အမ်ိဳးသားလႊတ္ေတာ္ျပည္သူတို႔၏ တိုင္ၾကားစာဆိုင္ရာေကာ္မတီသို႔ ေတာင္သူမ်ား၏ တိုင္ၾကားစာ တစ္ေသာင္းေက်ာ္ေရာက္ရွိထား

အမ်ိဳးသားလႊတ္ေတာ္ျပည္သူတို႔၏ တိုင္ၾကားစာဆိုင္ရာေကာ္မတီသို႔ ေတာင္သူမ်ား၏ တိုင္ၾကားစာ တစ္ေသာင္းေက်ာ္ေရာက္ရွိထား
သြဂုတ် 28, 2016
By Tachileik News Agency

အမ်ိဳးသားလႊတ္ေတာ္ ျပည္သူတို႔၏ တိုင္ၾကားစာဆိုင္ရာေကာ္မတီသို႔ ေတာင္သူလယ္သမားမ်ား၏ နစ္နာမႈမ်ားအား တိုင္ၾကားလာသည့္ တုိင္ၾကားစာေပါင္းမွာ တစ္ေသာင္းေက်ာ္ခန္႔ ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

"ေတာင္သူလယ္သမားေတြရဲ႕ နစ္နာမႈေတြကို အရင္က က်န္တာနဲ႔ အခု အသစ္တိုင္တာ ေပါင္းရင္ တစ္ေသာင္းေက်ာ္ေတာ့ ရွိတယ္။ လႊတ္ေတာ္တစ္လနားတဲ့ ကာလအတြင္းမွာကို အမ်ားႀကီး ထပ္ပို႔လာတာေတြ႕ရတယ္။ ေကာ္မတီ၀င္တစ္ဦးကို တစ္ရက္ တုိင္စာအေစာင္(၂၀)နဲ႔ (၃၀)ၾကားထဲမွာ ဖတ္ေနရတယ္။ ဖတ္ၿပီးတဲ့စာကို အၾကံျပဳခ်က္နဲ႔ လႊတ္ေတာ္ျပန္ပို႔ေပးရတာေပါ့"ဟု ျပည္သူတို႔၏ တိုင္ၾကားစာဆိုင္ရာ ေကာ္မတီမွ အဖြဲ႕၀င္ျဖစ္သူ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္က ေျပာသည္။

တိုင္ၾကားစာမ်ားတြင္ အမ်ားႏွင့္ဆိုင္ေသာ တိုင္ၾကားစာမ်ားအား အဓိက စိစစ္၍ လႊတ္ေတာ္သို႔ ျပန္လည္ေပးပို႔ကာ တစ္သီးပုဂၢလဆုိင္ေသာ တိုင္ၾကားစာမ်ားအား ဒုတိယအဆင့္တြင္သာ ထားရွိကာ ျပန္လည္စိစစ္ရန္ ျပင္ဆင္ထားေၾကာင္း သိရသည္။

ယခင္ပထမအႀကိမ္ လႊတ္ေတာ္မွ ျပည္ေထာင္စု အစိုးရအဖြဲ႕သို႔ အမႈတြဲေပါင္း (၁၇၄) ခု ေပးပို႔ခဲ့ရာတြင္ (၅၂) ခုသာ ျပန္လည္ အေၾကာင္းၾကားခဲ့ၿပီး၊ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္သို႔ အမႈတြဲ (၄၁) ခု ေပးပို႔ခဲ့ရာ အမႈတြဲ (၃၂) ခု ျပန္ၾကားခဲ့ေၾကာင္း ပထမအႀကိမ္ လႊတ္ေတာ္၏ တိုင္ၾကားစာမ်ား ေကာ္မတီ၏ အစီရင္ခံစာတြင္ ေဖာ္ျပထားေၾကာင္း သိရသည္။

သတင္း - ကိုဇက္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီသို့ တောင်သူလယ်သမားများ၏ နစ်နာမှုများအား တိုင်ကြားလာသည့် တိုင်ကြားစာပေါင်းမှာ တစ်သောင်းကျော်ခန့် ရှိနပြေီဖြစ်ကြောင်း သိရသည်။

"တောင်သူလယ်သမားတွေရဲ့ နစ်နာမှုတွေကို အရင်က ကျန်တာနဲ့ အခု အသစ်တိုင်တာ ပေါင်းရင် တစ်သောင်းကျော်တော့ ရှိတယ်။ လွှတ်တော်တစ်လနားတဲ့ ကာလအတွင်းမှာကို အများကြီး ထပ်ပို့လာတာတွေ့ရတယ်။ ကော်မတီဝင်တစ်ဦးကို တစ်ရက် တိုင်စာအစောင်(၂၀)နဲ့ (၃၀)ကြားထဲမှာ ဖတ်နေရတယ်။ ဖတ်ပြီးတဲ့စာကို အကြံပြုချက်နဲ့ လွှတ်တော်ပြန်ပို့ပေးရတာပေါ့"ဟု ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီမှ အဖွဲ့ဝင်ဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ပြောသည်။

တိုင်ကြားစာများတွင် အများနှင့်ဆိုင်သော တိုင်ကြားစာများအား အဓိက စိစစ်၍ လွှတ်တော်သို့ ပြန်လည်ပေးပို့ကာ တစ်သီးပုဂ္ဂလဆိုင်သော တိုင်ကြားစာများအား ဒုတိယအဆင့်တွင်သာ ထားရှိကာ ပြန်လည်စိစစ်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

ယခင်ပထမအကြိမ် လွှတ်တော်မှ ပြည်ထောင်စု အစိုးရအဖွဲ့သို့ အမှုတွဲပေါင်း (၁၇၄) ခု ပေးပို့ခဲ့ရာတွင် (၅၂) ခုသာ ပြန်လည် အကြောင်းကြားခဲ့ပြီး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အမှုတွဲ (၄၁) ခု ပေးပို့ခဲ့ရာ အမှုတွဲ (၃၂) ခု ပြန်ကြားခဲ့ကြောင်း ပထမအကြိမ် လွှတ်တော်၏ တိုင်ကြားစာများ ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

သတင်း - ကိုဇက်

                                 ⊰ #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~