ေရထြက္ေျမာင္းမ်ားပိတ္ေနသည့္ ေတာင္ႀကီးၿမိဳ႕ စိန္ပန္းရပ္ကြက္တြင္ လူေနအိမ္မ်ားအတြင္း ေရသံုးေပခန္႔တက္လာ

ေရထြက္ေျမာင္းမ်ားပိတ္ေနသည့္ ေတာင္ႀကီးၿမိဳ႕ စိန္ပန္းရပ္ကြက္တြင္ လူေနအိမ္မ်ားအတြင္း ေရသံုးေပခန္႔တက္လာ
သြဂုတ် 23, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕၊ စိန္ပန္းရပ္ကြက္ (၃)အတြင္္း ေရထြက္ေျမာင္းမ်ားပိတ္ေနရာ ၾသဂုတ္လ (၂၂) ရက္ေန႔ညက မိုးရြာသြန္းၿပီးေနာက္ လူေနရပ္ကြက္အတြင္း လူေနအိမ္ေျခ (၂၀)ခန္႔အတြင္း ေရသံုးေပခန္႔ တက္လာေၾကာင္း သိရသည္။

"ေရဝင္ေနတာ ၃ ရက္ေလာက္႐ွိေနပါၿပီ။ အရင္နစ္ဆို ဒီေလာက္မႀကီးပါဘူး။ သက္ဆိုင္ရာလည္း ေျပာထားပါတယ္။ လာေတာ့ၾကည့္သြားတာပဲ။ ဒါေပမဲ့လာေရာက္ လုပ္ေဆာင္ျခင္းေတာ့မ႐ွိပါဘူး။ ေရႊေတာင္ရပ္ကြက္ၾကားနဲ႔ စိန္ပန္းရပ္ကြက္ၾကားမွာ ေျမာင္းႀကီးပိတ္သြားေတာ့ ေရစီးေျမာင္းလည္း မ႐ွိေတာ့ရပ္ကြက္ထဲ ေနအိမ္ေတြ ေရျမဳပ္ကုန္တာပါ။ အျမန္ဆံုးလာ႐ွင္းေပးေစခ်င္ပါတယ္"ဟု စိန္ပန္းရပ္ကြက္မွ ေဒသခံတစ္ဦးက ေျပာသည္။

အဆိုပါ ရပ္ကြက္အတြင္း ေရထြက္ေျမာင္းမ်ားပိတ္ေနမႈေၾကာင့္ လြန္ခဲ့သည့္ သံုးရက္ခန္႔ကတည္းက စတင္၍ ေရနစ္ျမဳပ္ေနရာမွ ယမန္ေန႔ညက မိုးရြာသြန္းမႈအၿပီးတြင္ တက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက် (၃)အတွင်း ရေထွက်မြောင်းများပိတ်နေရာ သြဂုတ်လ (၂၂) ရက်နေ့ညက မိုးရွာသွန်းပြီးနောက် လူနေရပ်ကွက်အတွင်း လူနေအိမ်ခြေ (၂၀)ခန့်အတွင်း ရေသုံးပေခန့် တက်လာကြောင်း သိရသည်။

"ရေဝင်နေတာ ၃ ရက်လောက်ရှိနေပါပြီ။ အရင်နစ်ဆို ဒီလောက်မကြီးပါဘူး။ သက်ဆိုင်ရာလည်း ပြောထားပါတယ်။ လာတော့ကြည့်သွားတာပဲ။ ဒါပေမဲ့လာရောက် လုပ်ဆောင်ခြင်းတော့မရှိပါဘူး။ ရွှေတောင်ရပ်ကွက်ကြားနဲ့ စိန်ပန်းရပ်ကွက်ကြားမှာ မြောင်းကြီးပိတ်သွားတော့ ရေစီးမြောင်းလည်း မရှိတော့ရပ်ကွက်ထဲ နေအိမ်တွေ ရမြေုပ်ကုန်တာပါ။ အမြန်ဆုံးလာရှင်းပေးစေချင်ပါတယ်"ဟု စိန်ပန်းရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ရပ်ကွက်အတွင်း ရေထွက်မြောင်းများပိတ်နေမှုကြောင့် လွန်ခဲ့သည့် သုံးရက်ခန့်ကတည်းက စတင်၍ ရေနစ်မြုပ်နေရာမှ ယမန်နေ့ညက မိုးရွာသွန်းမှုအပြီးတွင် တက်လာခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~