နှစ်ပေါင်းရာကျော် သက်တမ်းရှိ သစ်ပင်အိုများကို ခုတ်ထွင်ရှင်းလင်းပြီး ရှမ်းပြည်နယ်လွှတ်တော် အဆောက်အဦ တည်ဆောက်မည့်ကိစ္စ ဒေသခံများ သဘောမကျ

နှစ်ပေါင်းရာကျော် သက်တမ်းရှိ သစ်ပင်အိုများကို ခုတ်ထွင်ရှင်းလင်းပြီး ရှမ်းပြည်နယ်လွှတ်တော် အဆောက်အဦ တည်ဆောက်မည့်ကိစ္စ ဒေသခံများ သဘောမကျ
သွဂုတျ 11, 2016
By Tachileik News Agency

နှစ်ပေါင်းရာကျော်သက်တမ်းရှိပြီဖြစ်သော တောင်ကြီးဟိုတယ်ရှေ့ အိမ်တော်လမ်းရှိ သစ်ပင်အိုများအား ရှမ်းပြည်နယ်လွှတ်တော်သစ်တည်ဆောက်ရန် ခုတ်လှဲရန်ပြင်ဆင်လျှက်ရှိခြင်းကြောင့် ဒေသခံများ လက်မှတ်ထိုး ကန့်ကွက်မှုတွေပြုလုပ်လျှက်ရှိကြောင်း သိရသည်။

"ဒီလမ်းလေးကိုတော့ ပျက်စီးအောင် မလုပ်စေချင်ဘူး တောင်ကြီးမြို့သူ မြို့သားတွေရဲ့ ရင်ထဲမှာ အမြဲရှိနေပြီး တောင်ကြီးမြို့ရဲ့ သင်္ကေတတစ်ခုလဲဟုတ်တယ်၊ တတ်နိုင်ရင် စိမ်းလန်းချမ်းမြေ့တဲ့မြို့လေးကို အဆောက်အဦးတွေ ဆောက်ပြီး မဖျက်စီးစေချင်ဘူး အခုလောလောဆယ် ဒေသခံတွေ လက်မှတ်ထိုးကန့်ကွက်မှုတွေစပြီးလုပ်နေပါပြီ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဆီတင်မှာပါ"ဟုဒေသခံတစ်ဦးဖြစ်သူ စိုင်းလုံမှိုင်းက ပြောသည်။



ရှမ်းပြည်နယ် လွှတ်တော်အဆောက်အဦသစ် တည်ဆောက်ခြင်းကိစ္စနှင့် ပါတ်သက်၍ ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးနှင့်စီမံကိန်းဝန်ကြီး ဦးစိုးညွှန့်လွင်နှင့် ရှမ်းပြည်နယ် လွှတ်တော် ညွှန်ကြားရေးမှူး ဦးကျော်သူဇော်တို့အား တာချီလိတ်သတင်းအေဂျင်စီ၏ သတင်းထောက်မှ သွားရောက်မေးမြန်းခဲ့ရာ ယခုကိစ္စနှင့် ပါတ်သက်၍ သိရှိခြင်း မရှိကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။

သတင်း - နိုနို
.........

နှစ်ပေါင်းရာကျော်သက်တမ်းရှိပြီဖြစ်သော တောင်ကြီးဟိုတယ်ရှေ့ အိမ်တော်လမ်းရှိ သစ်ပင်အိုများအား ရှမ်းပြည်နယ်လွှတ်တော်သစ်တည်ဆောက်ရန် ခုတ်လှဲရန်ပြင်ဆင်လျှက်ရှိခြင်းကြောင့် ဒေသခံများ လက်မှတ်ထိုး ကန့်ကွက်မှုတွပြေုလုပ်လျှက်ရှိကြောင်း သိရသည်။

"ဒီလမ်းလေးကိုတင်္ကေတတစ်ခုလဲဟုတ်တယ်၊ တတ်နိုင်ရင် စိမ်းလန်းချမ်းမြေ့တဲ့မြို့လေးကို အဆောက်အဦးတွေ ဆောက်ပြီး မဖျက်စီးစေချင်ဘူး အခုလောလောဆယ် ဒေသခံတွေ လက်မှတ်ထိုးကန့်ကွက်မှုတွေစပြီးလုပ်နေပါပြီ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဆီတင်မှာပါ"ဟုဒေသခံတစ်ဦးဖြစ်သူ စိုင်းလုံမှိုင်းက ပြောသည်။

တောင်ကြီးဟိုတယ်ရှေ့ရှိ အိမ်တော်လမ်းနှင့် မြေကွက်လပ်မှာ လူငယ်များ အနားယူ အပန်းဖြေရာ နေရာဖြစ်ပြီး တောင်ကြီးမြို့၏ အထင်ကရ နေရာတစ်ခုလည်းဖြစ်ကြောင်း ယခုကဲ့သို့ သက်တမ်းကြာမြင့်နေသော သစ်ပင်ကြီးများအား ခုတ်လှဲဖျက်ဆီး၍ လွှတ်တော်အဆောက်အဦ ဆောက်လုပ်မည်ဆိုပါက ဒေသခံများ လက်ခံမည်မဟုတ်ကြောင်း ယခုလက်ရှိ သစ်ပင်ကြီးများအား ခုတ်လှဲရန် အမှတ်အသားများပြုလုပ်၍ တိုင်းကြိုးများတပ်ဆင်ထားသည်ကိုလဲ တွေ့ရှိရကြောင်း၊ လွှတ်တော်ရုံး အဆောက်အဦသစ်အတွက် မြေတိုင်းတာခြင်းများလဲပြုလုပ်လျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

"အိမ်တော်လမ်းကို ပိတ်ပြီးတော့ ဆောက်မှာပါ၊ အဲဒီလမ်းထဲမှာရှိတဲ့ ထင်းရှုးပင်တွေ အတော်များများလည်း ခုတ်မှာပါ၊ တောင်ကြီးမြို့ရဲ့ အထင်ကရ နေရာ အလွန်လှတဲ့နေရာတစ်ခုကို လွှတ်တော်ရုံးနဲ့ နီးစပ်တဲ့ ခရိုနီ လောဘသားတစ်စုက သူတို့ သဘောနဲ့သူတို့ လုပ်ဆောင်နေတာကို အမြန်ဆုံး တားမြစ်ကြပါ၊ ကန့်ကွက်ကြပါ၊ ရှမ်းပြည်နယ် အစိုးရအနေနဲ့လည်း စုံစမ်းစစ်ဆေးပေးပါလို့ တောင်းဆိုပါရစေ။"ဟု တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ် လွှတ်တော်အဆောက်အဦသစ် တည်ဆောက်ခြင်းကိစ္စနှင့် ပါတ်သက်၍ ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးနှင့်စီမံကိန်းဝန်ကြီး ဦးစိုးညွှန့်လွင်နှင့် ရှမ်းပြည်နယ် လွှတ်တော် ညွှန်ကြားရေးမှူး ဦးကျော်သူဇော်တို့အား တာချီလိတ်သတင်းအေဂျင်စီ၏ သတင်းထောက်မှ သွားရောက်မေးမြန်းခဲ့ရာ ယခုကိစ္စနှင့် ပါတ်သက်၍ သိရှိခြင်း မရှိကြောင်း ပြန်လည် ဖြကြေားခဲ့ပါသည်။

သတင်း - နိုနို

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~