ေက်ာက္မဲၿမိဳ႕တြင္ ညအခ်ိန္ ဆြဲႀကိဳးျဖတ္ေျပးမႈႏွင့္ အုပ္စုဖြဲ႕ရမ္းကားမႈ သတင္းထြက္ေသာ္လည္း တိုင္ၾကားသူမရိွ

ေက်ာက္မဲၿမိဳ႕တြင္ ညအခ်ိန္ ဆြဲႀကိဳးျဖတ္ေျပးမႈႏွင့္ အုပ္စုဖြဲ႕ရမ္းကားမႈ သတင္းထြက္ေသာ္လည္း တိုင္ၾကားသူမရိွ
သြဂုတ် 13, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕နယ္အတြင္း ညအခ်ိန္ဆြဲႀကိဳးျဖတ္ေျပးျခင္းႏွင့္ အုပ္စုဖြဲ႕ရမ္းကားမႈမ်ား ျဖစ္ ေပၚေနေၾကာင္း ေကာလာဟလမ်ား ထြက္ေနေသာ္လည္း လက္ရိွအခ်ိန္ထိ ေက်ာက္မဲၿမိဳ႕မရဲစခန္းသို႔ လာေရာက္တုိင္တန္းမွႈ မရိွေသးေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရသည္။

“၂၀၁၅ ခုႏွစ္တုန္းကေတာ့ အဲဒီလိုဆိုင္ကယ္လုတာမ်ိဳးရွိတယ္။ မိလည္းမိပါတယ္။ အခုေတာင္ ေထာင္က်ေနပါၿပီ။ ဒီႏွစ္ထဲမွာေတာ့ လာတိုင္တာလည္း မရွိေသးဘူး။ ကၽြန္ေတာ္တို႔လည္း နယ္ထိန္းအဖြဲ႕ေတြနဲ႕ ညဦးပိုင္း (ယူနီေဖာင္းနဲ႕ရဲကားနဲ႔) လွည့္ကင္းေတြ၊ ပုန္းကင္းေတြအျပင္ ေန႔ခင္းဘက္ေတာင္ အရပ္ဝတ္နဲ႔ ေစာင့္ၾကည့္တာေတြ အၿမဲတမ္း လုပ္ေနတာပါ။ ခုၾကားေနတာေတြက ေကာလာဟလေတြျဖစ္မွာပါ”ဟု ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ ရဲအုပ္မင္းမင္းက ေျပာသည္။

လတ္တေလာတြင္ အဆိုပါေကာလာဟလမ်ား ထြက္ေပၚေနသည့္အတြက္ ၿမိဳ႕ေနျပည္သူအခ်ိဳ႕ စိုးရိမ္မႈမ်ားရွိေနေၾကာင္း သိရသည္။

“ကၽြန္ေတာ့္အလုပ္ကလည္း ညဘက္မိုးခ်ဳပ္မွ ျပန္ရတာ။ အဲဒီလိုသတင္းေတြၾကားေတာ့ နည္းနည္းေတာ့ သတိထားရတာေပါ့။ ႀကံဳေတာ့ မႀကံဳဖူးေသးဘူး။” ဟု ေက်ာက္မဲေဒသခံျဖစ္သူ ကိုဦးက ေျပာသည္။

သတင္း - ေနၿဖဳိးျမင့္

............

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်း ညအချိန်ဆွဲကြိုးဖြတ်ပြေးခြင်းနှင့် အုပ်စုဖွဲ့ရမ်းကားမှုများ ဖြစ် ပေါ်နေကြောင်း ကောလာဟလများ ထွက်နေသော်လည်း လက်ရှိအချိန်ထိ ကျောက်မဲမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းမှု မရှိသေးကြောင်း မြို့မရဲစခန်းမှ သိရသည်။

“၂၀၁၅ ခုနှစ်တုန်းကတော့ အဲဒီလိုဆိုင်ကယ်လုတာမျိုးရှိတယ်။ မိလည်းမိပါတယ်။ အခုတောင် ထောင်ကျနေပါပြီ။ ဒီနှစ်ထဲမှာတော့ လာတိုင်တာလည်း မရှိသေးဘူး။ ကျွန်တော်တို့လည်း နယ်ထိန်းအဖွဲ့တွေနဲ့ ညဦးပိုင်း (ယူနီဖောင်းနဲ့ရဲကားနဲ့) လှည့်ကင်းတွေ၊ ပုန်းကင်းတွေအပြင် နေ့ခင်းဘက်တောင် အရပ်ဝတ်နဲ့ စောင့်ကြည့်တာတွေ အမြဲတမ်း လုပ်နေတာပါ။ ခုကြားနေတာတွေက ကောလာဟလတွဖြေစ်မှာပါ”ဟု ကျောက်မဲမြို့မရဲစခန်းမှ ရဲအုပ်မင်းမင်းက ပြောသည်။

လတ်တလောတွင် အဆိုပါကောလာဟလများ ထွက်ပေါ်နေသည့်အတွက် မြို့နပြေည်သူအချို့ စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

“ကျွန်တော့်အလုပ်ကလည်း ညဘက်မိုးချုပ်မှ ပြန်ရတာ။ အဲဒီလိုသတင်းတွကြေားတော့ နည်းနည်းတော့ သတိထားရတာပေါ့။ ကြုံတော့ မကြုံဖူးသေးဘူး။” ဟု ကျောက်မဲဒေသခံဖြစ်သူ ကိုဦးက ပြောသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net