နိုင်ငံခြားသားခရီးသွား ဝန်ဆောင်မှုပေးနေသည့် မော်တော်ယာဉ်များ လုပ်ငန်းလိုင်စင် လျှောက်ထားရန်လိုအပ်
နိုင်ငံခြားသားခရီးသွား ဝန်ဆောင်မှုပေးနေသည့် မော်တော်ယာဉ်များ လုပ်ငန်းလိုင်စင် လျှောက်ထားရန်လိုအပ်
သွဂုတျ 25, 2016
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း နိုင်ငံခြားသားများအား ခရီးသွားလာရေး ၀န်ဆောင်မှုပေးနေသော မော်တော်ယာဉ်အနေဖြင့် လုပ်ငန်းလိုင်စင်များ လျှောက်ထားကြရန် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားလိုက်သည်။
မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်း လိုင်စင် ချပေးနေခြင်းဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည်များ ခရီးသွားလာရေးအတွက် ၀န်ဆောင်မှုပေးနေသော မော်တော်ယာဉ်များအား အပြာရောင်နံပါတ်ပြားဖြင့် သတ်မှတ်ပေးထားခြင်းဖြစ်သည်။
ကမ္ဘာလှည့်ခရီးသည်များ မော်တော်ယာဉ်ဖြင့် နိုင်ငံဖြတ်ကျော် ၀င်ရောက်လည်ပတ်သည့်(Caravan Tour)ခရီးစဉ်များ အတွက်ကိုလည်း သက်ဆိုင်ရာ ခရီးသွားလာရေး ကုမ္ပဏီများမှ တစ်ဆင့် တင်ပြလာမှုများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးလျှက်ရှိပြီး၊ အထူးခရီးစဉ် မဟုတ်သည့် နယ်စပ်ဒေသနှင့် နိုင်ငံအတွင်းပိုင်းသို့ ၀င်ရောက် လည်ပတ်သည့် နိုင်ငံခြားခရီးသည်များအား ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီများ အနေဖြင့် နိုင်ငံခြားသားခရီးသည် ပို့ဆောင်ရေး လုပ်ငန်းလိုင်စင်ရှိသည့် နံပါတ်အပြာပါ မော်တော်ယာဉ်များကိုသာ အသုံးပြုရမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားထားခြင်းဖြစ်သည်။
သတင်း - #ကိုဇက်
..............
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း နိုင်ငံခြားသားများအား ခရီးသွားလာရေး ဝန်ဆောင်မှုပေးနေသော မော်တော်ယာဉ်အနဖြေင့် လုပ်ငန်းလိုင်စင်များ လျှောက်ထားကြရန် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားလိုက်သည်။
"နိုင်ငံခြားသားခရီးသည်တွေကို နိုင်ငံအတွင်း ခရီးသွားလာဖို့အတွက် မော်တော်ယာဉ်လိုင်စင် လုပ်မယ်ဆိုရင် ပထမဆုံး ကျွန်တော်တို့ဌာနကို အကြောင်းကြားရတယ်။ ဒါကို ကျွန်တော်တို့က နိုင်ငံခြားသား အတွက် စံချိန်စံညွှန်းပြည့်မပြည့် စိစစ်ပြီး က.ည.နကို ပို့ပေးရတယ်။ ဒီကနေ ကျွန်တော်တို့မှာ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းဖြည့်ပြီး နပြေည်တော်ကို တင်ပြပေးရတယ်"ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(တာချီလိတ်ရုံးခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း လိုင်စင် စစ်ဆေးခြင်းကို အောက်တိုဘာလ (၁)ရက်၌ စတင်မည်ဖြစ်သဖြင့် နိုင်ငံခြားသားများအား ဒေသတွင်း ခရီးသွားလာရေးအတွက် ဝန်ဆောင်မှုပေးနေသည့် မော်တော်ယာဉ် လိုင်စင်(နံပါတ်ပြားအပြာ)များ လျှောက်ထားရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကမာ္ဘလှည့်ခရီးသွားလုပ်ငန်း စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်း လိုင်စင် ချပေးနခြေင်းဖြစ်ပြီး ကမာ္ဘလှည့် ခရီးသည်များ ခရီးသွားလာရေးအတွက် ဝန်ဆောင်မှုပေးနေသော မော်တော်ယာဉ်များအား အပြာရောင်နံပါတ်ပြားဖြင့် သတ်မှတ်ပေးထားခြင်းဖြစ်သည်။
ကမာ္ဘလှည့်ခရီးသည်များ မော်တော်ယာဉ်ဖြင့် နိုင်ငံဖြတ်ကျော် ဝင်ရောက်လည်ပတ်သည့်(Caravan Tour)ခရီးစဉ်များ အတွက်ကိုလည်း သက်ဆိုင်ရာ ခရီးသွားလာရေး ကုမ္ပဏီများမှ တစ်ဆင့် တင်ပြလာမှုများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးလျှက်ရှိပြီး၊ အထူးခရီးစဉ် မဟုတ်သည့် နယ်စပ်ဒေသနှင့် နိုင်ငံအတွင်းပိုင်းသို့ ဝင်ရောက် လည်ပတ်သည့် နိုင်ငံခြားခရီးသည်များအား ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ အနဖြေင့် နိုင်ငံခြားသားခရီးသည် ပို့ဆောင်ရေး လုပ်ငန်းလိုင်စင်ရှိသည့် နံပါတ်အပြာပါ မော်တော်ယာဉ်များကိုသာ အသုံးပြုရမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားထားခြင်းဖြစ်သည်။
သတင်း - #ကိုဇက်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~