ေတာင္ႀကီး၌ ေျမထိန္းနံရံၿပိဳက်၍ အၿငိမ္းစားေက်ာင္းဆရာမတစ္ဦး ေသဆံုး

ေတာင္ႀကီး၌ ေျမထိန္းနံရံၿပိဳက်၍ အၿငိမ္းစားေက်ာင္းဆရာမတစ္ဦး ေသဆံုး
သြဂုတ် 29, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕တြင္ ေျမထိန္းနံရံၿပိဳက်ရာမွ ေနအိမ္ထိခိုက္ၿပီး အၿငိမ္းစား ေက်ာင္းဆရာမတစ္ဦး အသက္ရွဴၾကပ္ကာ ေနအိမ္တြင္ ကြယ္လြန္သြားေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕၊ ေရေအးကြင္းရပ္ကြက္၊ နယ္ေျမ(၁၃)၊ ဥႆဖ်ားလမ္းရွိ ဦးေအာင္ႏိုင္၏ ေနအိမ္ အေရွ႕ဘက္ျခမ္းရွိ အလ်ား ေပ(၄၀)၊ အနံ(၈)ေပ၊ အျမင့္(၃၀)ေပခန္႔ရွိ ေျမထိန္းနံရံႏွင့္ ၎အေပၚတြင္ တပ္ဆင္ထားေသာ ေျမထိန္းနံရံသံပန္းတံခါးတို႔မွာ ၾသဂုတ္လ(၂၉)ရက္ေန႔ နံနက္ (၀၁:၀၀)နာရီေက်ာ္က ၿပိဳက်၍ ေနအိမ္ေပၚသို႔ ပိကာ ေနအိမ္ၿပိဳျခင္းေၾကာင့္ ထိခိုက္ဒဏ္ရာ ရရွိမႈႏွင့္ အသက္ေသဆံုးမႈ ျဖစ္ပြားခဲ့ရေၾကာင္း သိရသည္။

ေနအိမ္တြင္ အိမ္ရွင္ျဖစ္သူ အသက္(၇၂)ႏွစ္ရွိ ဦးေအာင္ႏိုင္မွာ ေနအိမ္၏ ဧည့္ခန္းတြင္ အိပ္ေနၿပီး ဇနီးျဖစ္သူ အသက္(၆၆)ႏွစ္ရွိ ေဒၚသန္းသန္းျမင့္မွာ ေနအိမ္ အိပ္ခန္းအတြင္း အိပ္ေနစဥ္မွာ ရုတ္တရက္ ထိုသို႔ျဖစ္ပြားခဲ့ၿပီးေနာက္ ဦးေအာင္ႏိုင္တြင္ ငယ္ထိပ္ေပါက္ၿပဲဒဏ္ရာ(မစိုးရိမ္ရ)ရရွိၿပီး၊ အိမ္ခန္းအတြင္း အိပ္ေနသူ ေဒၚသန္းသန္းျမင့္မွာ ျပင္ပဒဏ္ရာမေတြ႕ရွိဘဲ အသက္ရွဴႀကပ္ကာ ေနရာ၌ပင္ ကြယ္လြန္သြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

"သူတို႔အိမ္ရဲ႕ေျမက ဖို႔ေျမေတြ၊ ဖို႔ေျမေပၚမွာမွ အုတ္႐ိုးကာထားတာ၊ တံခါးေပါက္ေရာ၊ တက္ေလွကားေရာ လုပ္ထားတယ္၊ ဟိုေန႔က ငလ်င္လုပ္ထားေတာ့ ေျမလည္းမခိုင္ေတာ့ဘူးေလ၊ ညက (၁)နာရီေက်ာ္မွာ ျဖစ္တာပါ၊ သူရဲ႕ကေလးေတြကလည္း ဒီမွာမ႐ွိၾကဘူးေလ၊ လင္မယား (၂)ေယာက္ထဲဆိုေတာ့၊ ငလ်င္ဒဏ္လဲ ပါရင္ပါမွာေပါ့၊ ဖို႔ေျမေတြက အေတာ္ေၾကာက္ဖို႔ေကာင္းပါတယ္၊ ဆရာမ ကေတာ့ဒဏ္ရာ တခ်က္မွမေတြ႔ဘူး အသက္ရွဴႀကပ္ၿပီးဆံုးသြားတာပါ"ဟု ၎ အိမ္ေဘး႐ွိ မေဝက ေျပာသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေတာင္ႀကီးနယ္ေျမရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ ၁၄/၂၀၁၆ျဖင့္ အမႈဖြင့္လွစ္ထားရွိေၾကာင္း သိရသည္။

ေနအိမ္အေပၚ ေျမပိက်လာရာမွ အသက္ရွဴႀကပ္၍ ကြယ္လြန္သြားေသာ အသက္(၆၆)ႏွစ္ရွိ ေဒၚသန္းသန္းျမင့္သည္ အၿငိမ္းစား ေက်ာင္းဆရာမတစ္ဦးျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် မြေထိန်းနံရံပြိုကျရာမှ နေအိမ်ထိခိုက်ပြီး အငြိမ်းစား ကျောင်းဆရာမတစ်ဦး အသက်ရှူကြပ်ကာ နေအိမ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ နယ်မြေ(၁၃)၊ ဥဿဖျားလမ်းရှိ ဦးအောင်နိုင်၏ နေအိမ် အရှေ့ဘက်ခြမ်းရှိ အလျား ပေ(၄၀)၊ အနံ(၈)ပေ၊ အမြင့်(၃၀)ပေခန့်ရှိ မြေထိန်းနံရံနှင့်၎င်းအပေါ်တွင် တပ်ဆင်ထားသော မြေထိန်းနံရံသံပန်းတံခါးတို့မှာ သြဂုတ်လ(၂၉)ရက်နေ့ နံနက် (ဝ၁:ဝဝ)နာရီကျော်က ပြိုကျ၍ နေအိမ်ပေါ်သို့ ပိကာ နေအိမ်ပြိုခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် အသက်သေဆုံးမှု ဖြစ်ပွားခဲ့ရကြောင်း သိရသည်။

နေအိမ်တွင် အိမ်ရှင်ဖြစ်သူ အသက်(၇၂)နှစ်ရှိ ဦးအောင်နိုင်မှာ နေအိမ်၏ ဧည့်ခန်းတွင် အိပ်နပြေီး ဇနီးဖြစ်သူ အသက်(၆၆)နှစ်ရှိ ဒေါ်သန်းသန်းမြင့်မှာ နေအိမ် အိပ်ခန်းအတွင်း အိပ်နေစဉ်မှာ ရုတ်တရက် ထိုသို့ဖြစ်ပွားခဲ့ပြီးနောက် ဦးအောင်နိုင်တွင် ငယ်ထိပ်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိပြီး၊ အိမ်ခန်းအတွင်း အိပ်နေသူ ဒေါ်သန်းသန်းမြင့်မှာ ပြင်ပဒဏ်ရာမတွေ့ရှိဘဲ အသက်ရှူကြပ်ကာ နေရာ၌ပင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"သူတို့အိမ်ရဲ့မြေက ဖို့မြေတွေ၊ ဖို့မြေပေါ်မှာမှ အုတ်ရိုးကာထားတာ၊ တံခါးပေါက်ရော၊ တက်လှေကားရော လုပ်ထားတယ်၊ ဟိုနေ့က ငလျင်လုပ်ထားတော့ မြေလည်းမခိုင်တော့ဘူးလေ၊ ညက (၁)နာရီကျော်မှာ ဖြစ်တာပါ၊ သူရဲ့ကလေးတွေကလည်း ဒီမှာမရှိကြဘူးလေ၊ လင်မယား (၂)ယောက်ထဲဆိုတော့၊ ငလျင်ဒဏ်လဲ ပါရင်ပါမှာပေါ့၊ ဖို့မြေတွေက အတော်ကြောက်ဖို့ကောင်းပါတယ်၊ ဆရာမ ကတော့ဒဏ်ရာ တချက်မှမတွေ့ဘူး အသက်ရှူကြပ်ပြီးဆုံးသွားတာပါ"ဟု၎င်း အိမ်ဘေးရှိ မဝေက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ကြီးနယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၄/၂၀၁၆ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။

နေအိမ်အပေါ် မြေပိကျလာရာမှ အသက်ရှူကြပ်၍ ကွယ်လွန်သွားသော အသက်(၆၆)နှစ်ရှိ ဒေါ်သန်းသန်းမြင့်သည် အငြိမ်းစား ကျောင်းဆရာမတစ်ဦးဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~