ျပည္ပတင္ပို႔မႈ က်ဆင္းလာေသာေၾကာင့္ ျမန္မာ့ယြန္းထည္ေစ်းကြက္ ခရီးသြားမ်ားကို အားထားေနရ

ျပည္ပတင္ပို႔မႈ က်ဆင္းလာေသာေၾကာင့္ ျမန္မာ့ယြန္းထည္ေစ်းကြက္ ခရီးသြားမ်ားကို အားထားေနရ
သြဂုတ် 13, 2016
By Tachileik News Agency

ျမန္မာ့လက္မႈပစၥည္းျဖစ္သည့္ ယြန္းထည္ကို ျပည္ပတင္ပို႔မႈ က်ဆင္းလာေသာေၾကာင့္ ခရီးသြား က႑ကိုသာ မွီခိုေနရေသာ္လည္း ခရီးသြားလုပ္ငန္းဖြံ႔ၿဖိဳးလာသည့္အတြက္ ေစ်းကြက္ ေကာင္းမြန္လာေၾကာင္း ယြန္းထည္လုပ္ငန္း လုပ္ကိုင္သူမ်ားထံမွ သိရသည္။

“ျပည္ပတင္ပို႔မႈကေတာ့ နည္းသြားတယ္ဆိုေပမဲ့ ခရီးသြားလုပ္ငန္းေလးေကာင္းလာေတာ့ ေစ်းကြက္ေတာ့ ပ်က္မသြားဘူး။ ယြန္းထည္လုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ဆိုရင္ေတာ့ ေစ်းကြက္ေကာင္းမွရမွာ။  ခရီးသြား က႑ကလည္း လက္ရွိအခ်ိန္မွာ ေကာင္းေနတယ္။ ေနာက္ႏွစ္လည္း ဆက္ေကာင္းေနမယ္လို႔ ခန္႔မွန္းထားတယ္။ ယြန္းထည္ပစၥည္းေတြအေပၚ ႏုိင္ငံျခားသား စိတ္၀င္စားမႈလည္း တျဖည္းျဖည္း ျမင့္တက္ လာပါတယ္။”ဟု ယြန္းထည္လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

ျမန္မာႏိုင္ငံအတြင္း ယြန္းထည္လုပ္ငန္း လုပ္ကိုင္သည့္ ေဒသမ်ားအနက္ ပုဂံေဒသတြင္သာ ရိုးရာကို ဆက္လက္ ထိန္းသိမ္းလုပ္ကိုင္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ေနာက္ပိုင္းမွာ ယြန္းထည္လုပ္ငန္းကို ဆက္လက္လုပ္ကိုင္မယ့္ မ်ိဳးဆက္ေတြလိုအပ္တယ္။ အခုလည္း မ်ိဳးဆက္သစ္ေတြကို လက္ဆင့္ကမ္း သင္ၾကားေပးေနပါတယ္။ တခ်ိဳ႕လည္း မိဘအေမြ ရိုးရာမို႔သာ လုပ္ကိုင္ေနၾကေပမဲ့ ေစ်းကြက္ေအးေတာ့ မလုပ္ခ်င္ၾကဘူး။ ေစ်းကေတာ့ ျပည္ပခရီးသြားေတြလာတဲ့ ေအာက္တိုဘာလကေန ေဖေဖာ္၀ါရီလအထိေတာ့ ေရာင္းေကာင္းပါတယ္။ ျပည္တြင္းကေတာ့ ၀ယ္တာနည္း ပါတယ္။ ဘုရားဖူးလာရင္လည္း အမွတ္တရနည္းနည္းေလာက္ပဲ၀ယ္တယ္။” ဟု ကိုေက်ာ္က ဆိုသည္။

ယခင္က က်ိဳင္းတံု၊ အင္း၀ေဒသမ်ားတြင္ ယြန္းထည္မ်ား က်ယ္က်ယ္ျပန္႔ျပန္႔ ထုတ္လုပ္ခဲ့ၾကေသာ္လည္း လက္ရွိတြင္ ယြန္းထည္လုပ္ငန္းမွာ  ပုဂံၿမိဳ႕တြင္သာ ရိွေတာ့ေၾကာင္း သိရသည္။

ျမန္မာ့ယြန္းထည္လုပ္ငန္းမွ ယြန္းထည္အမ်ိဳးအစား (၁၀၀) ေက်ာ္ ထုတ္လုပ္ေရာင္းခ်လွ်က္ရွိၿပီး ျပင္သစ္၊ စပိန္၊ အီတလီ၊ ဂ်ာမနီ၊ အေမရိကန္စသည့္ ႏိုင္ငံမ်ားမွ ဝယ္ယူမႈမ်ားၿပီး အာရွႏိုင္ငံမ်ားတြင္ ဟိုတယ္တခ်ိဳ႕တြင္ အလွဆင္ရန္သာ ၀ယ္ယူၾကေၾကာင္းသိရသည္။

သတင္း - ေရႊေဇာ္
**********

 မြန်မာ့လက်မှုပစ္စည်းဖြစ်သည့် ယွန်းထည်ကို ပြည်ပတင်ပို့မှု ကျဆင်းလာသောကြောင့် ခရီးသွား ကဏ္ဍကိုသာ မှီခိုနေရသော်လည်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာသည့်အတွက် ဈေးကွက် ကောင်းမွန်လာကြောင်း ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

“ပြည်ပတင်ပို့မှုကတော့ နည်းသွားတယ်ဆိုပေမဲ့ ခရီးသွားလုပ်ငန်းလေးကောင်းလာတော့ ဈေးကွက်တော့ ပျက်မသွားဘူး။ ယွန်းထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင်တော့ ဈေးကွက်ကောင်းမှရမှာ။ ခရီးသွား ကဏ္ဍကလည်း လက်ရှိအချိန်မှာ ကောင်းနေတယ်။ နောက်နှစ်လည်း ဆက်ကောင်းနေမယ်လို့ ခန့်မှန်းထားတယ်။ ယွန်းထည်ပစ္စည်းတွေအပေါ် နိုင်ငံခြားသား စိတ်ဝင်စားမှုလည်း တဖြည်းဖြည်း မြင့်တက် လာပါတယ်။”ဟု ယွန်းထည်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်း ယွန်းထည်လုပ်ငန်း လုပ်ကိုင်သည့် ဒေသများအနက် ပုဂံဒေသတွင်သာ ရိုးရာကို ဆက်လက် ထိန်းသိမ်းလုပ်ကိုင်နကြခြေင်းဖြစ်ကြောင်း သိရသည်။

“နောက်ပိုင်းမှာ ယွန်းထည်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်မယ့် မျိုးဆက်တွေလိုအပ်တယ်။ အခုလည်း မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်း သင်ကြားပေးနေပါတယ်။ တချို့လည်း မိဘအမွေ ရိုးရာမို့သာ လုပ်ကိုင်နကြေပေမဲ့ ဈေးကွက်အေးတော့ မလုပ်ချင်ကြဘူး။ ဈေးကတော့ ပြည်ပခရီးသွားတွေလာတဲ့ အောက်တိုဘာလကနေ ဖေဖော်ဝါရီလအထိတော့ ရောင်းကောင်းပါတယ်။ ပြည်တွင်းကတော့ ဝယ်တာနည်း ပါတယ်။ ဘုရားဖူးလာရင်လည်း အမှတ်တရနည်းနည်းလောက်ပဲဝယ်တယ်။” ဟု ကိုကျော်က ဆိုသည်။

ယခင်က ကျိုင်းတုံ၊ အင်းဝဒေသများတွင် ယွန်းထည်များ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ခဲ့ကြသော်လည်း လက်ရှိတွင် ယွန်းထည်လုပ်ငန်းမှာ ပုဂံမြို့တွင်သာ ရှိတော့ကြောင်း သိရသည်။

မြန်မာ့ယွန်းထည်လုပ်ငန်းမှ ယွန်းထည်အမျိုးအစား (၁၀၀) ကျော် ထုတ်လုပ်ရောင်းချလျှက်ရှိပြီး ပြင်သစ်၊ စပိန်၊ အီတလီ၊ ဂျာမနီ၊ အမေရိကန်စသည့် နိုင်ငံများမှ ဝယ်ယူမှုများပြီး အာရှနိုင်ငံများတွင် ဟိုတယ်တချို့တွင် အလှဆင်ရန်သာ ဝယ်ယူကြကြောင်းသိရသည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ေၾကာ္ျငာ ~~~~~~