ဆီဆိုင္ၿမိဳ႕၌ (၂)တန္းေက်ာင္းသူေလးအား အဓမၼျပဳက်င့္ကာ သတ္ျဖတ္သူကို ဖမ္းဆီးရမိ

ဆီဆိုင္ၿမိဳ႕၌ (၂)တန္းေက်ာင္းသူေလးအား အဓမၼျပဳက်င့္ကာ သတ္ျဖတ္သူကို ဖမ္းဆီးရမိ
သြဂုတ် 19, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ ေတာင္ပိုင္းေဒသ၊ ပအို၀္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဆီဆိုင္ၿမိဳ႕နယ္တြင္ ဒုတိယတန္းေက်ာင္းသူအား အဓမၼျပဳက်င့္ၿပီး သတ္ျဖတ္သြားသူအား ၾသဂုတ္လ(၁၈)ရက္ေန႔က ဖမ္းဆီးမိခဲ့ေၾကာင္း ဘန္းယဥ္နယ္ေျမရဲစခန္းမွ သိရသည္။

ဆီဆိုင္ၿမိဳ႕နယ္၊ ပါေလာပါကယ္ေက်းရြာအုပ္စု၊ ေနာင္ဆံဗက္ေက်းရြာမွ ဒုတိယတန္းေက်ာင္းသူ မနန္းစိမ္းအား ၾသဂုတ္လ(၉)ရက္ေန႔က အဓမၼျပဳက်င့္ကာ လည္ပင္းအားႀကိဳးျဖင့္ခ်ည္၍ မေသမခ်င္း သတ္ျဖတ္သြားသူကို ဘန္းယဥ္နယ္ေျမရဲစခန္းမွ ေဖၚထုတ္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကေလးငယ္၏ဖခင္မွ ေက်ာင္းမွျပန္လာေသာ ကေလးငယ္အား ကြ်ဲစားက်က္အတြင္း လွန္းထားသည့္ ကြ်ဲတြင္ တပ္ဆင္ထားသည့္ ႀကိဳးအား သြားေရာက္ယူခိုင္းရာ ၀ါ႐ံုေဘးတြင္ အဓမၼျပဳက်င့္ရန္ အသင့္ရွိေနသည့္ ခြန္ေက်ာ္သန္း(ခ)တသန္းမွ ကေလးငယ္အား မွိဳေပးမည္ဟုေခၚသြားကာ အဓမၼျပဳက်င့္၍ ႀကိဳးျဖင့္ လည္ပင္းအားရစ္ပါတ္ကာ သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဓမၼျပဳက်င့္သူအား ဖမ္းဆီးရမိသည့္ေန႔တြင္ ဘန္းယဥ္နယ္ေျမရဲစခန္းမွဴးမွ အမႈျဖစ္စဥ္အား ျပန္လည္သရုပ္ျပေစခဲ့ၿပီး ဘန္းယဥ္နယ္ေျမရဲစခန္း (ပ)၃၂/၂၀၁၆ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၀၂ ျဖင့္ အမႈဖြင့္လွစ္အေရးယူထားေၾကာင္း သိရသည္။

သတင္း - ႏိုႏို

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ် တောင်ပိုင်းဒေသ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ဒုတိယတန်းကျောင်းသူအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်သွားသူအား သြဂုတ်လ(၁၈)ရက်နေ့က ဖမ်းဆီးမိခဲ့ကြောင်း ဘန်းယဉ်နယ်မြေရဲစခန်းမှ သိရသည်။

ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်ဆံဗက်ကျေးရွာမှ ဒုတိယတန်းကျောင်းသူ မနန်းစိမ်းအား သြဂုတ်လ(၉)ရက်နေ့က အဓမ္မပြုကျင့်ကာ လည်ပင်းအားကြိုးဖြင့်ချည်၍ မသေမချင်း သတ်ဖြတ်သွားသူကို ဘန်းယဉ်နယ်မြေရဲစခန်းမှ ဖော်ထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကလေးငယ်၏ဖခင်မှ ကျောင်းမှပြန်လာသော ကလေးငယ်အား ကျွဲစားကျက်အတွင်း လှန်းထားသည့် ကျွဲတွင် တပ်ဆင်ထားသည့် ကြိုးအား သွားရောက်ယူခိုင်းရာ ဝါရုံဘေးတွင် အဓမ္မပြုကျင့်ရန် အသင့်ရှိနေသည့် ခွန်ကျော်သန်း(ခ)တသန်းမှ ကလေးငယ်အား မှိုပေးမည်ဟုခေါ်သွားကာ အဓမ္မပြုကျင့်၍ ကြိုးဖြင့် လည်ပင်းအားရစ်ပါတ်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဓမ္မပြုကျင့်သူအား ဖမ်းဆီးရမိသည့်နေ့တွင် ဘန်းယဉ်နယ်မြေရဲစခန်းမှူးမှ အမှုဖြစ်စဉ်အား ပြန်လည်သရုပ်ပြစေခဲ့ပြီး ဘန်းယဉ်နယ်မြေရဲစခန်း (ပ)၃၂/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂ ဖြင့် အမှုဖွင့်လှစ်အရေးယူထားကြောင်း သိရသည်။

သတင်း - နိုနိ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~