ျမန္မာအမ်ိဳးသမီးသတင္းေထာက္မ်ားအၾကား ကြန္ရက္တည္ေဆာက္ျခင္း အလုပ္ရံုေဆြးေႏြးပြဲ ရန္ကုန္တြင္ က်င္းပ

ျမန္မာအမ်ိဳးသမီးသတင္းေထာက္မ်ားအၾကား ကြန္ရက္တည္ေဆာက္ျခင္း အလုပ္ရံုေဆြးေႏြးပြဲ ရန္ကုန္တြင္ က်င္းပ
သြဂုတ် 1, 2016
By Tachileik News Agency

ျမန္မာအမ်ဳိးသမီး သတင္းသမားမ်ားအၾကား ကြန္ရက္တည္ေဆာက္ျခင္းအလုပ္ရံုေဆြးေႏြးပြဲကို ရန္ကုန္ၿမိဳ႕တြင္ ၾသဂုတ္လ (၁) ရက္က Fojo၊ IMF ၏ ပံ့ပိုးကူညီမႈျဖင့္ ျမန္မာအမ်ိဳးသမီး သတင္းေထာက္မ်ား အဖြဲ႕ ျဖစ္ေျမာက္ေရး လုပ္ငန္းအဖြဲ႕မွ ဦးေဆာင္က်င္းပသည္။

အဆိုပါ ေဆြးေႏြးပြဲသို႔ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးမွ အမ်ိဳးသမီးသတင္းေထာက္ (၁၉)ဦးႏွင့္ ရန္ကုန္ၿမိဳ႕မွ အမ်ိဳးသမီးသတင္းေထာက္ (၆၅)ဦး တက္ေရာက္ၾကၿပီး လက္ရိွအမ်ိဳးသမီး သတင္းသမားမ်ား အေနျဖင့္ ရင္ဆိုင္ေနရသည့္ အခက္အခဲမ်ားအား ေျဖရွင္းႏုိင္မည့္ နည္းလမ္းမ်ားကို ေဆြးေႏြးခဲ့ၾကျခင္း ျဖစ္သည္။

"သတင္းေထာက္ အဖြဲ႕အစည္းေတြ အမ်ားႀကီးရိွေပမဲ့ အမ်ိဳးသမီးသတင္းေထာက္ေတြ အခြင့္အေရး၊ အခက္အခဲေတြနဲ႔ ရင္ဆိုင္ရတဲ့အခါ ရပ္တည္ေပးမယ့္အဖြဲ႕မရိွဘူး။ အထူးသျဖင့္ နယ္ေတြမွာဆို အမ်ိဳးသမီးေတြ အေနနဲ႔ သတင္းေထာက္ျဖစ္ခ်င္တယ္ဆိုေပမဲ့ သူတို႔အတြက္ သင္တန္းလိုမ်ိဳး ရႏုိင္ဖို႔၊ ေနာက္ မိန္းကေလးဆိုရင္ ထိကပါး ရိကပါးေျပာခ်င္ၾကတာမ်ိဳးကအစ ဒါေတြဟာ အမ်ိဳးသမီးေတြ အခြင့္အေရး ခ်ိဳးေဖါက္ခံရတာျဖစ္တယ္ဆိုတာ ကိုုယ္တုိင္သိသင့္သလို ဒါမ်ိဳးေတြကို ထုတ္ေဖၚေရးသားဖို႔ အသိပညာေပးမယ့္ အမ်ိဳးသမီးသတင္းအဖြဲ႕ သီးသီးသန္႔သန္႔ရိွသင့္ပါတယ္"ဟု မႏၱေလးၿမိဳ႕မွ အမ်ဳိးသမီးသတင္းသမား တစ္ဦးျဖစ္သူ မသက္စုေအာင္က ေျပာသည္။

ယေန႔ေဆြးေႏြးပြဲမွ ရရိွသည့္ တင္ျပခ်က္မ်ားအား ဦးစားေပးအဆင့္အလိုက္ လုပ္ငန္းအေကာင္အထည္ေဖၚ သြားရန္ႏွင့္ ျမန္မာအမ်ိဳးသမီးသတင္းေထာက္မ်ားအဖြဲ႕ ဖြဲ႕စည္းျခင္းတို႔ကို လုပ္ငန္းအဖြဲ႕မွ ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
.................

မြန်မာအမျိုးသမီး သတင်းသမားများအကြား ကွန်ရက်တည်ဆောက်ခြင်းအလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် သြဂုတ်လ (၁) ရက်က Fojo၊ IMF၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာအမျိုးသမီး သတင်းထောက်များ အဖွဲ့ ဖြစ်မြောက်ရေး လုပ်ငန်းအဖွဲ့မှ ဦးဆောင်ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အမျိုးသမီးသတင်းထောက် (၁၉)ဦးနှင့် ရန်ကုန်မြို့မှ အမျိုးသမီးသတင်းထောက် (၆၅)ဦး တက်ရောက်ကြပြီး လက်ရှိအမျိုးသမီး သတင်းသမားများ အနဖြေင့် ရင်ဆိုင်နေရသည့် အခက်အခဲများအား ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

"သတင်းထောက် အဖွဲ့အစည်းတွေ အများကြီးရှိပေမဲ့ အမျိုးသမီးသတင်းထောက်တွေ အခွင့်အရေး၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ရပ်တည်ပေးမယ့်အဖွဲ့မရှိဘူး။ အထူးသဖြင့် နယ်တွေမှာဆို အမျိုးသမီးတွေ အနေနဲ့ သတင်းထောက်ဖြစ်ချင်တယ်ဆိုပေမဲ့ သူတို့အတွက် သင်တန်းလိုမျိုး ရနိုင်ဖို့၊ နောက် မိန်းကလေးဆိုရင် ထိကပါး ရိကပါးပြောချင်ကြတာမျိုးကအစ ဒါတွေဟာ အမျိုးသမီးတွေ အခွင့်အရေး ချိုးဖောက်ခံရတာဖြစ်တယ်ဆိုတာ ကိုယ်တိုင်သိသင့်သလို ဒါမျိုးတွေကို ထုတ်ဖော်ရေးသားဖို့ အသိပညာပေးမယ့် အမျိုးသမီးသတင်းအဖွဲ့ သီးသီးသန့်သန့်ရှိသင့်ပါတယ်"ဟု မန္တလေးမြို့မှ အမျိုးသမီးသတင်းသမား တစ်ဦးဖြစ်သူ မသက်စုအောင်က ပြောသည်။

ယနေ့ဆွေးနွေးပွဲမှ ရရှိသည့် တင်ပြချက်များအား ဦးစားပေးအဆင့်အလိုက် လုပ်ငန်းအကောင်အထည်ဖော် သွားရန်နှင့် မြန်မာအမျိုးသမီးသတင်းထောက်များအဖွဲ့ ဖွဲ့စည်းခြင်းတို့ကို လုပ်ငန်းအဖွဲ့မှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~