မိုင္းျဖတ္၌ အမွတ္(၁၈) စစ္ဆင္ေရးကြပ္ကဲေရးမွဴးဒိုင္း လက္ေ၀ွ႔ၿပိဳင္ပြဲ က်င္းပ၊ တပ္နယ္အတြင္းမွ (၅၆)ဦး ၀င္ေရာက္ယွဥ္ၿပိဳင္

မိုင္းျဖတ္၌ အမွတ္(၁၈) စစ္ဆင္ေရးကြပ္ကဲေရးမွဴးဒိုင္း လက္ေ၀ွ႔ၿပိဳင္ပြဲ က်င္းပ၊ တပ္နယ္အတြင္းမွ (၅၆)ဦး ၀င္ေရာက္ယွဥ္ၿပိဳင္
သြဂုတ် 30, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ အမွတ္(၁၈) စစ္ဆင္ေရးကြပ္ကဲေရးမွဴးဒိုင္း လက္ေ၀ွ႔ၿပိဳင္ပြဲကို စကခ(၁၈)ရွိ မိုးလံုေလလံု အားကစားရံုတြင္ က်င္းပျပဳလုပ္ရာ ၿပိဳင္ပြဲ၏ ဖြင့္ပြဲအား ၾသဂုတ္လ(၃၀)ရက္ေန႔ ညေန(၃)နာရီခြဲအခ်ိန္က က်င္းပျပဳလုပ္သည္။

အဆိုပါ ၿပိဳင္ပြဲတြင္ စကခ(၁၈)လက္ေအာက္ရွိ မိုင္းျဖတ္ၿမိဳ႕နယ္၊ မိုင္းေယာင္းၿမိဳ႕နယ္၊ တာေလၿမိဳ႕အတြင္းရွိ တပ္ရင္း၊ တပ္ဖြဲ႔မ်ားမွ အသင္း(၁၄)သင္းျဖင့္ ၀င္ေရာက္ယွဥ္ၿပိဳင္ၾကရာ ၿပိဳင္ပြဲလက္ေ၀ွ႔သမား(၅၆)ဦး ရွိေၾကာင္း သိရသည္။

ယင္းျပိဳင္ပြဲကို ၾသဂုတ္လ(၃၀)ရက္ေန႔မွစ၍ စက္တင္ဘာလ(၅)ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမွာ ျဖစ္ေၾကာင္း ႏွင့္ ယခု က်င္းပျပဳလုပ္ေသာ ဖြင့္ပြဲအခမ္းအနားသို႔ အမွတ္(၁၈)၊ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ မွ ဒုတိယစစ္ဆင္ေရးကြပ္ကဲေရးမွဴး ဗိုလ္မွဴးႀကီး ျမင့္ေက်ာ္ထြန္း ႏွင့္ တပ္ရင္း/တပ္ဖြဲ႔မ်ားမွ အရာရွိ၊ အရာခံ၊ အၾကပ္ ႏွင့္ စစ္သည္ မိသားစု စုစုေပါင္း(၄၀၀)၀န္းက်င္ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ
~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲရေးမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲကို စကခ(၁၈)ရှိ မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်ရာ ပြိုင်ပွဲ၏ ဖွင့်ပွဲအား သြဂုတ်လ(၃၀)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါ ပြိုင်ပွဲတွင် စကခ(၁၈)လက်အောက်ရှိ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ တာလမြေို့အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ အသင်း(၁၄)သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲလက်ဝှေ့သမား(၅၆)ဦး ရှိကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို သြဂုတ်လ(၃၀)ရက်နေ့မှစ၍ စက်တင်ဘာလ(၅)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း နှင့် ယခု ကျင်းပပြုလုပ်သော ဖွင့်ပွဲအခမ်းအနားသို့ အမှတ်(၁၈)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မြင့်ကျော်ထွန်း နှင့် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ် နှင့် စစ်သည် မိသားစု စုစုပေါင်း(၄၀၀)ဝန်းကျင် တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~