ေရႊေစ်းျမင့္တက္လာမႈေၾကာင့္ မႏၱေလးမွ ေရႊဆိုင္းလုပ္ငန္းအခ်ိဳ႕ လုပ္ငန္းရပ္ဆိုင္း

ေရႊေစ်းျမင့္တက္လာမႈေၾကာင့္ မႏၱေလးမွ ေရႊဆိုင္းလုပ္ငန္းအခ်ိဳ႕ လုပ္ငန္းရပ္ဆိုင္း
သြဂုတ် 10, 2016
By Tachileik News Agency

ျမန္မာ့ေရႊေစ်း ျမင့္တက္လာမႈေၾကာင့္ ျမန္မာ့လက္မႈလုပ္ငန္းတစ္ခုျဖစ္ေသာ မႏၱေလးၿမိဳ႕မွ မ်က္ပါးရပ္ ေရႊဆိုင္းလုပ္ငန္းမ်ား အရွံဳးေပၚလာသျဖင့္ လုပ္ငန္းရပ္ဆိုင္းထားသူမ်ားရွိလာေၾကာင္း မ်က္ပါးရပ္မွ ေရႊဆိုင္းလုပ္ငန္းရွင္မ်ားထံမွ သိရသည္။

"ေရႊဆိုင္းလက္ခံၿပီး တင္ဒါယူတုန္းက ေပါက္ေစ်းက သိပ္မရွိဘူးေလ။ တင္ဒါယူေပမဲ့ မထင္မွတ္ဘဲ ေရႊေစ်းက ထုိးတက္သြားေတာ့ လုပ္ငန္းရွင္အခ်ိဳ႕ ရပ္နားထားတယ္။ တင္ဒါစနစ္ဆိုေတာ့ လက္ခံတုန္းက ေစ်းႏႈန္းအတိုင္း လုပ္ေပးရတယ္။ ေရႊႀကိဳ၀ယ္ထားတဲ့ သူေတြကေတာ့ ဟန္မပ်က္ေပမဲ့ ခုေစ်းနဲ႔၀ယ္ၿပီး လုပ္တဲ့သူေတြက အမ်ားႀကီးရံႈးတယ္။ ေရႊေစ်းတက္တိုင္းလည္း ေရႊဆိုင္းက လိုက္တက္လို႔ရတာ မဟုတ္ဘူးေလ။"ဟု ေရႊဆိုင္းလုပ္ငန္းရွင္  ကိုဦးက ေျပာသည္။

ျပည္တြင္းေရႊေစ်းကြက္မွာ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလတြင္ က်ပ္ (၇၄၀,၀၀၀) ၀န္းက်င္ရွိခဲ့ၿပီး ၂၀၁၆ ခုႏွစ္၊ ဇူလိုင္ (၃၁) ရက္ေန႔က တစ္က်ပ္သားလွ်င္ က်ပ္ (၈၄၃,၀၀၀) အထိ က်ပ္တစ္သိန္းခန္႔ ျမင့္တက္လာေၾကာင္း သိရသည္။

ေရႊဆိုင္းထုတ္လုပ္သူ အမ်ားစုမွာ ဘုရားမ်ားအတြက္ တင္ဒါေခၚခဲ့ရာတြင္ ေရႊေစ်းက်ပ္ (၇၀၀,၀၀၀) ၀န္းက်င္ျဖင့္ တြက္ခ်က္ခဲ့ၿပီး လက္ရွိေပါက္ေစ်းမွာ က်ပ္ (၈၄၀,၀၀၀) ၀န္းက်င္ေရာက္ရွိေနသာေၾကာင့္ လုပ္အားခအျပင္ အရင္းစိုက္ရသည့္အေနအထား ေရာက္ေနေၾကာင္း ေရႊဆိုင္းလုပ္ငန္းရွင္တစ္ဦးျဖစ္သူ မသီတာမိုးက ဆိုသည္။

"အေခါက္ေရႊကို ႀကိဳ၀ယ္ျပီး လုပ္တဲ့သူေတြေတာင္မွ အရွံဳးေပၚေနရင္ ေပါက္ေစ်းနဲ႔ ၀ယ္ျပီး ေရႊဆိုင္း ထုတ္လုပ္သူေတြ ပိုဆိုးတယ္။ မိုးတြင္းမွာ အလုပ္ပါးတယ္ဆိုေပမဲ့ ေရႊေစ်းေၾကာင့္ ေရႊဆိုင္းမထုတ္ႏိုင္လို႔ တခ်ိဳ႕အလုပ္သမားေတြ အလုပ္မရွိေတာ့ အလုပ္လက္မဲ့ျဖစ္ရတယ္။ ဘုရားႀကီး တင္ဒါေခၚတုန္းက ေရႊေစ်းက (၇၇၀,၀၀၀) ၀န္းက်င္ပဲ ရွိေသးတာ။ လက္ရွိက ရွစ္သိန္းေက်ာ္ဆိုေတာ့ တစ္ပိုင္တစ္ႏိုင္ မိသားစု လုပ္ငန္းလုပ္တဲ့သူေတြ ဘယ္လိုလုပ္ လုပ္ႏိုင္ေတာ့မလဲ။ အလုပ္သမားခက (၂)နွစ္ေလာက္ၾကာမွ တစ္ခါေလာက္ ေစ်းတက္တာဆိုေတာ့ ေရႊေစ်းက အဓိကျဖစ္တယ္။ " ဟု ၎ကဆိုသည္။

လက္မွဳေရႊဆိုင္းထုတ္လုပ္ငန္းတြင္ စက္ျဖင့္ ေရႊဆိုင္းထုတ္လုပ္မွဳမ်ားရွိလာၿပီး ျမန္မာနိဳင္ငံတြင္ လက္မွဳပညာျဖင့္ ေရႊဆိုင္း ထုတ္လုပ္မႈမွာ မႏၱေလးျမိဳ႕၊မ်က္ပါးရပ္တစ္ခုတည္းသာရွိကာ လက္ရွိေရႊဆိုင္း လုပ္ငန္းရွင္ (၁၀၀)ေက်ာ္နွင့္ တစ္ပိုင္တစ္နိဳင္လုပ္ကိုင္သူ (၅၀)ေက်ာ္ရွိေၾကာင္း သိရသည္။

သတင္း - ေရႊေဇာ္

................

မြန်မာ့ရွှေဈေး မြင့်တက်လာမှုကြောင့် မြန်မာ့လက်မှုလုပ်ငန်းတစ်ခုဖြစ်သော မန္တလေးမြို့မှ မျက်ပါးရပ် ရွှေဆိုင်းလုပ်ငန်းများ အရှုံးပေါ်လာသဖြင့် လုပ်ငန်းရပ်ဆိုင်းထားသူများရှိလာကြောင်း မျက်ပါးရပ်မှ ရွှေဆိုင်းလုပ်ငန်းရှင်များထံမှ သိရသည်။

"ရွှေဆိုင်းလက်ခံပြီး တင်ဒါယူတုန်းက ပေါက်ဈေးက သိပ်မရှိဘူးလေ။ တင်ဒါယူပေမဲ့ မထင်မှတ်ဘဲ ရွှေဈေးက ထိုးတက်သွားတော့ လုပ်ငန်းရှင်အချို့ ရပ်နားထားတယ်။ တင်ဒါစနစ်ဆိုတော့ လက်ခံတုန်းက ဈေးနှုန်းအတိုင်း လုပ်ပေးရတယ်။ ရွှကြေိုဝယ်ထားတဲ့ သူတွေကတော့ ဟန်မပျက်ပေမဲ့ ခုဈေးနဲ့ဝယ်ပြီး လုပ်တဲ့သူတွေက အများကြီးရှုံးတယ်။ ရွှေဈေးတက်တိုင်းလည်း ရွှေဆိုင်းက လိုက်တက်လို့ရတာ မဟုတ်ဘူးလေ။"ဟု ရွှေဆိုင်းလုပ်ငန်းရှင် ကိုဦးက ပြောသည်။

ပြည်တွင်းရွှေဈေးကွက်မှာ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ကျပ် (၇၄၀,ဝဝဝ) ဝန်းကျင်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင် (၃၁) ရက်နေ့က တစ်ကျပ်သားလျှင် ကျပ် (၈၄၃,ဝဝဝ) အထိ ကျပ်တစ်သိန်းခန့် မြင့်တက်လာကြောင်း သိရသည်။

ရွှေဆိုင်းထုတ်လုပ်သူ အများစုမှာ ဘုရားများအတွက် တင်ဒါခေါ်ခဲ့ရာတွင် ရွှေဈေးကျပ် (၇၀၀,ဝဝဝ) ဝန်းကျင်ဖြင့် တွက်ချက်ခဲ့ပြီး လက်ရှိပေါက်ဈေးမှာ ကျပ် (၈၄၀,ဝဝဝ) ဝန်းကျင်ရောက်ရှိနေသာကြောင့် လုပ်အားခအပြင် အရင်းစိုက်ရသည့်အနေအထား ရောက်နေကြောင်း ရွှေဆိုင်းလုပ်ငန်းရှင်တစ်ဦးဖြစ်သူ မသီတာမိုးက ဆိုသည်။

"အခေါက်ရွှေကို ကြိုဝယ်ပြီး လုပ်တဲ့သူတွေတောင်မှ အရှုံးပေါ်နေရင် ပေါက်ဈေးနဲ့ ဝယ်ပြီး ရွှေဆိုင်း ထုတ်လုပ်သူတွေ ပိုဆိုးတယ်။ မိုးတွင်းမှာ အလုပ်ပါးတယ်ဆိုပေမဲ့ ရွှေဈေးကြောင့် ရွှေဆိုင်းမထုတ်နိုင်လို့ တချို့အလုပ်သမားတွေ အလုပ်မရှိတော့ အလုပ်လက်မဲ့ဖြစ်ရတယ်။ ဘုရားကြီး တင်ဒါခေါ်တုန်းက ရွှေဈေးက (၇၇၀,ဝဝဝ) ဝန်းကျင်ပဲ ရှိသေးတာ။ လက်ရှိက ရှစ်သိန်းကျော်ဆိုတော့ တစ်ပိုင်တစ်နိုင် မိသားစု လုပ်ငန်းလုပ်တဲ့သူတွေ ဘယ်လိုလုပ် လုပ်နိုင်တော့မလဲ။ အလုပ်သမားခက (၂)နှစ်လောက်ကြာမှ တစ်ခါလောက် ဈေးတက်တာဆိုတော့ ရွှေဈေးက အဓိကဖြစ်တယ်။ " ဟု၎င်းကဆိုသည်။

လက်မှုရွှေဆိုင်းထုတ်လုပ်ငန်းတွင် စက်ဖြင့် ရွှေဆိုင်းထုတ်လုပ်မှုများရှိလာပြီး မြန်မာနိုင်ငံတွင် လက်မှုပညာဖြင့် ရွှေဆိုင်း ထုတ်လုပ်မှုမှာ မန္တလေးမြို့၊မျက်ပါးရပ်တစ်ခုတည်းသာရှိကာ လက်ရှိရွှေဆိုင်း လုပ်ငန်းရှင် (၁၀၀)ကျော်နှင့် တစ်ပိုင်တစ်နိုင်လုပ်ကိုင်သူ (၅၀)ကျော်ရှိကြောင်း သိရသည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~