားအား ၿဖိဳခ်

ေရွးေဟာင္းၿမိဳ႕ႏွင့္ ကပ္ေနသည့္ အထပ္ျမင့္အေဆာက္အဦမ်ားအား ၿဖိဳခ်
သြဂုတ် 8, 2016
By Tachileik News Agency
တရုတ္ႏုိင္ငံအေနာက္ေျမာက္ပိုင္း ရွန္ဇီၿမိဳ႕က ေရွးေဟာင္းၿမိဳ႕အနီးမွာ တည္ရိွေနတဲ့ ေပ (၃၀၀)နီးပါးျမင့္တဲ့ အေဆာက္အဦေတြကို ၾသဂုတ္လ (၈)ရက္ေန႔မွာ ၿဖိဳခ်ပစ္လိုက္ပါတယ္။
ဒီအထပ္ျမင့္ အေဆာက္အဦေတြဟာ ေရွးေဟာင္း ယဥ္ေက်းမႈအေမြအႏွစ္ ေဒသျပန္လည္ျပဳျပင္ ထိန္းသိမ္းေရး လုပ္ငန္းရဲ႕ အနီးအနားမွာ
တည္ရိွေနတာေၾကာင့္ အျငင္းပြားဖြယ္ေတြျဖစ္ေနရတာပါ။ ဒါေၾကာင့္လည္း ေဒသအာဏာပိုင္ေတြက ဒီအထပ္ျမင့္အေဆာက္အဦေတြကို ၿဖိဳခ်ပစ္ဖို႔ ဆံုးျဖတ္လိုက္္တာပါ။
ဒီအေဆာက္အဦေတြကို ေဖာက္ခြဲၿပီးၿဖိဳခ်လိုက္တဲ့အတြက္ ထြက္ေပၚလာတဲ့ အမႈန္ေတြဟာ ေဘးပတ္ဝန္းက်င္ အနီးတစ္ဝိုက္က ေရွးေဟာင္းၿမိဳ႕ အေဆာက္အဦေတြကို ဖံုးလႊမ္းကုန္တာကုိ ျမင္ေတြ႔ရပါတယ္။
ဘာသာျပန္ - ‪#‎ဇာႏွင္းထိုက္‬
Ref; people.cn
...............
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှန်ဇီမြို့က ရှေးဟောင်းမြို့အနီးမှာ တည်ရှိနေတဲ့ ပေ (၃၀၀)နီးပါးမြင့်တဲ့ အဆောက်အဦတွေကို သြဂုတ်လ (၈)ရက်နေ့မှာ ဖြိုချပစ်လိုက်ပါတယ်။
ဒီအထပ်မြင့် အဆောက်အဦတွေဟာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ဒေသပြန်လည်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းရဲ့ အနီးအနားမှာ
တည်ရှိနေတာကြောင့် အငြင်းပွားဖွယ်တွဖြေစ်နေရတာပါ။ ဒါကြောင့်လည်း ဒေသအာဏာပိုင်တွေက ဒီအထပ်မြင့်အဆောက်အဦတွေကို ဖြိုချပစ်ဖို့ ဆုံးဖြတ်လိုက်တာပါ။
ဒီအဆောက်အဦတွေကို ဖောက်ခွဲပြီးဖြိုချလိုက်တဲ့အတွက် ထွက်ပေါ်လာတဲ့ အမှုန်တွေဟာ ဘေးပတ်ဝန်းကျင် အနီးတစ်ဝိုက်က ရှေးဟောင်းမြို့ အဆောက်အဦတွေကို ဖုံးလွှမ်းကုန်တာကို မြင်တွေ့ရပါတယ်။
ဘာသာပြန် - ‪#‎ဇာနှင်းထိုက်‬
Ref; people.cn
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~