တာခ်ီလိတ္၌ ထိုင္းႏိုင္ငံသား ဆိုင္ကယ္တကၠစီေမာင္းသူ တစ္ဦးအား စစ္ေဆးရာ စိတ္ၾကြေဆးျပား ရွာေဖြေတြ႕ရွိ

တာခ်ီလိတ္၌ ထိုင္းႏိုင္ငံသား ဆိုင္ကယ္တကၠစီေမာင္းသူ တစ္ဦးအား စစ္ေဆးရာ စိတ္ၾကြေဆးျပား ရွာေဖြေတြ႕ရွိ
သြဂုတ် 4, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ အမွတ္(၁) ခ်စ္ၾကည္ေရးတံတားအနီးရွိ အ၀ိုင္းပတ္အနီး၌ ထိုင္းႏိုင္ငံသား တစ္ဦးအား ရပ္တန္႔ စစ္ေဆးရွာေဖြရာမွ စိတ္ၾကြေဆးျပားကို ရွာေဖြေတြ႕ရွိရသည့္အတြက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆး၀ါးအမႈျဖင့္ အမႈဖြင့္လွစ္ထားရွိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္၊ တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႔ ႏွင့္ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတို႔မွ  ရဲတပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ အဖြဲ႔သည္ အမွတ္(၁) ခ်စ္ၾကည္ေရးတံတားအနီးရွိ အ၀ိုင္းပတ္ အနီးတြင္ ၾသဂုတ္လ(၄) နံနက္(၁၀)နာရီေက်ာ္က ပုန္းထြန္ရပ္ကြက္မွ တံတား(၁)ဘက္သို႔ ဆိုင္ကယ္ျဖင့္ ေမာင္းလာသည့္ ထိုင္းဆိုင္ကယ္တကၠစီ(Taxi)ေမာင္းသူထိုင္းႏိုင္ငံသား မစၥတာ က်လန္ေဖာင္း(ခ)သု (Mr.Charamphon Sriwichai)ကို စစ္ေဆးရာမွ စိတ္ၾကြေဆးျပား (၄)ျပားကို ရွာေဖြေတြ႕ရွိရတာျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အဖြဲ႔မွ ထိုင္းႏိုင္ငံသား မစၥတာ က်လန္ေဖာင္း(ခ)သု (Mr.Charamphon Sriwichai)ရွာေဖြရာတြင္ ၎၀တ္ဆင္ထားသည့္ ဂ်င္းေဘာင္းဘီ အေနာက္၀ဲဘက္ အိတ္ကပ္အတြင္းမွ အၾကည္အေရာင္ ပလပ္စတစ္အိတ္ျဖင့္ ထည့္ထားသည့္ Wy စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား (၄)ျပား ႏွင့္ ထိုင္းႏိုင္ငံသားမွတ္ပံုတင္(၁)ခု၊ နယ္စပ္ျဖတ္သန္းခြင့္ စာအုပ္(၁)အုပ္တို႔အား ရွာေဖြေတြ႕ရွိရေၾကာင္း ႏွင့္ စိတ္ၾကြေဆးျပား (၄)ျပား၏ တန္ဖိုးမွာ က်ပ္(၁၀၀၀၀)ခန္႔ ရွိေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားႏွင့္အတူ ဖမ္းဆီးရမိသည့္ ထိုင္းႏိုင္ငံသား မစၥတာ က်လန္ေဖာင္း(ခ)သု (Mr. Charamphon Sriwichai)သည္ မယ္ဆိုင္ၿမိဳ႕ လြယ္ငန္းရပ္ကြက္တြင္ ေနထိုင္သူျဖစ္ၿပီး ဆိုင္ကယ္တကၠစီ(Taxi)ေမာင္းသည့္ အလုပ္ကို လုပ္ကိုင္သူ တစ္ဦးျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသူ အသက္(၃၅)ႏွစ္ရွိ ထိုင္းႏိုင္ငံသား မစၥတာ က်လန္ေဖာင္း(ခ)သု (Mr.Charamphon Sriwichai)အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၆၁/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(ဂ)အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။
...................

တာချီလိတ်မြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားအနီးရှိ အဝိုင်းပတ်အနီး၌ ထိုင်းနိုင်ငံသား တစ်ဦးအား ရပ်တန့် စစ်ဆေးရှာဖွေရာမှ စိတ်ကြွဆေးပြားကို ရှာဖွေတွေ့ရှိရသည့်အတွက် တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးအမှုဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်၊ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့ နှင့် တာချီလိတ်မြို့မ ရဲစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့သည် အမှတ်(၁) ချစ်ကြည်ရေးတံတားအနီးရှိ အဝိုင်းပတ် အနီးတွင် သြဂုတ်လ(၄) နံနက်(၁၀)နာရီကျော်က ပုန်းထွန်ရပ်ကွက်မှ တံတား(၁)ဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းလာသည့် ထိုင်းဆိုင်ကယ်တက္ကစီ(Taxi)မောင်းသူထိုင်းနိုင်ငံသား မစ္စတာ ကျလန်ဖောင်း(ခ)သု (Mr.Charamphon Sriwichai)ကို စစ်ဆေးရာမှ စိတ်ကြွဆေးပြား (၄)ပြားကို ရှာဖွေတွေ့ရှိရတာဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့မှ ထိုင်းနိုင်ငံသား မစ္စတာ ကျလန်ဖောင်း(ခ)သု (Mr.Charamphon Sriwichai)ရှာဖွေရာတွင်၎င်းဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီ အနောက်ဝဲဘက် အိတ်ကပ်အတွင်းမှ အကြည်အရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသည့် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၄)ပြား နှင့် ထိုင်းနိုင်ငံသားမှတ်ပုံတင်(၁)ခု၊ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်(၁)အုပ်တို့အား ရှာဖွေတွေ့ရှိရကြောင်း နှင့် စိတ်ကြွဆေးပြား (၄)ပြား၏ တန်ဖိုးမှာ ကျပ်(၁၀၀၀၀)ခန့် ရှိကြောင်း သိရသည်။

စိတ်ကြွဆေးပြားနှင့်အတူ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား မစ္စတာ ကျလန်ဖောင်း(ခ)သု (Mr. Charamphon Sriwichai)သည် မယ်ဆိုင်မြို့ လွယ်ငန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ဆိုင်ကယ်တက္ကစီ(Taxi)မောင်းသည့် အလုပ်ကို လုပ်ကိုင်သူ တစ်ဦးဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ အသက်(၃၅)နှစ်ရှိ ထိုင်းနိုင်ငံသား မစ္စတာ ကျလန်ဖောင်း(ခ)သု (Mr.Charamphon Sriwichai)အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၆၁/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~