တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး ဆိုင္ကယ္အား အရွိန္ျပင္းစြာ ေမာင္းကာ ေရတမာပင္အား ၀င္တိုက္မိ၍ ပြဲခ်င္းၿပီး ေသဆံုး

တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး ဆိုင္ကယ္အား အရွိန္ျပင္းစြာ ေမာင္းကာ ေရတမာပင္အား ၀င္တိုက္မိ၍ ပြဲခ်င္းၿပီး ေသဆံုး
သြဂုတ် 13, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ မဲေခါင္ျမစ္ဟိုတယ္ေရွ႕တြင္ ၾသဂုတ္လ(၁၂)ရက္ေန႔ညပိုင္းက အမ်ဳိးသားတစ္ဦး ဆိုင္ကယ္အား အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးေရတမာပင္ကုိ ၀င္ေရာက္တိုက္မိရာမွ ပြဲခ်င္းၿပီး ေသဆံုးသြားေၾကာင္း သိရသည္။

ေသဆံုးသြားသူ၏ အမည္မွာ ၿငိမ္းခ်မ္းေအာင္ဟု သိရၿပီး ၎သည္ ေမာ္ေတာ္ဆိုင္ကယ္အား တစ္ဦးတည္း ေမာင္းႏွင္လာရာတြင္ ၿမိဳ႕တြင္း  ခ်စ္ၾကည္ေရးတံတား အမွတ္(၂)ဘက္သို႔ အရွိန္ျဖင့္ ေမာင္းႏွင္သြားရာမွ လူသြား ပလက္ေဖာင္းအား ေက်ာ္တက္ကာ လမ္းေဘးရွိ ေရတမာပင္အား ၀င္ေရာက္တိုက္မိျပီး ဦးေခါင္းဒဏ္ရာျဖင့္ ႏွာေခါင္းႏွင့္ ပါးစပ္အတြင္းမွ ေသြးမ်ားယိုထြက္ကာ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသြားသူျဖစ္သည့္ ယာဥ္ကုိ မဆင္မျခင္ေမာင္းႏွင္ၿပီး မိမိကိုယ္ကုိယ္ ဒဏ္ရာရရွိ၍ ေသဆံုးေအာင္ တိုက္မိတိမ္းေမွာက္ခဲ့သူ ၿငိမ္းခ်မ္းအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမွဳဖြင့္လွစ္ထားေၾကာင္း သိရသည္။
...............

တာချီလိတ်မြို့၊ မဲခေါင်မြစ်ဟိုတယ်ရှေ့တွင် သြဂုတ်လ(၁၂)ရက်နေ့ညပိုင်းက အမျိုးသားတစ်ဦး ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရေတမာပင်ကို ဝင်ရောက်တိုက်မိရာမှ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူ၏ အမည်မှာ ငြိမ်းချမ်းအောင်ဟု သိရပြီး၎င်းသည် မော်တော်ဆိုင်ကယ်အား တစ်ဦးတည်း မောင်းနှင်လာရာတွင် မြို့တွင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ဘက်သို့ အရှိန်ဖြင့် မောင်းနှင်သွားရာမှ လူသွား ပလက်ဖောင်းအား ကျော်တက်ကာ လမ်းဘေးရှိ ရေတမာပင်အား ဝင်ရောက်တိုက်မိပြီး ဦးခေါင်းဒဏ်ရာဖြင့် နှာခေါင်းနှင့် ပါးစပ်အတွင်းမှ သွေးများယိုထွက်ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူဖြစ်သည့် ယာဉ်ကို မဆင်မခြင်မောင်းနှင်ပြီး မိမိကိုယ်ကိုယ် ဒဏ်ရာရရှိ၍ သေဆုံးအောင် တိုက်မိတိမ်းမှောက်ခဲ့သူ ငြိမ်းချမ်းအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~