တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ အသစ္ျပန္လည္ဖြဲ႔စည္း၊ ဦးစိုင္းလံုမားမွ ေကာ္မတီ ဥကၠဌ ျဖစ္လာ

တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ အသစ္ျပန္လည္ဖြဲ႔စည္း၊ ဦးစိုင္းလံုမားမွ ေကာ္မတီ ဥကၠဌ ျဖစ္လာ
သြဂုတ် 5, 2016
By Tachileik News Agency
( ဥကၠဌ အျဖစ္ ေရြးခ်ယ္ခံရသူ ဦးစိုင္းလံုမား )

တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီအား အသစ္ျပန္လည္ဖြဲ႔စည္း ေရြးခ်ယ္မႈအျဖစ္ ၾသဂုတ္လ(၅)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕၊ ေအာင္ျမတ္ခန္းမ၌ က်င္းပျပဳလုပ္ရာ အဆိုပါေကာ္မတီ ဥကၠဌအျဖစ္ ၀င္ေရာက္ ေရြးခ်ယ္ခံသူ (၉)ဦးအနက္ ဦးစိုင္းလံုမားကို မဲအမ်ားဆံုးျဖင့္ ေရြးခ်ယ္လိုက္သည္။

တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ တာ၀န္အား ထမ္းေဆာင္ရန္အတြက္ ဦးျမင့္ဦး(မုတ္ဆိတ္)၊ ဦးေဌးေအာင္၊ ဦးခမ္းဟုန္၊ ဦးထိန္မင္း၊ ေဒၚစိုးဥမၼာ၊ ဦးစိုင္းလံုမား၊ ဦးစိုင္းရီတစ္၊ ဦးစိန္လြင္ ႏွင့္ ေဒၚႏွင္းယုခိုင္တို႔မွ ၀င္ေရာက္ေရြးခ်ယ္ခံရာ မဲေပးခြင့္ရွိသူ (၅၁)ဦးမွ မဲေပးရာတြင္ ဦးစိုင္းလံုမားမွ မဲအမ်ားဆံုးျဖင့္ (၃၈)မဲ ရရွိကာ တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ၏ ဥကၠဌ အျဖစ္ ေရြးခ်ယ္ခံရၿပီး ဒုတိယမဲအမ်ားဆံုးျဖင့္(၉)မဲရရွိသည့္ ဦးျမင့္ဦး(မုတ္ဆိတ္)မွာ ၿမိဳ႕မိၿမိဳ႕ဖ ကိုယ္စားလွယ္အျဖစ္ ပါ၀င္ကာ စည္ပင္သာယာေရးေကာ္မတီအဖြဲ႔၀င္ ျဖစ္လာသည္။

ဆက္လက္၍ က်န္ရွိသည့္ (၇)ဦးထဲမွ စည္ပင္သာယာေရးေကာ္မတီ အဖြဲ႔၀င္ လူမႈေရး(သို႔)စီးပြားေရးကိုယ္စားလွယ္ ႏွင့္ ကြ်မ္းက်င္ပညာရွင္၊ ပညာအေျချပဳကိုယ္စားလွယ္အတြက္ (၂)ဦးအား မဲေပးခြင့္ရွိသူ (၅၁)ဦးမွ မဲစနစ္ျဖင့္ ေရြးခ်ယ္ေပးရာတြင္ လူမႈေရး(သို႔)စီးပြားေရးကိုယ္စားလွယ္အျဖစ္ ဦးစိန္လြင္(အၿငိမ္းစား၊ပညာေရး) မွ ေရြးခ်ယ္ခံရၿပီး၊ ကြ်မ္းက်င္ပညာရွင္၊ ပညာအေျချပဳ ကိုယ္စားလွယ္အျဖစ္ ဦးထိန္မင္း မွ ေရြးခ်ယ္ခံရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြက္ အသစ္ျပန္လည္ဖြဲ႔စည္းလိုက္ေသာ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီတြင္ ဦးစိုင္းလံုမား(ဥကၠဌ)၊ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ(အတြင္းေရးမွဴး)၊ ဦးျမင့္ဦး(အဖြဲ႔၀င္)၊ ဦးထိန္မင္း(အဖြဲ႔၀င္)၊ ဦးစိန္လြင္(အဖြဲ႔၀င္)၊ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး(အဖြဲ႔၀င္) ႏွင့္ ေက်းလက္ေဒသဖြံ႔ၿဖဳိးေရးဦးစီးဌာန(အဖြဲ႔၀င္)တို႔ျဖစ္ၿပီး အရပ္ဘက္မွ (၄)ဦး ႏွင့္ ဌာနဆိုင္ရာမွ(၃)ဦး စုစုေပါင္း (၇)ဦးျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေက်ာ္မိုးထြန္း ႏွင့္ ၿမိဳ႕နယ္အဆင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား၊ မဲေပးခြင့္ရွိသူ ရပ္မိ/ရပ္ဖမ်ား၊ ေလ့လာသူမ်ား ႏွင့္ သတင္းမီဒီယာမ်ား တက္ေရာက္လာခဲ့ေၾကာင္း သိရသည္။

ယခုေရြးခ်ယ္လိုက္ေသာ အရပ္ဘက္မွ (၄)ဦးတြင္ (၃)ဦးမွာ ယခင္ ပထမအႀကိမ္ စည္ပင္သာယာေရး ေကာ္မတီတြင္ တာ၀န္ထမ္းေဆာင္ခဲ့ဖူးသူမ်ား ျဖစ္ေၾကာင္း ႏွင့္ က်န္(၁)ဦးမွာ ယခု ဒုတိယအႀကိမ္တြင္ ၀င္ေရာက္ေရြးခ်ယ္ခံရာမွ ပါ၀င္လာျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ‪#‎ကိုေဇာင္း‬
ဓာတ္ပံု - ‪#‎ေဇာင္းညီ‬
..............

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီအား အသစ်ပြန်လည်ဖွဲ့စည်း ရွေးချယ်မှုအဖြစ် သြဂုတ်လ(၅)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အဆိုပါကော်မတီ ဥက္ကဌအဖြစ် ဝင်ရောက် ရွေးချယ်ခံသူ (၉)ဦးအနက် ဦးစိုင်းလုံမားကို မဲအများဆုံးဖြင့် ရွေးချယ်လိုက်သည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ တာဝန်အား ထမ်းဆောင်ရန်အတွက် ဦးမြင့်ဦး(မုတ်ဆိတ်)၊ ဦးဌေးအောင်၊ ဦးခမ်းဟုန်၊ ဦးထိန်မင်း၊ ဒေါ်စိုးဥမ္မာ၊ ဦးစိုင်းလုံမား၊ ဦးစိုင်းရီတစ်၊ ဦးစိန်လွင် နှင့် ဒေါ်နှင်းယုခိုင်တို့မှ ဝင်ရောက်ရွေးချယ်ခံရာ မဲပေးခွင့်ရှိသူ (၅၁)ဦးမှ မဲပေးရာတွင် ဦးစိုင်းလုံမားမှ မဲအများဆုံးဖြင့် (၃၈)မဲ ရရှိကာ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ဥက္ကဌ အဖြစ် ရွေးချယ်ခံရပြီး ဒုတိယမဲအများဆုံးဖြင့်(၉)မဲရရှိသည့် ဦးမြင့်ဦး(မုတ်ဆိတ်)မှာ မြို့မိမြို့ဖ ကိုယ်စားလှယ်အဖြစ် ပါဝင်ကာ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဖြစ်လာသည်။

ဆက်လက်၍ ကျန်ရှိသည့် (၇)ဦးထဲမှ စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် လူမှုရေး(သို့)စီးပွားရေးကိုယ်စားလှယ် နှင့် ကျွမ်းကျင်ပညာရှင်၊ ပညာအခြပြေုကိုယ်စားလှယ်အတွက် (၂)ဦးအား မဲပေးခွင့်ရှိသူ (၅၁)ဦးမှ မဲစနစ်ဖြင့် ရွေးချယ်ပေးရာတွင် လူမှုရေး(သို့)စီးပွားရေးကိုယ်စားလှယ်အဖြစ် ဦးစိန်လွင်(အငြိမ်းစား၊ပညာရေး) မှ ရွေးချယ်ခံရပြီး၊ ကျွမ်းကျင်ပညာရှင်၊ ပညာအခြပြေု ကိုယ်စားလှယ်အဖြစ် ဦးထိန်မင်း မှ ရွေးချယ်ခံရသည်။

တာချီလိတ်မြို့နယ်အတွက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော မြို့နယ်စည်ပင်သာယာရေးကော်မတီတွင် ဦးစိုင်းလုံမား(ဥက္ကဌ)၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ(အတွင်းရေးမှူး)၊ ဦးမြင့်ဦး(အဖွဲ့ဝင်)၊ ဦးထိန်မင်း(အဖွဲ့ဝင်)၊ ဦးစိန်လွင်(အဖွဲ့ဝင်)၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး(အဖွဲ့ဝင်) နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန(အဖွဲ့ဝင်)တို့ဖြစ်ပြီး အရပ်ဘက်မှ (၄)ဦး နှင့် ဌာနဆိုင်ရာမှ(၃)ဦး စုစုပေါင်း (၇)ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်း နှင့် မြို့နယ်အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မဲပေးခွင့်ရှိသူ ရပ်မိ/ရပ်ဖများ၊ လေ့လာသူများ နှင့် သတင်းမီဒီယာများ တက်ရောက်လာခဲ့ကြောင်း သိရသည်။

ယခုရွေးချယ်လိုက်သော အရပ်ဘက်မှ (၄)ဦးတွင် (၃)ဦးမှာ ယခင် ပထမအကြိမ် စည်ပင်သာယာရေး ကော်မတီတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများ ဖြစ်ကြောင်း နှင့် ကျန်(၁)ဦးမှာ ယခု ဒုတိယအကြိမ်တွင် ဝင်ရောက်ရွေးချယ်ခံရာမှ ပါဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ‪#‎ကိုဇောင်း‬
ဓာတ်ပုံ - ‪#‎ဇောင်းညီ‬

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~