တာချီလိတ်၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူငယ်တွေ့ဆုံပွဲ ပြုလုပ်ရန်အတွက် အကြိုညှိနှိုင်း ဆွေးနွေး
တာချီလိတ်၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူငယ်တွေ့ဆုံပွဲ ပြုလုပ်ရန်အတွက် အကြိုညှိနှိုင်း ဆွေးနွေး
သွဂုတျ 26, 2016
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း လူငယ်တွေ့ဆုံပွဲ အခမ်းအနားကို တာချီလိတ်၌ ကျင်းပနိုင်ရေးအတွက် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားရေးရာနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံလူငယ်များ နှင့် အကြိုညှိနှိုင်း အစည်းအဝေးပွဲကို သြဂုတ်လ (၂၆)ရက်နေ့က တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ယင်းအစည်းအဝေးသည် စက်တင်ဘာလ (၂၄)ရက် နှင့် (၂၅)ရက်တွင်  ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ဒေသခံ တိုင်းရင်းသားလူငယ် (၂၀၀)၀န်းကျင်ဖြင့် ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်အရှေ့ပိုင်း လူငယ်တွေ့ဆုံပွဲ အခမ်းအနားအတွက် ဆွေးနွေးခြင်းဖြစ်ပြီး ကြောင်း နှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာသော အသက်(၁၅)နှစ်မှ (၃၅)နှစ်ကြား လူငယ်(၂၀၀)၏ ဆန္ဒ၊အသံများကို ကောက်ခံသွားပြီး နိုင်ငံတော်အဆင့်ထိရောက်အောင် တင်ပြသွားမှာဖြစ်ကြောင်း သိရသည်။
သတင်း - ဇောင်းညီ
ဓာတ်ပုံ - ယာဆေး
~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း လူငယ်တွေ့ဆုံပွဲ အခမ်းအနားကို တာချီလိတ်၌ ကျင်းပနိုင်ရေးအတွက် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားရေးရာနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံလူငယ်များ နှင့် အကြိုညှိနှိုင်း အစည်းအေဝးပွဲကို သြဂုတ်လ (၂၆)ရက်နေ့က တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအေဝးခန်းမတွင် ကျင်းပပြုလုပ်သည်။
ယင်းအစည်းအေဝးသည် စက်တင်ဘာလ (၂၄)ရက် နှင့် (၂၅)ရက်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ဒေသခံ တိုင်းရင်းသားလူငယ် (၂၀၀)ဝန်းကျင်ဖြင့် ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်အရှေ့ပိုင်း လူငယ်တွေ့ဆုံပွဲ အခမ်းအနားအတွက် ဆွေးနွေးခြင်းဖြစ်ပြီး ကြောင်း နှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာသော အသက်(၁၅)နှစ်မှ (၃၅)နှစ်ကြား လူငယ်(၂၀၀)၏ ဆန္ဒ၊အသံများကို ကောက်ခံသွားပြီး နိုင်ငံတော်အဆင့်ထိရောက်အောင် တင်ပြသွားမှာဖြစ်ကြောင်း သိရသည်။
"ကျွန်မတို့အနေနဲ့ ဒီလူငယ်တွေ့ဆုံပွဲမှာ အဓိကဆွေးနွေးမှာက လူငယ်နှင့် ငြိမ်းချမ်းရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် ကျန်းမားရေး၊ ပညာရေး၊ လူငယ်နှင့် သဘာဝပတ်ဝန်းကျင်၊ လူငယ်နှင့် ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုပြီး ခေါင်းစဉ်(၅)ခုနဲ့ ဆွေးနွေးသွားမှာပါ။ ရှမ်းအရှေ့အနေနဲ့ (၄)ဦးကို ဒီဆွေးနွေးပွဲကနေ ကိုယ့်ရဲ့ဒေသ၊ ကိုယ့်ရဲ့တိုင်းရင်းသားအရေးကို ကိုယ်စားပြုနိုင်ပြီးတော့ လိုအပ်ချက်တွေကို ပြောနိုင်ရမဲ့ လူမျိုးကို ရွေးချယ်သွားမှာပါ။ နောက်ပြီး လူငယ်မှုဝါဒတွေ၊ လူအရေးတွေကို စိတ်ဝင်စားတဲ့သူကိုပဲ ရွေးချယ်မယ်လို့ဆုံးဖြတ်ထားပါတယ်။"ဟု တာချီလိတ်လူငယ်ကွန်ရက် ဥက္ကဌ ဒေါ်မေဇာခြည်လင်းက အစည်းအေဝးတွင် ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း လူငယ်တွေ့ဆုံပွဲအခမ်းအနားကို စက်တင်ဘာလ (၂၄)ရက်နှင့် (၂၅)ရက်တွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပမှာဖြစ်ကြောင်း သိရှိရသည်။
သတင်း - ဇောင်းညီ
ဓာတ်ပုံ - ယာဆေး
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~