ရွမ္းျပည္ေျမာက္ပိုင္း၏ ရက္(၁၀၀)စီမံခ်က္အတြင္း အမႈေပါင္း (၁၀၀၀)ေက်ာ္ ဖမ္းဆီးရမိ

ရွမ္းျပည္ေျမာက္ပိုင္း၏ ရက္(၁၀၀)စီမံခ်က္အတြင္း အမႈေပါင္း (၁၀၀၀)ေက်ာ္ ဖမ္းဆီးရမိ
သြဂုတ် 4, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)လားရွိဳးခရိုင္ အပါအဝင္ ခရိုင္(၆)ခရိုင္မွ  ၿမိဳ႕နယ္(၂၀)ရိွ ရဲတပ္ဖြဲ႕ဝင္ အင္အား(၂၅၀၀)ေက်ာ္ျဖင့္ ရက္(၁၀၀) စီမံခ်က္အတြင္း အမႈေပါင္း(၁၀၀၀) ေက်ာ္ဖမ္းဆီးနိုင္ခဲ့ေၾကာင္း  ရွမ္းျပည္နယ္ ဒုတိယရဲတပ္ဖြဲ႕မွဴးရံုး(လားရွိဳး)မွ သိရသည္။

"ရက္(၁၀၀)စီမံခ်က္မွာ  ရွမ္း/ေျမာက္မွာရွိတဲ့  ရဲတပ္ဖြဲ႕ဝင္(၂၅၀၀)ေက်ာ္ရဲ႕ (၇၀)ရာခိုင္နႈန္း ရဲအင္အား (၁၇၀၀)ေက်ာ္နဲ႔လုပ္ေဆာင္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ လားရွိဳးမွာဆိုရင္ေတာ့ ရဲတပ္ဖြဲ႕ဝင္ အင္အား(၁၀၀)ေက်ာ္နဲ႔ ရဲကား(၁၀)စီး၊ ဆိုင္ကယ္(၂၀)စီးနဲ႔(၂၄)နာရီ လွည့္ကင္း၊ ပတ္ကင္း၊ ဝပ္ကင္းေတြခ်ျပီး ကၽြန္ေတာ္ကိုယ္တိုင္ဦးစီးျပီး လုပ္ေဆာင္ခဲ့ပါတယ္။"ဟု ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ဒုတိယရဲတပ္ဖြဲ႕မွဴးရံုးမွ အႀကီးတန္းအရာရွိက ေျပာသည္။

လွည့္ကင္းမ်ား ေဆာင္ရြက္ရာတြင္ ၿမိဳ႕ဝင္/ထြက္ေပါက္မ်ားျဖစ္ေသာ ျပည္ေထာင္စု လမ္းမႀကီးနွင့္ ၿမိဳ႕ေရွာင္လမ္း၊ ေရပူစမ္းလမ္းဆံု၊ နမၼတူလမ္းဆံု၊ မႏၲေလးလမ္းဆံု၊ ကုန္းေညာင္-မန္အိုင္ ဝင္/ထြက္ေပါက္စသည့္ ေနရာမ်ားတြင္ ပိတ္ဆို႔ ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ရက္(၁၀၀)စီမံခ်က္အတြင္း အမႈႀကီး(၃၈)မႈ၊ အျခားအမႈ(၄၂၈)မႈ၊ ႀကိဳတင္ကာကြယ္ဖမ္းဆီးမႈ(၅၇၁)မႈႏွင့္ မူးယစ္ေဆးဝါးအမႈေပါင္း(၃၄၃)မႈ စုစုေပါင္း(၁၃၈၀)မႈ ဖမ္းဆီးအေရးယူနိုင္ခဲ့ၿပီး၊ မူးယစ္ေဆးဝါး ဖမ္းဆီးရမိမႈမွ တရားခံက်ား(၄၀၃)ဦး၊မ(၄၂)ဦး၊ စုစုေပါင္း(၄၄၅)ဦးတို႔ အား ဘိန္းျဖဴမႈ(၁၁၆)မႈမွ ဘိန္းျဖဴ(၁၂၁,၅၃၀,၂၄၃)ကီလိုႏွင့္ စိတ္ၾကြရူးသြပ္ေဆးျပားမႈ (၂၁၇)မႈမွ စိတ္ၾကြရူးသြပ္ေဆးျပား (၂၁,၆၅၀,၃၁၆)ျပားနွင့္ အျခားမူးယစ္ေဆးဝါးနွင့္ ဆက္စပ္ပစၥည္းမ်ားအားဖမ္းဆီးနိုင္ခဲ့ေၾကာင္းသိရသည္။

သတင္း - ေအာင္ျပည့္

................

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင် အပါအဝင် ခရိုင်(၆)ခရိုင်မှ မြို့နယ်(၂၀)ရှိ ရဲတပ်ဖွဲ့ဝင် အင်အား(၂၅၀၀)ကျော်ဖြင့် ရက်(၁၀၀) စီမံချက်အတွင်း အမှုပေါင်း(၁၀၀၀) ကျော်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)မှ သိရသည်။

"ရက်(၁၀၀)စီမံချက်မှာ ရှမ်း/မြောက်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်(၂၅၀၀)ကျော်ရဲ့ (၇၀)ရာခိုင်နှုန်း ရဲအင်အား (၁၇၀၀)ကျော်နဲ့လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ လားရှိုးမှာဆိုရင်တော့ ရဲတပ်ဖွဲ့ဝင် အင်အား(၁၀၀)ကျော်နဲ့ ရဲကား(၁၀)စီး၊ ဆိုင်ကယ်(၂၀)စီးနဲ့(၂၄)နာရီ လှည့်ကင်း၊ ပတ်ကင်း၊ ဝပ်ကင်းတွေချပြီး ကျွန်တော်ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်ခဲ့ပါတယ်။"ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိက ပြောသည်။

လှည့်ကင်းများ ဆောင်ရွက်ရာတွင် မြို့ဝင်/ထွက်ပေါက်များဖြစ်သော ပြည်ထောင်စု လမ်းမကြီးနှင့် မြို့ရှောင်လမ်း၊ ရေပူစမ်းလမ်းဆုံ၊ နမ္မတူလမ်းဆုံ၊ မန္တလေးလမ်းဆုံ၊ ကုန်းညောင်-မန်အိုင် ဝင်/ထွက်ပေါက်စသည့် နေရာများတွင် ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရက်(၁၀၀)စီမံချက်အတွင်း အမှုကြီး(၃၈)မှု၊ အခြားအမှု(၄၂၈)မှု၊ ကြိုတင်ကာကွယ်ဖမ်းဆီးမှု(၅၇၁)မှုနှင့် မူးယစ်ဆေးဝါးအမှုပေါင်း(၃၄၃)မှု စုစုပေါင်း(၁၃၈၀)မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှ တရားခံကျား(၄၀၃)ဦး၊မ(၄၂)ဦး၊ စုစုပေါင်း(၄၄၅)ဦးတို့ အား ဘိန်းဖြူမှု(၁၁၆)မှုမှ ဘိန်းဖြူ(၁၂၁,၅၃၀,၂၄၃)ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြားမှု (၂၁၇)မှုမှ စိတ်ကြွရူးသွပ်ဆေးပြား (၂၁,၆၅၀,၃၁၆)ပြားနှင့် အခြားမူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအားဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

သတင်း - အောင်ပြည့်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~