တာခ်ီလိတ္တြင္ အိမ္ေဆာက္မိန္႔ေထာက္ခံစာမ်ားအား ကြင္းဆင္းစစ္ေဆးၿပီးမွ ထုတ္ေပးရန္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွႈးမ်ားအား ၿမိဳ႕နယ္စည္ပင္ သတိေပး

တာခ်ီလိတ္တြင္ အိမ္ေဆာက္မိန္႔ေထာက္ခံစာမ်ားအား ကြင္းဆင္းစစ္ေဆးၿပီးမွ ထုတ္ေပးရန္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွႈးမ်ားအား ၿမိဳ႕နယ္စည္ပင္ သတိေပး
သြဂုတ် 18, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ အိမ္ေဆာက္မိန္႔ေထာက္ခံစာမ်ားအား ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးမ်ား ကိုယ္တိုင္ ကြင္းဆင္းစစ္ေဆးၿပီး ပိုင္ဆိုင္မႈ အရႈပ္အရွင္း ကင္းရွင္းေၾကာင္း ေသခ်ာမွ ေထာက္ခံစာေပးရန္ တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ သတိေပးလိုက္သည္။

"တခ်ိဳ႕က စည္ပင္ဌာနမွာ ပိုင္ဆိုင္မႈအေထာက္အထားေတြ ျပည့္ျပည့္စုံစုံ မပါဘဲနဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ေထာက္ခံစာနဲ႔ပဲ အိမ္ေဆာက္မိန္႔လာတင္ၾကတယ္။ အဲဒါေၾကာင့္ ဥပေဒစည္းမ်ဥ္းစည္းကမ္းႏွင့္ မညီေတာ့ ေပးလို႔မရဘူး။ အိမ္ရွင္က စည္ပင္သာယာေရးရုံးကို အိမ္ေဆာက္မိန္႔ေတာ့တင္ထားတယ္။ ဘာလို႔ ခြင့္ျပဳမိန္႔ မက်လဲဆိုတဲ့ ပုံစံျဖစ္သြားရင္ ဥပေဒမညီဘူးျဖစ္သြားတယ္။ ဒါေၾကာင့္ ဥပေဒနဲ႔အညီ ခြင့္ျပဳမိန္႔ေပးဖို႔အတြက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြက ေသခ်ာစစ္ေဆးၿပီး ေထာက္ခံစာေပးဖို႔ အသိေပးျခင္းျဖစ္ပါတယ္။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္မိုးထြန္းက ေျပာသည္။

အိမ္ေဆာက္မိန္႔မပါဘဲ ေဆာက္လွ်က္ရွိေသာ အိမ္မ်ားကို ကြင္းဆင္းစစ္ေဆးကာ ဥပေဒအရ အေရးယူမည္ျဖစ္ၿပီး လက္ရွိတြင္ ပုန္းထြန္ရပ္ကြက္အတြင္း အိမ္ေဆာက္မိန္႔မပါဘဲ  အေဆာက္အဦ တစ္ခု ေဆာက္လုပ္ေနျခင္းကို သတိေပးစာ (၄)ႀကိမ္ထုတ္ေသာ္လည္း ဆက္လက္ ေဆာက္လုပ္ေနသျဖင့္ တားျမစ္အေဆာက္အဦးအျဖစ္သတ္မွတ္ၿပီး ရပ္ခိုင္းထားေၾကာင္း သိရသည္။

"ဟိုအရင္ (၁၀)ႏွစ္ (၁၅)ေလာက္တုန္းကေတာ့ ဘိုးဘြားပိုင္ေျမေတြကို ဒီလိုပဲ ျခံေတြဘာေတြရွင္းၿပီး ေဆာက္ၾကတာ။ ဘာခြင့္ျပဳမိန္႔မွ ေတာင္းစရာမလိုဘူး။ ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ ေျမယာအရႈပ္အရွင္းေတြ ရွိလာတယ္ဆိုေတာ့ ပိုင္ဆိုင္မႈ အေထာက္အထားေတြနဲ႔ အိမ္ေဆာက္မိန္႔တင္ၿပီး ေဆာက္လုပ္ရင္ေတာ့ ေကာင္းတာေပါ့။ တစ္ခုေတာ့ အလုပ္ရႈပ္တာေပါ့။ အရင္ကဘိုးဘြားပိုင္ေျမေတြဆိုေတာ့ အေထာက္အထား စာရြက္စာတမ္း ျပန္လုပ္ရတာေပါ့။"ဟု ေဒသခံ ဦးစိုင္းေက်ာက္က ေျပာသည္။

ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား အေနျဖင့္ စည္ပင္သာယာေရးဌာနမွ အိမ္ေဆာက္မိန္႔ေပးရန္အတြက္ ရပ္ကြက္ေထာက္ခံစာကိုေပးမည္ဆိုပါက အိမ္ျခံပိုင္ဆိုင္မႈအရႈပ္အရွင္းမရွိဘဲ ပိုင္ဆိုင္မႈေထာက္ခံစာ ျပည့္ျပည့္စုံစုံပါမွာသာ ေထာက္ခံစာေပးသင့္ေၾကာင္းကို ၾသဂုတ္လ (၁၅)ရက္ေန႔က စည္ပင္သာယာေရး ရုံးတြင္ ျပဳလုပ္ခဲ့သည့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ စည္ပင္သာယာေရးေကာ္မတီ အစည္းအေဝးတြင္ အသိေပးခဲ့ျခင္းျဖစ္သည္။

သတင္း - ေဇာင္းညီ
~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အိမ်ဆောက်မိန့်ထောက်ခံစာများအား ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပြီး ပိုင်ဆိုင်မှု အရှုပ်အရှင်း ကင်းရှင်းကြောင်း သေချာမှ ထောက်ခံစာပေးရန် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ သတိပေးလိုက်သည်။

"တချို့က စည်ပင်ဌာနမှာ ပိုင်ဆိုင်မှုအထောက်အထားတွေ ပြည့်ပြည့်စုံစုံ မပါဘဲနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာနဲ့ပဲ အိမ်ဆောက်မိန့်လာတင်ကြတယ်။ အဲဒါကြောင့် ဥပဒေစည်းမျဉ်းစည်းကမ်းနှင့် မညီတော့ ပေးလို့မရဘူး။ အိမ်ရှင်က စည်ပင်သာယာရေးရုံးကို အိမ်ဆောက်မိန့်တော့တင်ထားတယ်။ ဘာလို့ ခွင့်ပြုမိန့် မကျလဲဆိုတဲ့ ပုံစံဖြစ်သွားရင် ဥပဒေမညီဘူးဖြစ်သွားတယ်။ ဒါကြောင့် ဥပဒေနဲ့အညီ ခွင့်ပြုမိန့်ပေးဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သေချာစစ်ဆေးပြီး ထောက်ခံစာပေးဖို့ အသိပေးခြင်းဖြစ်ပါတယ်။"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်းက ပြောသည်။

အိမ်ဆောက်မိန့်မပါဘဲ ဆောက်လျှက်ရှိသော အိမ်များကို ကွင်းဆင်းစစ်ဆေးကာ ဥပဒေအရ အရေးယူမည်ဖြစ်ပြီး လက်ရှိတွင် ပုန်းထွန်ရပ်ကွက်အတွင်း အိမ်ဆောက်မိန့်မပါဘဲ အဆောက်အဦ တစ်ခု ဆောက်လုပ်နခြေင်းကို သတိပေးစာ (၄)ကြိမ်ထုတ်သော်လည်း ဆက်လက် ဆောက်လုပ်နေသဖြင့် တားမြစ်အဆောက်အဦးအဖြစ်သတ်မှတ်ပြီး ရပ်ခိုင်းထားကြောင်း သိရသည်။

"ဟိုအရင် (၁၀)နှစ် (၁၅)လောက်တုန်းကတော့ ဘိုးဘွားပိုင်မြေတွေကို ဒီလိုပဲ ခြံတွေဘာတွေရှင်းပြီး ဆောက်ကြတာ။ ဘာခွင့်ပြုမိန့်မှ တောင်းစရာမလိုဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ မြေယာအရှုပ်အရှင်းတွေ ရှိလာတယ်ဆိုတော့ ပိုင်ဆိုင်မှု အထောက်အထားတွေနဲ့ အိမ်ဆောက်မိန့်တင်ပြီး ဆောက်လုပ်ရင်တော့ ကောင်းတာပေါ့။ တစ်ခုတော့ အလုပ်ရှုပ်တာပေါ့။ အရင်ကဘိုးဘွားပိုင်မြေတွေဆိုတော့ အထောက်အထား စာရွက်စာတမ်း ပြန်လုပ်ရတာပေါ့။"ဟု ဒေသခံ ဦးစိုင်းကျောက်က ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အနဖြေင့် စည်ပင်သာယာရေးဌာနမှ အိမ်ဆောက်မိန့်ပေးရန်အတွက် ရပ်ကွက်ထောက်ခံစာကိုပေးမည်ဆိုပါက အိမ်ခြံပိုင်ဆိုင်မှုအရှုပ်အရှင်းမရှိဘဲ ပိုင်ဆိုင်မှုထောက်ခံစာ ပြည့်ပြည့်စုံစုံပါမှာသာ ထောက်ခံစာပေးသင့်ကြောင်းကို သြဂုတ်လ (၁၅)ရက်နေ့က စည်ပင်သာယာရေး ရုံးတွင် ပြုလုပ်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးတွင် အသိပေးခဲ့ခြင်းဖြစ်သည်။

သတင်း - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~