ရွှေလီမြစ်ရေ မြင့်တက်မှုကြောင့် တရုတ်သို့ ကုန်စည်ပို့ဆောင်သည့် လှေဆိပ်တွင် အခက်အခဲများဖြစ်ပေါ်နေ
ရွှေလီမြစ်ရေ မြင့်တက်မှုကြောင့် တရုတ်သို့ ကုန်စည်ပို့ဆောင်သည့် လှေဆိပ်တွင် အခက်အခဲများဖြစ်ပေါ်နေ
သွဂုတျ 10, 2016
By Tachileik News Agency
မြန်မာ - တရုတ် နယ်စပ်ရှိ ရွှေလီမြစ်ရေ မြင့်တက်နေမှုကြောင့် တရုတ်ဘက်သို့ ကုန်စည်ပို့ဆောင်သည့် လှေဆိပ်တွင် ကုန်ကားများစုပြုံနေပြီး နေရာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
ထိုသို့ မြစ်ရေမြင့်တက်နေခြင်းသည် တရုတ်ဘက်မှ ဆည်ရေဖောက်ချခြင်းကြောင့် ဖြစ်ပြီး အဆိုပါ လှေဆိပ်သို့ တစ်နေ့လျှင် ကုန်ကားအစီးရေ (၅၀၀) ခန့် ရောက်ရှိနေကြောင်း သိရသည်။
ကုန်ပစ္စည်းများတင်ပို့ရာတွင် ယခင်က ကုန်ကားများမှာနှစ်ရက်ခန့် အလှည့်ကျဖြင့် လှေဆိပ်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သော်လည်း လက်ရှိတွင် မြစ်ရေတက်နေမှုကြောင့် လေးရက်ခန့် ကြန့်ကြာနေကြောင်း သိရသည်။
ထို့ပြင် မြန်မာ - တရုတ် နယ်စပ် ရွှေလီမြစ်တစ်လျှောက်ရှိ စိုက်ခင်းများနှင့် ကျေးရွာများ အတွင်းသို့ ရေများ ၀င်ရောက်နေပြီး သီးနှံစိုက်တောင်သူများ၏ မျိုးစေ့များ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
သတင်း - ထိုက်ထိုက်
**************
မြန်မာ - တရုတ် နယ်စပ်ရှိ ရွှေလီမြစ်ရေ မြင့်တက်နေမှုကြောင့် တရုတ်ဘက်သို့ ကုန်စည်ပို့ဆောင်သည့် လှေဆိပ်တွင် ကုန်ကားများစုပြုံနပြေီး နေရာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
ထိုသို့ မြစ်ရမြေင့်တက်နခြေင်းသည် တရုတ်ဘက်မှ ဆည်ရေဖောက်ချခြင်းကြောင့် ဖြစ်ပြီး အဆိုပါ လှေဆိပ်သို့ တစ်နေ့လျှင် ကုန်ကားအစီးရေ (၅၀၀) ခန့် ရောက်ရှိနေကြောင်း သိရသည်။
လက်ရှိတွင် ရွှေလီမြစ်ရေ မြင့်တက်နေမှုကြောင့် ကုန်ပစ္စည်း အတင်အချပြုလုပ်ရာတွင် အန္တရာယ် ရှိနေသည့် အပြင် ပစ္စည်းအလေအလွင့်များလည်း ရှိနေကြောင်း သိရသည်။
“လှေဆိပ်ကမြစ်ရကြေီးနေတော့ ပစ္စည်းချရတာ အခက်အခဲဖြစ်တာပေါ့။ အရင်တုန်းကတော့ သဲသောင်ပြင်တွေ ဘာတွေရှိတယ်။ ကားမောင်းသွားဖို့လည်း လွယ်တယ်။ ဂိုဒေါင်တွေ အတွက်လည်း လွယ်တယ်။ ရွှေလီမြစ်ရေ တက်လာတဲ့ အခါကျတော့ ဂိုဒေါင်တွေကနေ တင်ရပြုရတာမလွယ်ဘူး။ လှေဆိပ်ကို ရေနစ်သွားတဲ့အတွက် ပစ္စည်းချရတာတွေ တော်တော်အခက်အခဲဖြစ်သွားတယ်။ ဂိုဒေါင်တွေ ရမြေုပ်တဲ့ အခါကျတော့ နေရာ အခက်အခဲဖြစ်သွားတယ်။ ခြောက်ခြောက်သွေ့သွေ့ မဟုတ်တဲ့ အခါကျတော့ အန္တရာယ်ရှိတာပေါ့။ ပစ္စည်းတွေလည်း အောက်ကို မတော်တဆကျမှာလည်း ပူနေရတယ်“ ဟု မူဆယ် မြို့ရှိ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် ကိုနှင်းလှိုင်က ပြောသည်။
ကုန်ပစ္စည်းများတင်ပို့ရာတွင် ယခင်က ကုန်ကားများမှာနှစ်ရက်ခန့် အလှည့်ကျဖြင့် လှေဆိပ်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ တင်ပို့နခြေင်းဖြစ်သော်လည်း လက်ရှိတွင် မြစ်ရေတက်နေမှုကြောင့် လေးရက်ခန့် ကြန့်ကြာနေကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ - တရုတ်နယ်စပ်မှ တရုတ်နိုင်ငံအတွင်းသို့ သကြားများသာ အဓိကတင်ပို့နေရပြီး အခြား ကုန်ပစ္စည်းများမှာ အဝင်မရှိသလောက်ဖြစ်ကာ တရုတ်နိုင်ငံဘက်မှ လူသုံးကုန်ပစ္စည်းနှင့် ဆိုင်ကယ်များ အဝင်ရှိနေကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
“မြန်မာဘက်က ပို့တာက ပြောင်းပေါ်ချိန်ဆိုရင် ပြောင်းပို့တယ်။ သကြားပို့တယ်။ ဆန်ကတော့ တော်တော်လေး နည်းသွားတယ်။ မြဝတီဘက်က သကြားက ဒီဘက် တရုတ်ဘက်ကို ပြန်ထွက်တာ။ အဲဒါတွေပဲ များနေတယ်။ ရန်ကုန်ဆိပ်ကမ်းက ကွန်တိန်နာတွေနဲ့ လာနေတဲ့သကြားတွေလည်း ပို့တယ်“ ဟု ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထို့ပြင် မြန်မာ - တရုတ် နယ်စပ် ရွှေလီမြစ်တစ်လျှောက်ရှိ စိုက်ခင်းများနှင့် ကျေးရွာများ အတွင်းသို့ ရေများ ဝင်ရောက်နပြေီး သီးနှံစိုက်တောင်သူများ၏ မျိုးစေ့များ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
သတင်း - ထိုက်ထိုက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~