Update News
ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ ယာဉ်များ ဖမ်းဆီးရေးကိစ္စ ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းပြီး ပြည်သူများ နစ်နာမှုမရှိစေရန် ဆောင်ရွက်မည်ဟု ပြည်နယ်အစိုးရဆို
ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များအား ဒေသတွင်း အသုံးပြုမှုများပြီး ကုန်စည် ပို့ဆောင်ရေးတွင်ပါ အသုံးပြုနေသဖြင့် ဖမ်းဆီးလိုက်ပါက ဒေသတွင်းနစ်နာမှုများ ဖြစ်လာမည်ကို ထည့်သွင်းစဉ်းစားသကဲ့သို့ လိုင်စင်မဲ့ ယာဉ်များဖြင့် မော်တော်ယာဉ်တိုက်၍ ထွက်ပြေးမှုများအား ဖော်ထုတ် ရန်ခက်ခဲခြင်းနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် အသုံးပြုနေခြင်းများကိုလည်း ထည့်သွင်းစဉ်းစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။
တစ်နိုင်ငံလုံးမှ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား အခွန်ပေးဆောင်စေပြီး လိုင်စင်ချပေးရန် အစီအစဉ်မရှိဘဲ ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြားခဲ့ပြီးနောက် အချို့မြို့ကြီးများတွင် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးခြင်းကို လုပ်ဆောင်ခဲ့သော်လည်း ရှမ်းပြည်နယ်အတွင်း တောင်ကြီးမြို့နှင့် ကျိုင်းတုံမြို့များတွင်လည်း လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရေးနှင့် ပတ်သက်၍ ပညာပေးကာလအဖြစ် သြဂုတ်လ (၁၅) ရက်အထိ သတ်မှတ်လုပ်ဆောင်နေခြင်းဖြစ်သည်။
သတင်း - ဇောင်းညီ
....................
ရှမ်းပြည်နယ်အတွင်းရှိ လိုင်စင်မဲ့မော်တော်ယာဉ်ဖမ်းဆီးရေးကိစ္စကို ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်း၍ ပြည်သူများ နစ်နာမှုမရှိစေရန်နှင့် တရားဥပဒေစိုးမိုးရေးကို မထိခိုက်စေရန် ထိန်းညှိဆောင်ရွက်သွားမည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
"ကျွန်တော်တို့ ရှမ်းပြည်နယ်အစိုးရအနေနဲ့ လိုင်စင်မဲ့မော်တော်ယာဉ်တွေနဲ့ပတ်သက်ပြီး ဘယ်နေ့ ဘယ်ရက်ဖမ်းပါလို့ ဖမ်းဆီးဖို့အတွက် ညွှန်ကြားထားတာတော့ မရှိပါဘူး။ ဒါပေမဲ့ ဥပဒေက ဥပဒေပဲ။ တရားဥပဒေစိုးမိုးမှု ရှိအောင်တော့ လုပ်ရမှာပေါ့။ ဒါပေမဲ့ ပြည်သူလည်း အထိတ်တလန့် မဖြစ်အောင်၊ နစ်နာမှုမရှိအောင် တရားဥပဒေလည်း စိုးမိုးမှုရှိအောင် ဖမ်းဆီးဖို့ထက် ဘယ်လိုပုံစံသွားမလဲဆိုတာ ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိပါတယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုရေးခွင့်ရှိသူ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောသည်။
ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များအား ဒေသတွင်း အသုံးပြုမှုများပြီး ကုန်စည် ပို့ဆောင်ရေးတွင်ပါ အသုံးပြုနေသဖြင့် ဖမ်းဆီးလိုက်ပါက ဒေသတွင်းနစ်နာမှုများ ဖြစ်လာမည်ကို ထည့်သွင်းစဉ်းစားသကဲ့သို့ လိုင်စင်မဲ့ ယာဉ်များဖြင့် မော်တော်ယာဉ်တိုက်၍ ထွက်ပြေးမှုများအား ဖော်ထုတ် ရန်ခက်ခဲခြင်းနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် အသုံးပြုနခြေင်းများကိုလည်း ထည့်သွင်းစဉ်းစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။
တစ်နိုင်ငံလုံးမှ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား အခွန်ပေးဆောင်စပြေီး လိုင်စင်ချပေးရန် အစီအစဉ်မရှိဘဲ ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအေဝးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ဖြကြေားခဲ့ပြီးနောက် အချို့မြို့ကြီးများတွင် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးခြင်းကို လုပ်ဆောင်ခဲ့သော်လည်း ရှမ်းပြည်နယ်အတွင်း တောင်ကြီးမြို့နှင့် ကျိုင်းတုံမြို့များတွင်လည်း လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရေးနှင့် ပတ်သက်၍ ပညာပေးကာလအဖြစ် သြဂုတ်လ (၁၅) ရက်အထိ သတ်မှတ်လုပ်ဆောင်နခြေင်းဖြစ်သည်။
လိုင်စင်မဲ့မော်တော်ယာဉ်များအား ဖမ်းဆီးရန် ညွှန်ကြားချက်အား အတည်ပြုခြင်း မရှိသေးသော်လည်း အချို့မြို့များတွင် ဖမ်းဆီးမည့် သတင်းများ ထွက်ပေါ်နေကြောင်း ကြားသိရသည်။
သတင်း - ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~
« PREV
NEXT »