ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား အမ်ဳိးသမီးေဘာလံုးၿပိဳင္ပြဲတြင္ အႏိုင္ရ ေက်ာက္မဲေဘာလံုးအသင္းအား ေဒသခံမ်ား ႀကိဳဆို

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား အမ်ဳိးသမီးေဘာလံုးၿပိဳင္ပြဲတြင္ အႏိုင္ရ ေက်ာက္မဲေဘာလံုးအသင္းအား ေဒသခံမ်ား ႀကိဳဆို
သြဂုတ် 3, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား အမ်ဳိးသမီးေဘာလံုးၿပိဳင္ပြဲတြင္ အႏိုင္ရရွိခ့ဲသည့္ ေက်ာက္မဲကိုယ္စားျပဳ ေဘာလံုးအသင္းအား ၿမိဳ႕သူၿမိဳ႕သားမ်ားမွ ယေန႔ ၾသဂုတ္လ(၃)ရက္ေန႔ နံနက္က ဝိုင္းဝန္းႀကိဳဆိုခ့ဲေၾကာင္း သိရသည္။

ၿပိဳင္ဘက္ လားရႈိးအမ်ဳိးသမီး ေဘာလံုးအသင္းအား ဂိုးျပတ္ျဖင့္ အႏိုင္ယူႏိုင္ခ့ဲသည့္အတြက္ ပထမဆု ရရွိခဲ့ျခင္းေၾကာင့္ ေက်ာက္မဲၿမိဳ႕ရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ဆရာ၊ ဆရာမမ်ားႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားက ဂုဏ္ယူေစာင့္ႀကိဳခ့ဲျခင္းျဖစ္သည္။

"အရမ္းေပ်ာ္တယ္ ကိုယ့္ၿမိဳ႕ရဲ႕အသင္းက ႏိုင္ခ့ဲတ့ဲအတြက္ အ့ဲလိုပထမဆုနဲ႕ျပန္လာခ့ဲတ့ဲအတြက္ ဝမ္းသာဂုဏ္ယူတယ္ ပီတိျဖစ္တယ္´´ ဟု ေက်ာက္မဲၿမိဳ႕ ၿမိဳ႕အဝင္မုခ္ဦးတြင္ သြားေရာက္ေစာင့္ႀကိဳေနခ့ဲသူမ်ားထဲမွ အမိ်ဳးသမီးငယ္တစ္ဦးက ေျပာသည္။

ႀကိဳဆိုေနၾကသည့္ အဖြဲ႕မ်ားတြင္ တိုင္းရင္းသားတီးဝိုင္းႏွင့္ ဘင္ခရာတီးဝိုင္းမ်ားပါဝင္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - #ေနၿဖဳိးျမင့္
................

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကျောက်မဲကိုယ်စားပြု ဘောလုံးအသင်းအား မြို့သူမြို့သားများမှ ယနေ့ သြဂုတ်လ(၃)ရက်နေ့ နံနက်က ဝိုင်းဝန်းကြိုဆိုခဲ့ကြောင်း သိရသည်။

ပြိုင်ဘက် လားရှိုးအမျိုးသမီး ဘောလုံးအသင်းအား ဂိုးပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့သည့်အတွက် ပထမဆု ရရှိခဲ့ခြင်းကြောင့် ကျောက်မဲမြို့ရှိ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် မြို့မိမြို့ဖများက ဂုဏ်ယူစောင့်ကြိုခဲ့ခြင်းဖြစ်သည်။

"အရမ်းပျော်တယ် ကိုယ့်မြို့ရဲ့အသင်းက နိုင်ခဲ့တဲ့အတွက် အဲ့လိုပထမဆုနဲ့ပြန်လာခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူတယ် ပီတိဖြစ်တယ်´´ ဟု ကျောက်မဲမြို့ မြို့အဝင်မုခ်ဦးတွင် သွားရောက်စောင့်ကြိုနေခဲ့သူများထဲမှ အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

ကြိုဆိုနကြေသည့် အဖွဲ့များတွင် တိုင်းရင်းသားတီးဝိုင်းနှင့် ဘင်ခရာတီးဝိုင်းများပါဝင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #နဖြေိုးမြင့်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net