၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္အတြင္း အခြန္ (၄)မ်ိဳးမွ က်ပ္သန္းေပါင္း တစ္ေသာင္းေက်ာ္ရရိွရန္ တာခ်ီလိတ္၌ လ်ာထား

၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္အတြင္း အခြန္ (၄)မ်ိဳးမွ က်ပ္သန္းေပါင္း တစ္ေသာင္းေက်ာ္ရရိွရန္ တာခ်ီလိတ္၌ လ်ာထား
သြဂုတ် 9, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၿမိဳ႕နယ္ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ  ၂၀၁၆-၂၁၀၇ ဘ႑ာႏွစ္အတြက္ အခြန္(၄)မ်ိဳးမွေကာက္ခံရန္ လ်ာထားခ်က္မွာ က်ပ္သန္း (၁၂၄၁၆.၇၀၀) ရွိေၾကာင္း သိရသည္။

ယခုဘ႑ာႏွစ္အတြက္ အခြန္အမ်ိဳးအစား(၅)မ်ိဳးမွ ေကာက္ခံမည္ျဖစ္ရာ ကုန္သြယ္လုပ္ငန္းခြန္မွ က်ပ္သန္း(၆၅၀၀.၀၀)၊ ၀င္ေငြခြန္မွ က်ပ္သန္း (၅၇၀၀.၀၀)၊ တံဆိပ္ေခါင္းခြန္မွ က်ပ္သန္း (၂၀၀.၄၀၀)၊ ေအာင္ဘာေလသိန္းဆုခြန္မွ က်ပ္သန္း (၁၆.၃၀၀)တို႔ အသီးသီးလ်ာထားၿပီးျဖစ္ေသာ္လည္း အထူး ကုန္စည္ခြန္မွ လ်ာထားခ်က္ကို မတြက္ခ်က္ရေသးေၾကာင္း သိရသည္။

အထူးကုန္စည္ခြန္ဥပေဒကို ျပည္ေထာင္စုလႊတ္ေတာ္မွ ၂၀၁၆ ဇန္န၀ါရီလ (၁၈)ရက္ေန႔တြင္  ဥပေဒသစ္ ျပ႒ာန္းခဲ့ျခင္းျဖစ္သည့္အတြက္ အခြန္ႏႈန္းထား လ်ာထားတြက္ခ်က္ေနဆဲျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဘ႑ာႏွစ္က တာခ်ီလိတ္ၿမိဳ႕နယ္အခြန္ဦးစီးဌာနအေနျဖင့္ လ်ာထားခ်က္၏ (၉၈) ရာခိုင္ႏႈန္းကိုသာ ေကာက္ခံရရိွခဲ့ေသာ္လည္း ယခုဘ႑ာႏွစ္တြင္ ရာႏႈန္းျပည့္ ေကာက္ခံရရိွေရး လုပ္ေဆာင္ေနေၾကာင္း သိရသည္။

"အရင္ႏွစ္က လ်ာထားခ်က္ထက္ ေကာက္ခံရရိွတာက နည္းနည္း ေလ်ာ့နည္းတယ္။ (၉၈)ရာခိုင္ႏႈန္းေလာက္ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ ရာႏႈန္းျပည့္လုပ္ေဆာင္ႏိုင္ဖို႔ ေမွ်ာ္မွန္း ထားပါတယ္။ အဲဒါေၾကာင့္ မျဖစ္ျဖစ္ေအာင္ သတၱဳလုပ္ငန္းရွင္ေတြ ၊ စားေသာက္ကုန္ လုပ္ငန္းရွင္ေတြနဲ႔ေတြ႕တာတို႔၊ ေက်ာင္းေတြမွာ အခြန္ပညာေပးေဟာေျပာပြဲေတြလုပ္တာတို႔ ေဆာင္ရြက္ေနပါတယ္။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးတိုးလႈိင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ၂၀၁၅ -၂၀၁၆ ခု ဘ႑ာေရးႏွစ္ လ်ာထားခ်က္ က်ပ္သန္း(၁၀၂၁၀.၇၀၀)တြင္ က်ပ္သန္း(၉၈၀၆.၀၉၈)ကို ေကာက္ခံရရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ၂၀၁၆-၂၁၀၇ ခု ဘ႑ာႏွစ္အတြက္ တစ္ႏုိင္ငံလံုး လ်ာထားသည့္ အခြန္ပမာဏမွာ က်ပ္သန္းေပါင္း(၄,၆၆၈,၀၇၄.၃၉၀)ျဖစ္ၿပီး  အခြန္အေကာက္ပမာဏ၏ (၇၅)ရာခိုင္ႏႈန္းရရိွေအာင္ ေကာက္ခံေပးရမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေဇာင္းညီ

...............
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၁၆-၂၁၀၇ ဘဏ္ဍာနှစ်အတွက် အခွန်(၄)မျိုးမှကောက်ခံရန် လျာထားချက်မှာ ကျပ်သန်း (၁၂၄၁၆.၇၀၀) ရှိကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်အတွက် အခွန်အမျိုးအစား(၅)မျိုးမှ ကောက်ခံမည်ဖြစ်ရာ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ်သန်း(၆၅၀၀.ဝဝ)၊ ဝင်ငွေခွန်မှ ကျပ်သန်း (၅၇၀၀.ဝဝ)၊ တံဆိပ်ခေါင်းခွန်မှ ကျပ်သန်း (၂၀၀.၄၀၀)၊ အောင်ဘာလေသိန်းဆုခွန်မှ ကျပ်သန်း (၁၆.၃၀၀)တို့ အသီးသီးလျာထားပြီးဖြစ်သော်လည်း အထူး ကုန်စည်ခွန်မှ လျာထားချက်ကို မတွက်ချက်ရသေးကြောင်း သိရသည်။
အထူးကုန်စည်ခွန်ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၆ ဇန်နဝါရီလ (၁၈)ရက်နေ့တွင် ဥပဒေသစ် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည့်အတွက် အခွန်နှုန်းထား လျာထားတွက်ချက်နေဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်က တာချီလိတ်မြို့နယ်အခွန်ဦးစီးဌာနအနဖြေင့် လျာထားချက်၏ (၉၈) ရာခိုင်နှုန်းကိုသာ ကောက်ခံရရှိခဲ့သော်လည်း ယခုဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့် ကောက်ခံရရှိရေး လုပ်ဆောင်နေကြောင်း သိရသည်။
"အရင်နှစ်က လျာထားချက်ထက် ကောက်ခံရရှိတာက နည်းနည်း လျော့နည်းတယ်။ (၉၈)ရာခိုင်နှုန်းလောက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ရာနှုန်းပြည့်လုပ်ဆောင်နိုင်ဖို့ မျှော်မှန်း ထားပါတယ်။ အဲဒါကြောင့် မဖြစ်ဖြစ်အောင် သတ္တုလုပ်ငန်းရှင်တွေ၊ စားသောက်ကုန် လုပ်ငန်းရှင်တွေနဲ့တွေ့တာတို့၊ ကျောင်းတွေမှာ အခွန်ပညာပေးဟောပြောပွဲတွေလုပ်တာတို့ ဆောင်ရွက်နေပါတယ်။"ဟု တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးလှိုင်က ပြောသည်။
တာချီလိတ်မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၁၅ -၂၀၁၆ ခု ဘဏ္ဍာရေးနှစ် လျာထားချက် ကျပ်သန်း(၁၀၂၁၀.၇၀၀)တွင် ကျပ်သန်း(၉၈၀၆.ဝ၉၈)ကို ကောက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၁၆-၂၁၀၇ ခု ဘဏ္ဍာနှစ်အတွက် တစ်နိုင်ငံလုံး လျာထားသည့် အခွန်ပမာဏမှာ ကျပ်သန်းပေါင်း(၄,၆၆၈,ဝ၇၄.၃၉၀)ဖြစ်ပြီး အခွန်အကောက်ပမာဏ၏ (၇၅)ရာခိုင်နှုန်းရရှိအောင် ကောက်ခံပေးရမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~