ႏွစ္စဥ္ စုရံုးဆင္ႏႊဲ ေတာင္ၿပံဳးပြဲ

ႏွစ္စဥ္ စုရံုးဆင္ႏႊဲ ေတာင္ၿပံဳးပြဲ
သြဂုတ် 18, 2016
By Tachileik News Agency

မႏၱေလးတိုင္းေဒသႀကီး မတၱရာၿမိဳ႕နယ္အတြင္းမွာရွိတဲ့ ေတာင္ျပံဳးပြဲေတာ္ဟာ ႏွစ္စဥ္ ၀ါေခါင္လဆန္း(၇)ရက္ေန႔ကေန ၀ါေခါင္လျပည့္ေန႔အထိ က်င္းပေလ့ရွိပါတယ္။

ေတာင္းျပံဳးပြဲေတာ္ဆိုတာ အမွန္ေတာ့ သမိုင္း၀င္ အုတ္(၂)ခ်ပ္လပ္ ဆုေတာင္းျပည့္နဲ႔ ဆုေတာင္းရ ဘုရားႀကီးပြဲနဲ႔အတူ ေတာင္းျပံဳးမင္းနတ္ညီေနာင္(၂)ပါးရဲ႕ နတ္ပြဲေတာ္လည္းဟုတ္ပါတယ္။

"ဒီႏွစ္မွာေတာ့ ယခင္ႏွစ္နဲ႔မတူဘဲ ကၽြန္းပင္ေမာင္ႏွမနတ္ပြဲက ေရႀကီးေနတာေၾကာင့္ လူေတြသိပ္မသြားႀကေတာဘဲ့ ေတာင္ျပံဳးပြဲမွာ လူမ်ားေနပါတယ္။ လူေတြကေတာ့ ေန႔တိုင္းပြဲေတာ္ မတိုင္ခင္ကတည္းက စည္ေနၿပီ။ ခ်ိဳးေရေတာ္ သံုးတဲ႔ေန႔ ကဆို လူကိုမတိုးနိုင္ဘူး။"လို႔ ေတာင္ျပံဳးပြဲေတာ္ အတြင္းမွာ ေစ်းေရာင္းခ်ေနတဲ့ ေစ်းသည္တစ္ဦးက ဆိုပါတယ္။

ေတာင္ျပံဳးပြဲေတာ္ကို ျမန္မာႏိုင္ငံအႏွံအျပားက လူေတြလာေရာက္ၾကၿပီး ပြဲေတာ္ရဲ႕ အစည္ကားဆံုး ေန႔ေတြကေတာ့ ေတာင္းျပံဳးမင္းနွစ္ပါး ခ်ိဳးေရေတာ္သံုးေသာေန႔ျဖစ္တဲ့ ၀ါေခါင္လဆန္း (၁၁)ရက္နွင့္ (၁၂)ရက္ေန႔ေတြဘဲျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ႏွစ္တစ္ႏွစ္ရဲ႕ ပထမဆံုး နတ္ပြဲစီစဥ္က်င္းပမႈမွာ ကြ်န္းပင္ေမာင္နွမ နတ္ပြဲျဖစ္ၿပီး ဒီေနာက္မွာေတာ့ ေတာင္ျပံဳးပြဲ၊ ရတနာ့ဂူပြဲ စသည္ျဖင့္ ဆက္တိုက္က်င္းပေလ့ရွိၾကပါတယ္။

သတင္း/ဓာတ္ပံု - ေရႊေဇာ္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းမှာရှိတဲ့ တောင်ပြုံးပွဲတော်ဟာ နှစ်စဉ် ဝါခေါင်လဆန်း(၇)ရက်နေ့ကနေ ဝါခေါင်လပြည့်နေ့အထိ ကျင်းပလေ့ရှိပါတယ်။

တောင်းပြုံးပွဲတော်ဆိုတာ အမှန်တော့ သမိုင်းဝင် အုတ်(၂)ချပ်လပ် ဆုတောင်းပြည့်နဲ့ ဆုတောင်းရ ဘုရားကြီးပွဲနဲ့အတူ တောင်းပြုံးမင်းနတ်ညီနောင်(၂)ပါးရဲ့ နတ်ပွဲတော်လည်းဟုတ်ပါတယ်။

"ဒီနှစ်မှာတော့ ယခင်နှစ်နဲ့မတူဘဲ ကျွန်းပင်မောင်နှမနတ်ပွဲက ရကြေီးနေတာကြောင့် လူတွေသိပ်မသွားကြတောဘဲ့ တောင်ပြုံးပွဲမှာ လူများနေပါတယ်။ လူတွေကတော့ နေ့တိုင်းပွဲတော် မတိုင်ခင်ကတည်းက စည်နပြေီ။ ချိုးရေတော် သုံးတဲ့နေ့ ကဆို လူကိုမတိုးနိုင်ဘူး။"လို့ တောင်ပြုံးပွဲတော် အတွင်းမှာ ဈေးရောင်းချနေတဲ့ ဈေးသည်တစ်ဦးက ဆိုပါတယ်။

တောင်ပြုံးပွဲတော်ကို မြန်မာနိုင်ငံအနှံအပြားက လူတွေလာရောက်ကြပြီး ပွဲတော်ရဲ့ အစည်ကားဆုံး နေ့တွေကတော့ တောင်းပြုံးမင်းနှစ်ပါး ချိုးရေတော်သုံးသောနေ့ဖြစ်တဲ့ ဝါခေါင်လဆန်း (၁၁)ရက်နှင့် (၁၂)ရက်နေ့တွေဘဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နှစ်တစ်နှစ်ရဲ့ ပထမဆုံး နတ်ပွဲစီစဉ်ကျင်းပမှုမှာ ကျွန်းပင်မောင်နှမ နတ်ပွဲဖြစ်ပြီး ဒီနောက်မှာတော့ တောင်ပြုံးပွဲ၊ ရတနာ့ဂူပွဲ စသည်ဖြင့် ဆက်တိုက်ကျင်းပလေ့ရှိကြပါတယ်။

သတင်း/ဓာတ်ပုံ - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~