ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ သတၳဳတူးေဖၚေရးလုပ္ငန္း လုပ္ကိုင္ခြင့္ရ (၉၉) ခု အနက္ (၉၂)ခုသာ လုပ္ငန္းလည္ပတ္

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ သတၳဳတူးေဖၚေရးလုပ္ငန္း လုပ္ကိုင္ခြင့္ရ (၉၉) ခု အနက္ (၉၂)ခုသာ လုပ္ငန္းလည္ပတ္
သြဂုတ် 7, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ သတၳဳတူးေဖၚေရးလုပ္ငန္း လုပ္ကိုင္ခြင့္ျပဳထားသည့္ သတၳဳလုပ္ငန္း ကုမၸဏီေပါင္း (၉၉) ခုအနက္ ကုမၸဏီ (၇)ခုမွာ လုပ္ကိုင္ျခင္းမရိွသျဖင့္ လက္ရိွလုပ္ငန္းလုပ္ေဆာင္ေနသည့္ လုပ္ကြက္ေပါင္း (၉၂)ခုရိွေၾကာင္း ရွမ္းျပည္နယ္အေရွ႕ပိုင္း သတၱဳလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။

ခြင့္ျပဳထားသည့္ သတၳဳတူးေဖၚေရးလုပ္ငန္းမ်ားတြင္ ေရႊသတၳဳတူးေဖၚမႈ၊ မင္းဂနီးစ္ဒိုင္ေအာက္ဆိုဒ္ႏွင့္ ခဲမျဖဴ၊ အၿဖိဳက္နက္၊ ခေနာက္စိမ္း၊ ခဲ၊သြပ္ႏွင့္ ေက်ာက္မီးေသြးတူးေဖၚမႈမ်ား ပါဝင္ေၾကာင္းသိရသည္။

"ႏိုင္ငံေတာ္အစိုးရကို ေရႊစသြင္းတာက (၂၀၀၈-၂၀၀၉) ခုႏွစ္ကတည္းက သြင္းခဲ့တာ။ ကုမၸဏီေတြ သြင္းခဲ့သမွ်ကို မွတ္တမ္းျပဳစုထားတာပါ။ ကုမၸဏီေတြက လုပ္ကြက္ပမာဏ တစ္ခုနဲ႔တစ္ခု မတူညီတာေတြလည္း ရွိပါတယ္။ တစ္ခ်ိဳ႕ဆို (၂၄)က်ပ္သား၊ တစ္ခ်ိဳ႕ဆို(၄)က်ပ္သားလည္း ရွိပါတယ္ "ဟု ရွမ္းျပည္နယ္အေရွ႕ပိုင္း သတၱဳလုပ္ငန္းရွင္မ်ားအသင္း အတြင္းေရးမွဴး ဦးတင္ႏြယ္က ေျပာသည္။

အဆိုပါ သတၳဳတူးေဖၚေရးလုပ္ငန္းမ်ားအနက္ ေရႊတူးေဖၚမႈလုပ္ငန္းလုပ္ကိုင္ေနသည့္ ကုမၸဏီေပါင္း(၃၉)ခုမွ (၈)ႏွစ္အတြင္း ႏုိင္ငံေတာ္သို႔ ေပးသြင္းေနသည့္ ေရႊပမာဏမွာ (၃၄)ပိႆာေက်ာ္ရိွေၾကာင္း ရွမ္းျပည္နယ္အေရွ႕ပိုင္း သတၱဳလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။

အဆိုပါ ခြင့္ျပဳခ်က္ရကုမၸဏီမ်ားက ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ေရႊတူးေဖၚသည့္ လုပ္ကြက္ေပါင္း(၆၁)ကြက္မွ ထုတ္လုပ္ခြင့္ရရွိထားျခင္းျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ ဇူလိုင္လအထိ လုပ္ကြက္(၃၈)ကြက္မွ တူးေဖၚေနကာ  လုပ္ကြက္(၂၃)ကြက္ကို ေလွ်ာက္ထားဆဲျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ လက္ရိွလုပ္ငန္းလည္ပတ္ေနသည့္ သတၱဳတူးေဖၚသည့္ကုမၸဏီ (၉၂)ခုမွ လုပ္သားေပါင္း(၈၀၇)ဦးအတြက္ လစဥ္ လစာေငြ က်ပ္သိန္းေပါင္း(၁၂၉၃)ကို ေပးထားၿပီး၊ ၂၀၁၂ ခုႏွစ္ ေအာက္တိုဘာလမွ ၂၀၁၆ ခုႏွစ္ ဇြန္လအထိ သတၱဳတူးေဖၚမႈေၾကာင့္ ပ်က္စီး၊ ထိခိုက္၊ နစ္နာမႈမ်ားအတြက္ ေဒသခံမ်ားသို႔ သက္ဆိုင္ရာကုမၸဏီမ်ား၏ စုစုေပါင္း ေထာက္ပံ့ခဲ့မႈမွာ က်ပ္သိန္းေပါင္း(၄၉၄၁)ရွိခဲ့ေၾကာင္း ရွမ္းျပည္နယ္အေရွ႕ပိုင္း သတၳဳလုပ္ငန္းရွင္မ်ားအသင္းထံမွ သိရသည္။

သတင္း - ကိုဇက္
..........

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် သတ္ထုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသည့် သတ္ထုလုပ်ငန်း ကုမ္ပဏီပေါင်း (၉၉) ခုအနက် ကုမ္ပဏီ (၇)ခုမှာ လုပ်ကိုင်ခြင်းမရှိသဖြင့် လက်ရှိလုပ်ငန်းလုပ်ဆောင်နေသည့် လုပ်ကွက်ပေါင်း (၉၂)ခုရှိကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း သတ္တုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ခွင့်ပြုထားသည့် သတ္ထုတူးဖော်ရေးလုပ်ငန်းများတွင် ရွှေသတ္ထုတူးဖော်မှု၊ မင်းဂနီးစ်ဒိုင်အောက်ဆိုဒ်နှင့် ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်း၊ ခဲ၊သွပ်နှင့် ကျောက်မီးသွေးတူးဖော်မှုများ ပါဝင်ကြောင်းသိရသည်။

"နိုင်ငံတော်အစိုးရကို ရွှေစသွင်းတာက (၂၀၀၈-၂၀၀၉) ခုနှစ်ကတည်းက သွင်းခဲ့တာ။ ကုမ္ပဏီတွေ သွင်းခဲ့သမျှကို မှတ်တမ်းပြုစုထားတာပါ။ ကုမ္ပဏီတွေက လုပ်ကွက်ပမာဏ တစ်ခုနဲ့တစ်ခု မတူညီတာတွေလည်း ရှိပါတယ်။ တစ်ချို့ဆို (၂၄)ကျပ်သား၊ တစ်ချို့ဆို(၄)ကျပ်သားလည်း ရှိပါတယ် "ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း သတ္တုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတင်နွယ်က ပြောသည်။

အဆိုပါ သတ္ထုတူးဖော်ရေးလုပ်ငန်းများအနက် ရွှေတူးဖော်မှုလုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီပေါင်း(၃၉)ခုမှ (၈)နှစ်အတွင်း နိုင်ငံတော်သို့ ပေးသွင်းနေသည့် ရွှေပမာဏမှာ (၃၄)ပိဿါကျော်ရှိကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း သတ္တုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

အဆိုပါ ခွင့်ပြုချက်ရကုမ္ပဏီများက ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ရွှေတူးဖော်သည့် လုပ်ကွက်ပေါင်း(၆၁)ကွက်မှ ထုတ်လုပ်ခွင့်ရရှိထားခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လအထိ လုပ်ကွက်(၃၈)ကွက်မှ တူးဖော်နေကာ လုပ်ကွက်(၂၃)ကွက်ကို လျှောက်ထားဆဲဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် လက်ရှိလုပ်ငန်းလည်ပတ်နေသည့် သတ္တုတူးဖော်သည့်ကုမ္ပဏီ (၉၂)ခုမှ လုပ်သားပေါင်း(၈၀၇)ဦးအတွက် လစဉ် လစာငွေ ကျပ်သိန်းပေါင်း(၁၂၉၃)ကို ပေးထားပြီး၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလမှ ၂၀၁၆ ခုနှစ် ဇွန်လအထိ သတ္တုတူးဖော်မှုကြောင့် ပျက်စီး၊ ထိခိုက်၊ နစ်နာမှုများအတွက် ဒေသခံများသို့ သက်ဆိုင်ရာကုမ္ပဏီများ၏ စုစုပေါင်း ထောက်ပံ့ခဲ့မှုမှာ ကျပ်သိန်းပေါင်း(၄၉၄၁)ရှိခဲ့ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း သတ္ထုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~