ရွမ္းျပည္နယ္မွ ဆိုင္းငံ့စီမံကိန္းမ်ားကို လူထုလက္ခံႏိုင္မွသာ ျပည္နယ္အစိုးရက ျပန္လည္ခြင့္ျပဳမည္

ရွမ္းျပည္နယ္မွ ဆိုင္းငံ့စီမံကိန္းမ်ားကို လူထုလက္ခံႏိုင္မွသာ ျပည္နယ္အစိုးရက ျပန္လည္ခြင့္ျပဳမည္
သြဂုတ် 15, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း ရပ္နားထားေသာ စီမံကိန္းလုပ္ငန္းမ်ားႏွင့္ပတ္သက္သည့္ EIA/SIA အစီရင္ ခံစာမ်ားအား ျပည္သူလူထုထံ ပြင့္လင္းျမင္သာစြာျပရန္လိုအပ္ၿပီး လူထုလက္ခံမွသာ ျပန္လည္ ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားလိုက္သည္။

"ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ စီမံကိန္းေတြကို ကၽြန္ေတာ္တို႔က ရပ္တန္႔ပစ္လိုက္တာမဟုတ္ဘူး။ ယာယီဆိုင္းငံ့ ထားတာပါ။ အဓိကအေၾကာင္းရင္းက အရင္က စီမံကိန္းေတြလုပ္တဲ့ေနရာမွာ ပြင့္လင္းျမင္သာမႈ မရွိတဲ့အတြက္ ဆိုးက်ိဳးေတြကို ဒီေန႔ခံစားေနရတယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ပတ္သက္ရင္ ကၽြန္ေတာ္တို႔ ျပန္ၾကည့္ရမယ္။ ဒါကို ဘယ္ႏိုင္ငံကရင္းႏွီးျမႇွဴပ္ႏွံတာလဲ။ ဘယ္သူေတြက ရင္းႏွီးျမႇဴပ္ႏွံတာဆိုတာမ်ိဳး သိဖို႔လိုတယ္။ အဓိက စီးပြားေရးအျမင္၊ ႏိုင္ငံေရးအျမင္၊ စစ္ေရးအျမင္နဲ႔ ျပန္ၿပီးသံုးသပ္ၿပီးမွ ရမွာပါ"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညႊန္႔လြင္က ေျပာသည္။

ရွမ္းျပည္နယ္အတြင္း သံလြင္ျမစ္ေၾကာင္းတစ္ေလွ်ာက္ရွိ ေရအားလွ်ပ္စစ္မ်ားအပါအ၀င္ ပြင့္လင္းျမင္သာမႈ မရွိေသာ စီမံကိန္းမ်ားအား ရပ္တန္႔ထားၿပီး စီမံကိန္းမ်ား ျပန္လည္စတင္ရန္ EIA/SIA စစ္တမ္းမ်ား ျပန္လည္တင္ျပရန္လိုအပ္ေၾကာင္း စီမံကိန္းႏွင့္ဆက္ႏႊယ္သည့္ ေဒသခံမ်ား၏ ဆႏၵ၊ ရွမ္းျပည္နယ္အတြင္းရွိ တိုင္းရင္းသားျပည္သူမ်ား၏ ဆႏၵႏွင့္ တစ္ႏိုင္ငံလံုးျပည္သူမ်ား၏ သေဘာထားမ်ားလိုအပ္ေၾကာင္း စီမံကိန္းမ်ားအား စနစ္တက်စိစစ္၍ ပြင့္လင္းျမင္သာမႈရွိမွသာ ျပည္ေထာင္စုအစိုးရႏွင့္ ညိႇႏွိဳင္းၿပီးမွသာ ျပန္လည္ လုပ္ေဆာင္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

ရွမ္းျပည္နယ္အတြင္း သံလြင္ျမစ္ေပၚရွိ ေနာင္ဖေရး ေရအားလွ်ပ္စစ္စီမံကိန္းမ်ားအပါအ၀င္ အိမ္ရာ စီမံကိန္း၊ ဟိုတယ္ဇုံစီမံကိန္းႏွင့္ အျခားေသာ စီမံကိန္း(၄၀)ခန္႔ ယာယီရပ္ဆိုင္းထားၿပီးျဖစ္ေၾကာင္း သိရသည္။

ေနာင္ဖေရး သံလြင္ျမစ္ ေရအားလွ်ပ္စစ္ စီမံကိန္းမ်ားမွာ တ႐ုတ္ Hydrochina Corporation ကုမၸဏီႏွင့္ ျပည္တြင္းက IGE ကုမၸဏီတို႔ ပူးေပါင္း ေဆာင္ရြက္ေသာ စီမံကိန္းျဖစ္ၿပီး ရွမ္းျပည္နယ္အတြင္း အႀကီးမားဆုံး ေရအား လၽွပ္စစ္ဓာတ္အား ထုတ္ယူမည့္ စီမံကိန္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုဇက္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်အတွင်း ရပ်နားထားသော စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်သည့် EIA/SIA အစီရင် ခံစာများအား ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာပြရန်လိုအပ်ပြီး လူထုလက်ခံမှသာ ပြန်လည် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။

"ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီမံကိန်းတွေကို ကျွန်တော်တို့က ရပ်တန့်ပစ်လိုက်တာမဟုတ်ဘူး။ ယာယီဆိုင်းငံ့ ထားတာပါ။ အဓိကအကြောင်းရင်းက အရင်က စီမံကိန်းတွေလုပ်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ဆိုးကျိုးတွေကို ဒီနေ့ခံစားနေရတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ရင် ကျွန်တော်တို့ ပြန်ကြည့်ရမယ်။ ဒါကို ဘယ်နိုင်ငံကရင်းနှီးမြှူပ်နှံတာလဲ။ ဘယ်သူတွေက ရင်းနှီးမြှူပ်နှံတာဆိုတာမျိုး သိဖို့လိုတယ်။ အဓိက စီးပွားရေးအမြင်၊ နိုင်ငံရေးအမြင်၊ စစ်ရေးအမြင်နဲ့ ပြန်ပြီးသုံးသပ်ပြီးမှ ရမှာပါ"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောသည်။

ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ကြောင်းတစ်လျှောက်ရှိ ရေအားလျှပ်စစ်များအပါအဝင် ပွင့်လင်းမြင်သာမှု မရှိသော စီမံကိန်းများအား ရပ်တန့်ထားပြီး စီမံကိန်းများ ပြန်လည်စတင်ရန် EIA/SIA စစ်တမ်းများ ပြန်လည်တင်ပြရန်လိုအပ်ကြောင်း စီမံကိန်းနှင့်ဆက်နွှယ်သည့် ဒေသခံများ၏ ဆန္ဒ၊ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့် တစ်နိုင်ငံလုံးပြည်သူများ၏ သဘောထားများလိုအပ်ကြောင်း စီမံကိန်းများအား စနစ်တကျစိစစ်၍ ပွင့်လင်းမြင်သာမှုရှိမှသာ ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းပြီးမှသာ ပြန်လည် လုပ်ဆောင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ပေါ်ရှိ နောင်ဖရေး ရေအားလျှပ်စစ်စီမံကိန်းများအပါအဝင် အိမ်ရာ စီမံကိန်း၊ ဟိုတယ်ဇုံစီမံကိန်းနှင့် အခြားသော စီမံကိန်း(၄၀)ခန့် ယာယီရပ်ဆိုင်းထားပြီးဖြစ်ကြောင်း သိရသည်။

နောင်ဖရေး သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းများမှာ တရုတ် Hydrochina Corporation ကုမ္ပဏီနှင့် ပြည်တွင်းက IGE ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်သော စီမံကိန်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း အကြီးမားဆုံး ရေအား လျှပ်စစ်ဓာတ်အား ထုတ်ယူမည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~