ျမန္မာႏိုင္ငံ အေမရိကန္သံရုံးမွ ပထမအတြင္း၀န္ ႏွင့္ အဖြဲ႔အား တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ႏွင့္ အဖြဲ႔မွ လက္ခံေတြ႕ဆံု၊ မူးယစ္ေဆး၀ါးအေၾကာင္း အဓိက ေဆြးေႏြး

ျမန္မာႏိုင္ငံ အေမရိကန္သံရုံးမွ ပထမအတြင္း၀န္ ႏွင့္ အဖြဲ႔အား တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ႏွင့္ အဖြဲ႔မွ လက္ခံေတြ႕ဆံု၊ မူးယစ္ေဆး၀ါးအေၾကာင္း အဓိက ေဆြးေႏြး
သြဂုတ် 29, 2016
By Tachileik News Agency

ျမန္မာႏိုင္ငံ အေမရိကန္သံရုံးမွ ပထမအတြင္း၀န္ ႏွင့္ အဖြဲ႔မွ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ႏွင့္ တာ၀န္ရွိသူမ်ား၊ နယ္စပ္ဆက္ဆံေရးရုံး - Border Liaison Officer(BLO)အဖြဲ႕၀င္တို႔အား ေဒသအတြင္း မူးယစ္ေဆး၀ါးႏွိမ္ႏွင္းေရးလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ၾသဂုတ္လ(၃၀)ရက္ေန႔ နံနက္ပိုင္းက လာေရာက္ေတြ႕ဆံုကာ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေတြ႕ဆံုေဆြးေႏြးပြဲအား တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးရွိ အစည္းအေ၀းခန္းမတြင္ ျပဳလုပ္ၿပီး တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ ခရိုင္အဆင့္ အႀကီးအကဲမ်ား၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ႏွင့္ တာ၀န္ရွိသူမ်ား၊ BLO အဖြဲ႔၀င္မ်ားမွ လက္ခံေတြ႕ဆံုခဲ့ၾကၿပီး လုပ္ငန္းေဆာင္ရြက္ခ်က္မ်ားကို အျပန္အလွန္ေဆြးေႏြးၾကသည္။

ရန္ကုန္ၿမိဳ႕အေျခစိုက္၊ အေမရိကန္သံရုံး ပထမအတြင္း၀န္၊ U.S. Embassy Law Enforcement and Security Section ၏ အရာရွိ မစၥတာ ေဂ်ာ့ရွ္ ေမာရစ္ မွ တာခ်ီလိတ္ခရိုင္ ေဒသအတြင္း ေဆာင္ရြက္ေနသည့္ မူးယစ္ေဆး၀ါး တားဆီးႏွိမ္္နင္းေရး အေျခအေနမ်ား၊ ဥပေဒဆိုင္ရာမ်ား၊ တစ္ဖက္ ထိုင္းႏိုင္ငံႏွင့္ ပူးေပါင္းေဆာင္ရြက္မႈ အေျခအေနမ်ားအား ေမးျမန္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

"ကၽြန္ေတာ့္ အေနနဲ႔ ဒီကိုလာတဲ့ အေၾကာင္းရင္း တစ္ခုကလည္း ဒီေဒသအတြင္းမွာရွိတဲ့ ဌာနဆိုင္ရာေတြအေနနဲ႔ ဘယ္လို လိုအပ္ခ်က္ေတြရွိလဲ ၊ အဲဒီလိုအပ္ခ်က္ေတြကို အေမရိကန္အစိုးရအေနနဲ႔ ဘယ္ေလာက္ထိ၊ ဘယ္ေလာက္အတိုင္းအတာ အထိ ကူညီပံ့ပိုးေပးႏိုင္မလဲဆိုတာေတြ အတြက္ ျဖစ္ပါတယ္။"ဟု မစၥတာ ေဂ်ာ့ရွ္ေမာရစ္က အဆိုပါေဆြးေႏြးပြဲတြင္ ေျပာသည္။

တာခ်ီလိတ္ခရိုင္အတြင္း မူးယစ္ေဆး၀ါးမႈမွာ အမ်ားဆုံးျဖစ္ၿပီး၊ မူးယစ္ေဆး၀ါးတားဆီးႏိွမ္နင္းေရးအတြက္ ေရွာင္တခင္စစ္ေဆးမႈမ်ား၊ စစ္ေဆးေရးဂိတ္မ်ား၊ ဖမ္းဆီးမႈမ်ားကို စီမံခ်က္မ်ားခ်မွတ္ကာ ေဆာင္ရြက္ေနလွ်က္ရွိေသာ္လည္း မူးယစ္ေဆး၀ါးသုံးစြဲသူမ်ားအတြက္ ေဆးျဖတ္လိုသည့္အခါ မူးယစ္ေဆးျဖတ္ေရးစခန္း ေန႔စဥ္အျမဲဖြင့္လွစ္ရန္အတြက္ လိုအပ္ေနလွ်က္ရွိေၾကာင္းကို ေဒသအုပ္ခ်ဳပ္ေရးအႀကီးအကဲမ်ားက ထည့္သြင္းေဆြးေႏြးခဲ့ၾကသည္။

အေမရိကန္သံရုံး ပထမအတြင္း၀န္ႏွင့္အဖြဲ႔သည္ တာခ်ီလိတ္ၿမိဳ႕သို႔ ၾသဂုတ္လ(၂၉) ရက္ေန႔က ေရာက္ရွိလာျခင္း ျဖစ္ၿပီး၊ ေဒသဆိုင္ရာ လုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္၍ သက္ဆိုင္ရာမ်ားႏွင့္ ေတြ႔ဆံုကာ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံ အမေရိကန်သံရုံးမှ ပထမအတွင်းဝန် နှင့် အဖွဲ့မှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများ၊ နယ်စပ်ဆက်ဆံရေးရုံး - Border Liaison Officer(BLO)အဖွဲ့ဝင်တို့အား ဒေသအတွင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ သြဂုတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းက လာရောက်တွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအား တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအေဝးခန်းမတွင် ပြုလုပ်ပြီး တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့် အကြီးအကဲများ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် တာဝန်ရှိသူများ၊ BLO အဖွဲ့ဝင်များမှ လက်ခံတွေ့ဆုံခဲ့ကြပြီး လုပ်ငန်းဆောင်ရွက်ချက်များကို အပြန်အလှန်ဆွေးနွေးကြသည်။

ရန်ကုန်မြို့အခြေစိုက်၊ အမေရိကန်သံရုံး ပထမအတွင်းဝန်၊ U.S. Embassy Law Enforcement and Security Section၏ အရာရှိ မစ္စတာ ဂျော့ရှ် မောရစ် မှ တာချီလိတ်ခရိုင် ဒေသအတွင်း ဆောင်ရွက်နေသည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အခြေအနေများ၊ ဥပဒေဆိုင်ရာများ၊ တစ်ဖက် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

"ကျွန်တော့် အနေနဲ့ ဒီကိုလာတဲ့ အကြောင်းရင်း တစ်ခုကလည်း ဒီဒေသအတွင်းမှာရှိတဲ့ ဌာနဆိုင်ရာတွေအနေနဲ့ ဘယ်လို လိုအပ်ချက်တွေရှိလဲ၊ အဲဒီလိုအပ်ချက်တွေကို အမေရိကန်အစိုးရအနေနဲ့ ဘယ်လောက်ထိ၊ ဘယ်လောက်အတိုင်းအတာ အထိ ကူညီပံ့ပိုးပေးနိုင်မလဲဆိုတာတွေ အတွက် ဖြစ်ပါတယ်။"ဟု မစ္စတာ ဂျော့ရှ်မောရစ်က အဆိုပါဆွေးနွေးပွဲတွင် ပြောသည်။

တာချီလိတ်ခရိုင်အတွင်း မူးယစ်ဆေးဝါးမှုမှာ အများဆုံးဖြစ်ပြီး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် ရှောင်တခင်စစ်ဆေးမှုများ၊ စစ်ဆေးရေးဂိတ်များ၊ ဖမ်းဆီးမှုများကို စီမံချက်များချမှတ်ကာ ဆောင်ရွက်နေလျှက်ရှိသော်လည်း မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ဆေးဖြတ်လိုသည့်အခါ မူးယစ်ဆေးဖြတ်ရေးစခန်း နေ့စဉ်အမြဲဖွင့်လှစ်ရန်အတွက် လိုအပ်နေလျှက်ရှိကြောင်းကို ဒေသအုပ်ချုပ်ရေးအကြီးအကဲများက ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

အမေရိကန်သံရုံး ပထမအတွင်းဝန်နှင့်အဖွဲ့သည် တာချီလိတ်မြို့သို့ သြဂုတ်လ(၂၉) ရက်နေ့က ရောက်ရှိလာခြင်း ဖြစ်ပြီး၊ ဒေသဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာများနှင့် တွေ့ဆုံကာ ဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~