ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူးယစ္ေဆးဝါး က်ဆင္းေရး ရက္ (၁၀၀)စီမံခ်က္အလြန္တြင္ (၆)လ စီမံခ်က္ျဖင့္ ထပ္မံေဆာင္ရြက္မည္

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူးယစ္ေဆးဝါး က်ဆင္းေရး ရက္ (၁၀၀)စီမံခ်က္အလြန္တြင္ (၆)လ စီမံခ်က္ျဖင့္ ထပ္မံေဆာင္ရြက္မည္
သြဂုတ် 4, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ မူးယစ္ေဆးဝါး က်ဆင္းေရး ရက္(၁၀၀) စီမံခ်က္ၿပီးေတာ့မည္ ျဖစ္ေသာ္လည္း ေနာက္ထပ္ (၆)လ စီမံခ်က္ျဖင့္ ထပ္မံ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္(ေျမာက္) ဒုတိယရဲတပ္ဖြဲ႕မွဴးရံုးမွ သိရသည္။

"(၆)လစီမံခ်က္ ထပ္ဆြဲၿပီး ရက္(၁၀၀)အတြင္းမွာ လုပ္ေဆာင္ခဲ့သလိုပဲ လုပ္ေဆာင္သြားမွာပါ။ အဓိကေတာ့ မူးယစ္ေဆးဝါးေပါ့။ ကာလတို၊ ကာလရွည္ စီမံခ်က္ေတြနဲ႔ လုပ္ေဆာင္သြားမွာပါ။ လူေမွာင္ခိုမႈ၊ မူးယစ္ေဆးဝါး ေမွာင္ခိုမႈေတြကေတာ့ ရက္(၁၀၀)အတြင္းလည္း မၿပီးနိုင္ဘူး။ မူးယစ္ေဆးဝါး အျမစ္ျပတ္ဖို႔ဆိုတာက မျဖစ္နိုင္ဘူး။ ရက္ေပါင္း(၁၀၀၀)၊ (၁၀၀၀၀)လည္းၿပီးမွာ မဟုတ္ဘူး။ လက္နက္ကိုင္ အဖြဲ႕အစည္းရွိေနသေရြ႕ မူးယစ္ေဆးဝါးအႏၲရာယ္က ရွိေနဦးမွာပဲ။ ဘာလို႔လဲဆိုေတာ့ သူတို႔အတြက္ လက္နက္ခဲယမ္း၊ အဝတ္အထည္ကအစ မိသားစု စားဝတ္ေနေရးအတြက္ ဒီမူးယစ္ေဆးဝါး ထုတ္လုပ္ ေရာင္းခ်မွသာလ်ွင္ သူတို႔လည္ပတ္လို႔ရမယ္။"ဟု ရွမ္းျပည္နယ္ ဒုတိယရဲတပ္ဖြဲ႕မွဴးရံုးမွ အႀကီးတန္းအရာရွိတစ္ဦးက ေျပာသည္။

မႈခင္းက်ဆင္းေရးနွင့္ မူးယစ္ေဆးဝါးနွိမ္နွင္းေရးအား ေအာင္ျမင္ရန္မွာ ျပည္သူလူထု၏ ပူးေပါင္းပါဝင္မႈ လိုအပ္သျဖင့္ ျပည္သူမ်ား၏ ပူးေပါင္းေဆာင္ရြက္မႈ ရရိွေရးကိုလည္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဒီစီမံခ်က္အတြင္းမွာ ကၽြန္ေတာ္တုိ႔ ဖိဖိစီးစီးနဲ႔ အစိုး႐ရဲ႕ပံုရိပ္၊ ရဲတပ္ဖြဲ႕ေတြရဲ႕ ပံုရိပ္ေကာင္းတစ္ခုရလာေအာင္ လုပ္ေဆာင္ခဲ့ပါတယ္။ ဒီရက္(၁၀၀) အတြင္းပဲလား ဆိုေပမဲ့ မဟုတ္ပါဘူး။ ျပည္ေထာင္စုျမန္မာနိုင္ငံေတာ္ႀကီး အဓြန္႔ရွည္တည္တံ႔ေနသေရြ႕ ျမန္မာလူမ်ိဳးထုႀကီး ေပ်ာက္ပ်က္ မသြားေအာင္ ဒီမူးယစ္ေဆးဝါးကို နွိမ္နွင္းေနရဦးမွာပဲ။"ဟု ၎က ဆက္ေျပာသည္။

ရွမ္းျပည္နယ္ ဒုတိယရဲတပ္ဖြဲ႕(လားရိွဳး)နယ္ေျမအတြင္း ေမလ (၁) ရက္ေန႔မွ ဇူလိုင္လ (၃၁) ရက္အထိ မႈခင္းက်ဆင္းေရးေဆာင္ရြက္စဥ္ကာလအတြင္း မူးယစ္ေဆးဝါးအမႈေပါင္း (၃၄၃)မႈမွ တရားခံ က်ား(၄၀၃)ဦး၊ မ (၄၂)ဦး စုစုေပါင္း(၄၄၅)ဦးကို ဖမ္းဆီးအေရးယူႏုိင္ခဲ့ေၾကာင္း သိရွိရသည္။

သတင္း - ေအာင္ျပည့္
............

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် မူးယစ်ဆေးဝါး ကျဆင်းရေး ရက်(၁၀၀) စီမံချက်ပြီးတော့မည် ဖြစ်သော်လည်း နောက်ထပ် (၆)လ စီမံချက်ဖြင့် ထပ်မံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်(မြောက်) ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"(၆)လစီမံချက် ထပ်ဆွဲပြီး ရက်(၁၀၀)အတွင်းမှာ လုပ်ဆောင်ခဲ့သလိုပဲ လုပ်ဆောင်သွားမှာပါ။ အဓိကတော့ မူးယစ်ဆေးဝါးပေါ့။ ကာလတို၊ ကာလရှည် စီမံချက်တွေနဲ့ လုပ်ဆောင်သွားမှာပါ။ လူမှောင်ခိုမှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကတော့ ရက်(၁၀၀)အတွင်းလည်း မပြီးနိုင်ဘူး။ မူးယစ်ဆေးဝါး အမြစ်ပြတ်ဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ရက်ပေါင်း(၁၀၀၀)၊ (၁၀၀၀၀)လည်းပြီးမှာ မဟုတ်ဘူး။ လက်နက်ကိုင် အဖွဲ့အစည်းရှိနေသရွေ့ မူးယစ်ဆေးဝါးအန္တရာယ်က ရှိနေဦးမှာပဲ။ ဘာလို့လဲဆိုတော့ သူတို့အတွက် လက်နက်ခဲယမ်း၊ အဝတ်အထည်ကအစ မိသားစု စားဝတ်နေရေးအတွက် ဒီမူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှသာလျှင် သူတို့လည်ပတ်လို့ရမယ်။"ဟု ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

မှုခင်းကျဆင်းရေးနှင့် မူးယစ်ဆေးဝါးနှိမ်နှင်းရေးအား အောင်မြင်ရန်မှာ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု လိုအပ်သဖြင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု ရရှိရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီစီမံချက်အတွင်းမှာ ကျွန်တော်တို့ ဖိဖိစီးစီးနဲ့ အစိုးရရဲ့ပုံရိပ်၊ ရဲတပ်ဖွဲ့တွေရဲ့ ပုံရိပ်ကောင်းတစ်ခုရလာအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒီရက်(၁၀၀) အတွင်းပဲလား ဆိုပေမဲ့ မဟုတ်ပါဘူး။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့နေသရွေ့ မြန်မာလူမျိုးထုကြီး ပျောက်ပျက် မသွားအောင် ဒီမူးယစ်ဆေးဝါးကို နှိမ်နှင်းနေရဦးမှာပဲ။"ဟု၎င်းက ဆက်ပြောသည်။

ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့(လားရှိုး)နယ်မြေအတွင်း မေလ (၁) ရက်နေ့မှ ဇူလိုင်လ (၃၁) ရက်အထိ မှုခင်းကျဆင်းရေးဆောင်ရွက်စဉ်ကာလအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း (၃၄၃)မှုမှ တရားခံ ကျား(၄၀၃)ဦး၊ မ (၄၂)ဦး စုစုပေါင်း(၄၄၅)ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရှိရသည်။

သတင်း - အောင်ပြည့်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~