တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႔မွ ညဥ့္အခ်ိန္ လွည့္လည္၍ ေရွာင္တခင္ စစ္ေဆးရင္း ေတြ႕ရွိသည့္ စက္သံဆူညံယာဥ္မ်ား ႏွင့္ တရားမ၀င္ ယာဥ္မ်ားကို တည္ဆဲဥပေဒမ်ားအရ အေရးယူမည္

တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႔မွ ညဥ့္အခ်ိန္ လွည့္လည္၍ ေရွာင္တခင္ စစ္ေဆးရင္း ေတြ႕ရွိသည့္ စက္သံဆူညံယာဥ္မ်ား ႏွင့္ တရားမ၀င္ ယာဥ္မ်ားကို တည္ဆဲဥပေဒမ်ားအရ အေရးယူမည္
သြဂုတ် 9, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွ ရက္(၁၀၀)စီမံခ်က္အရ ရပ္ရြာေအးခ်မ္းသာယာေရးႏွင့္ တရားဥပေဒ စိုးမိုးေရး အတြက္ တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္မ်ားအတြင္း ညပိုင္း၌ ေရွာင္တခင္ စစ္ေဆးမႈမ်ားျဖင့္ လွည့္လည္ ေနလွ်က္ရွိရာ ထိုသို႔ လုပ္ငန္း ေဆာင္ရြက္ေနစဥ္ အတြင္း တရားမ၀င္ ေမာ္ေတာ္ယာဥ္/ဆိုင္ကယ္မ်ားကို စစ္ေဆးေတြ႕ရွိရပါက ေမာ္ေတာ္ယာဥ္ ဥပေဒမ်ားအျပင္ တည္ဆဲဥပေဒမ်ားအရ အေရးယူသြားမွာ ျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွ သိရသည္။

"အခုလို ညဥ့္အခ်ိန္မွာ လွည့္လည္ၿပီး ေရွာင္တခင္ စစ္ေဆးမႈေတြ ျပဳလုပ္ရင္းနဲ႔ တရားမ၀င္ ေမာ္ေတာ္ ယာဥ္ေတြ၊ ဆိုင္ကယ္ေတြကို စစ္ေဆးေတြ႕ရွိရပါက ေမာ္ေတာ္ယာဥ္ ဥပေဒမ်ားအျပင္ တည္ဆဲဥပေဒမ်ား အရ အေရးယူ ေဆာင္ရြက္သြားမွာ ျဖစ္တဲ့အတြက္ မိမိတို႔ရဲ႕ သားသမီးမ်ားကို ညဥ့္အခ်ိန္ အေပ်ာ္အပါးမ်ား ေရွ႕ရႈၿပီး သြားလာေနမႈေတြကို ၀ိုင္း၀န္းၾကပ္မတ္ ထိန္းသိမ္းေပးၾကဖို႔ လိုပါတယ္၊ အဓိက ကေတာ့ မလိုလားအပ္တဲ့ မႈခင္းေတြ မျဖစ္ေပၚေစဖို႔ပါ"ဟု တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔၏ သတင္းထုတ္ျပန္ေရးႏွင့္ ျပန္ၾကားေရးဆပ္ေကာ္မတီ အတြင္းေရးမွဴး ရဲအုပ္ စံသိန္း(ေမာင္ဖိုးစံ - ဒူးယား)က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း ညဥ့္အခ်ိန္ လူငယ္မ်ား အုပ္စုဖြဲ႔၍ ေမာ္ေတာ္ဆိုင္ကယ္မ်ားျဖင့္ လွည့္လည္ သြားလာကာ ခိုက္ရန္ျဖစ္ပြားမႈမ်ား၊ အရက္ေသစာႏွင့္ မူးယစ္ေစတတ္ေသာ အရာမ်ားအား ေသာက္စားကာ ေမာ္ေတာ္ယာဥ္/ေမာ္ေတာ္ဆိုင္ကယ္မ်ား အရွိန္ျပင္းစြာ ေမာင္းႏွင္ေနမႈမ်ား၊ ေမာ္ေတာ္ ဆိုင္ကယ္မ်ားကုိ အိပ္ေဇာျဖဳတ္၍ အသံဆူညံစြာ ေမာင္းႏွင္ေနမႈမ်ားေၾကာင့္ အမ်ားျပည္သူမ်ား စိတ္ျငိဳျငင္မႈမ်ား ျဖစ္ေပၚေနလွ်က္ရွိသည့္အျပင္ အသက္အႏၱရာယ္မ်ား ျဖစ္ေစသည့္ အတြက္ တာခ်ီလိတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴး ရဲမွဴး သန္းႏု ဦးစီးသည့္ စခန္းမွဴး၊ နယ္ထိန္း၊ ခရိုင္မႈခင္း အကူတပ္ဖြဲ႔၀င္မ်ား စသည့္ ပူးေပါင္းအဖြဲ႔၀င္မ်ားျဖင့္ ေနရာအႏွံ႔ ျဖန္႔ခြဲ၍ ညဥ့္အခ်ိန္ စစ္ေဆး အေရးယူမႈမ်ား ျပဳလုပ္ ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း သိရသည္။

"ညဆိုရင္ ဆိုင္ကယ္ေတြကို အိပ္ေဇာျဖဳတ္ၿပီး ေမာင္းေနတဲ့ လူငယ္ေတြရွိၾကတယ္၊ မူးၿပီး ေအာ္ဟစ္ၿပီး ဆိုင္ကယ္ကို စက္သံဆူညံၿပီး ေမာင္းသြား ေမာင္းလာလုပ္ေနတဲ့သူေတြကို လွည့္ကင္းနဲ႔ ေတြ႕ေစခ်င္တာေတာ့ အမွန္ပဲ၊ ဖမ္းမိရင္လည္း ထိထိေရာက္ေရာက္ အေရးယူေပးေစခ်င္ပါတယ္"ဟု ဆန္ဆိုင္းရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းမေဘးေန ေဒၚနန္းစံဟြမ္ က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္တြင္ လူငယ္မ်ား အုပ္စုဖြဲ႔၍ ခိုက္ရန္ျဖစ္ပြားမႈမ်ားအျဖစ္ ၿပီးခဲ့သည့္ ဇူလိုင္လ(၁၅)ရက္ ႏွင့္ ဇူလိုင္လ(၁၈)ရက္ေန႔မ်ားက ျဖစ္ပြားခဲ့ရာ ၎တို႔အား ဖမ္းဆီးရမိထားၿပီး၊ ဆက္လက္၍ လူငယ္မ်ား ညဥ့္အခ်ိန္ လွည့္လည္ကာ ခိုက္ရန္ျဖစ္ပြားမႈမ်ား၊ ေမာ္ေတာ္ယာဥ္စက္သံကုိ ဆူညံစြာျပဳလုပ္၍ ေမာင္းႏွင္ေနမႈမ်ား မျဖစ္ေစေရးႏွင့္ မူးယစ္ရမ္းကားမႈမ်ား မျပဳေစေရးတို႔အတြက္ ရဲတပ္ဖြဲ႔မွ ေရွာင္တခင္ စစ္ေဆးမႈမ်ား ျပဳလုပ္သြားမွာ ျဖစ္ေၾကာင္း သိရွိရသည္။

...........

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ ရက်(၁၀၀)စီမံချက်အရ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး အတွက် တာချီလိတ်မြို့ပေါ် ရပ်ကွက်များအတွင်း ညပိုင်း၌ ရှောင်တခင် စစ်ဆေးမှုများဖြင့် လှည့်လည် နေလျှက်ရှိရာ ထိုသို့ လုပ်ငန်း ဆောင်ရွက်နေစဉ် အတွင်း တရားမဝင် မော်တော်ယာဉ်/ဆိုင်ကယ်များကို စစ်ဆေးတွေ့ရှိရပါက မော်တော်ယာဉ် ဥပဒေများအပြင် တည်ဆဲဥပဒေများအရ အရေးယူသွားမှာ ဖြစ်ကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

"အခုလို ညဉ့်အချိန်မှာ လှည့်လည်ပြီး ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ရင်းနဲ့ တရားမဝင် မော်တော် ယာဉ်တွေ၊ ဆိုင်ကယ်တွေကို စစ်ဆေးတွေ့ရှိရပါက မော်တော်ယာဉ် ဥပဒေများအပြင် တည်ဆဲဥပဒေများ အရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် မိမိတို့ရဲ့ သားသမီးများကို ညဉ့်အချိန် အပျော်အပါးများ ရှေ့ရှုပြီး သွားလာနေမှုတွေကို ဝိုင်းဝန်းကြပ်မတ် ထိန်းသိမ်းပေးကြဖို့ လိုပါတယ်၊ အဓိက ကတော့ မလိုလားအပ်တဲ့ မှုခင်းတွေ မဖြစ်ပေါ်စေဖို့ပါ"ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် ပြန်ကြားရေးဆပ်ကော်မတီ အတွင်းရေးမှူး ရဲအုပ် စံသိန်း(မောင်ဖိုးစံ - ဒူးယား)က ပြောသည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း ညဉ့်အချိန် လူငယ်များ အုပ်စုဖွဲ့၍ မော်တော်ဆိုင်ကယ်များဖြင့် လှည့်လည် သွားလာကာ ခိုက်ရန်ဖြစ်ပွားမှုများ၊ အရက်သေစာနှင့် မူးယစ်စေတတ်သော အရာများအား သောက်စားကာ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ အရှိန်ပြင်းစွာ မောင်းနှင်နေမှုများ၊ မော်တော် ဆိုင်ကယ်များကို အိပ်ဇောဖြုတ်၍ အသံဆူညံစွာ မောင်းနှင်နေမှုများကြောင့် အများပြည်သူများ စိတ်ငြိုငြင်မှုများ ဖြစ်ပေါ်နေလျှက်ရှိသည့်အပြင် အသက်အန္တရာယ်များ ဖြစ်စေသည့် အတွက် တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု ဦးစီးသည့် စခန်းမှူး၊ နယ်ထိန်း၊ ခရိုင်မှုခင်း အကူတပ်ဖွဲ့ဝင်များ စသည့် ပူးပေါင်းအဖွဲ့ဝင်များဖြင့် နေရာအနှံ့ ဖြန့်ခွဲ၍ ညဉ့်အချိန် စစ်ဆေး အရေးယူမှုများ ပြုလုပ် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရသည်။

"ညဆိုရင် ဆိုင်ကယ်တွေကို အိပ်ဇောဖြုတ်ပြီး မောင်းနေတဲ့ လူငယ်တွေရှိကြတယ်၊ မူးပြီး အော်ဟစ်ပြီး ဆိုင်ကယ်ကို စက်သံဆူညံပြီး မောင်းသွား မောင်းလာလုပ်နေတဲ့သူတွေကို လှည့်ကင်းနဲ့ တွေ့စေချင်တာတော့ အမှန်ပဲ၊ ဖမ်းမိရင်လည်း ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်"ဟု ဆန်ဆိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းမဘေးနေ ဒေါ်နန်းစံဟွမ် က ပြောသည်။

တာချီလိတ်မြို့နယ်တွင် လူငယ်များ အုပ်စုဖွဲ့၍ ခိုက်ရန်ဖြစ်ပွားမှုများအဖြစ် ပြီးခဲ့သည့် ဇူလိုင်လ(၁၅)ရက် နှင့် ဇူလိုင်လ(၁၈)ရက်နေ့များက ဖြစ်ပွားခဲ့ရာ၎င်းတို့အား ဖမ်းဆီးရမိထားပြီး၊ ဆက်လက်၍ လူငယ်များ ညဉ့်အချိန် လှည့်လည်ကာ ခိုက်ရန်ဖြစ်ပွားမှုများ၊ မော်တော်ယာဉ်စက်သံကို ဆူညံစွာပြုလုပ်၍ မောင်းနှင်နေမှုများ မဖြစ်စေရေးနှင့် မူးယစ်ရမ်းကားမှုများ မပြုစေရေးတို့အတွက် ရဲတပ်ဖွဲ့မှ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~