ျပည္ႀကီးတံခြန္ရွိ သစ္စက္အနီး စက္သံုးဆီဆိုင္လာေရာက္ဖြင့္လွစ္ျခင္းေၾကာင့္ သစ္စက္ ၀န္ထမ္းမ်ား ကန္႔ကြက္

ျပည္ႀကီးတံခြန္ရွိ သစ္စက္အနီး စက္သံုးဆီဆိုင္လာေရာက္ဖြင့္လွစ္ျခင္းေၾကာင့္ သစ္စက္ ၀န္ထမ္းမ်ား ကန္႔ကြက္
သြဂုတ် 29, 2016
By Tachileik News Agency

မႏၱေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ စက္မႈဇံု(၁)ရိွ ေရႊခ်ိန္းသစ္အေခ်ာထည္စက္ရံုအနီးတြင္ Asia Energy စက္သံုးဆီဆိုင္ လာေရာက္ဖြင့္လွစ္မည္ကို သစ္စက္မွ ၀န္ထမ္း (၁၀၀)ခန္႔က ကန္႔ကြက္ဆႏၵ ထုတ္ေဖၚၾကေၾကာင္း သိရသည္။

“သစ္စက္ဆိုတာ အမ်ားသိတဲ့အတိုင္းပဲ အခ်ိန္ျပည့္ဆူညံေနတာ။ သစ္စက္နားမွာ ဆီဆိုင္လာဖြင့္ေတာ့ တကယ္လို႔ ေပါက္ကြဲမႈ တစ္စံုတစ္ရာျဖစ္ခဲ့မယ္ဆိုရင္ သိလိုက္မွာ မဟုတ္ဘူး။ ေျပးမလြတ္ပါဘူး။ အဲဒါကို စိစစ္ေပးဖို႔ တိုင္းေဒသႀကီးအစိုးရကို ေတာင္းဆိုပါတယ္။ ကၽြန္မတို႔စာနယ္ဇင္းရွင္းလင္းပြဲႏွစ္ခါလုပ္ခဲ့ၿပီး တင္ျပေတာင္းဆိုခဲ့တာလည္း ဘာမွမထူးျခားတဲ့အတြက္ အခုလို ဆႏၵေဖာ္ထုတ္ရျခင္းျဖစ္ပါတယ္။”ဟု သစ္စက္မွ၀န္ထမ္း မဇင္မာျမင့္က ဆိုသည္။

အဆိုပါ ဆႏၵထုတ္ေဖၚျခင္းအား ၾသဂုတ္လ၏ စတုတၳအပတ္တြင္းက လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

“စက္မႈဇုန္ဆိုတာ သစ္စက္တင္ မဟုတ္ဘူး။ အျခားဂိုေထာင္ေတြ၊ လူေနအိမ္ေတြ အမ်ားႀကီးပါ။ အဲဒီလိုေနရာေတြ ၾကားထဲမွာ ဆီဆိုင္္လာဖြင့္တာဆိုေတာ့ အႏၱရယ္အရမ္းမ်ားပါတယ္။ မီးေဘးအႏၱရာယ္ ႀကိဳတင္ကာကြယ္မႈအေနနဲ႔ အမ်ားျပည္သူအက်ိဳးအတြက္ ဒီေနရာမွာ ဆီဆိုင္လာေရာက္ဖြင့္လွစ္မွာကို ကန္႔ကြက္ပါတယ္။”ဟု သစ္စက္၀န္ထမ္း ကိုအံ့ေမာ္က ဆိုသည္။

အဆိုပါ Asia Energy ဆီဆိုင္သည္ ႏိုင္ငံပိုင္အမွတ္(၈)သစ္စက္ရံု၊ ေရႊခ်ိန္းသစ္အေခ်ာ ထည္စက္ရံု၊ ေရႊမႏၱလာယႏၱယား၀န္ေဆာင္မႈစက္ရံု၊ သံရည္ႀကိဳစက္ရံုႏွင့္ အျခားဂိုေဒါင္ အမ်ားအျပားၾကားတြင္ တည္ရွိေနေသာေၾကာင့္ ကန္႔ကြက္ရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေရႊေဇာ္
~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုံ(၁)ရှိ ရွှေချိန်းသစ်အချောထည်စက်ရုံအနီးတွင် Asia Energy စက်သုံးဆီဆိုင် လာရောက်ဖွင့်လှစ်မည်ကို သစ်စက်မှ ဝန်ထမ်း (၁၀၀)ခန့်က ကန့်ကွက်ဆန္ဒ ထုတ်ဖော်ကြကြောင်း သိရသည်။

“သစ်စက်ဆိုတာ အများသိတဲ့အတိုင်းပဲ အချိန်ပြည့်ဆူညံနေတာ။ သစ်စက်နားမှာ ဆီဆိုင်လာဖွင့်တော့ တကယ်လို့ ပေါက်ကွဲမှု တစ်စုံတစ်ရာဖြစ်ခဲ့မယ်ဆိုရင် သိလိုက်မှာ မဟုတ်ဘူး။ ပြေးမလွတ်ပါဘူး။ အဲဒါကို စိစစ်ပေးဖို့ တိုင်းဒေသကြီးအစိုးရကို တောင်းဆိုပါတယ်။ ကျွန်မတို့စာနယ်ဇင်းရှင်းလင်းပွဲနှစ်ခါလုပ်ခဲ့ပြီး တင်ပြတောင်းဆိုခဲ့တာလည်း ဘာမှမထူးခြားတဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်။”ဟု သစ်စက်မှဝန်ထမ်း မဇင်မာမြင့်က ဆိုသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခြင်းအား သြဂုတ်လ၏ စတုတ္ထအပတ်တွင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“စက်မှုဇုန်ဆိုတာ သစ်စက်တင် မဟုတ်ဘူး။ အခြားဂိုထောင်တွေ၊ လူနေအိမ်တွေ အများကြီးပါ။ အဲဒီလိုနေရာတွေ ကြားထဲမှာ ဆီဆိုင်လာဖွင့်တာဆိုတော့ အန္တရယ်အရမ်းများပါတယ်။ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုအနေနဲ့ အများပြည်သူအကျိုးအတွက် ဒီနေရာမှာ ဆီဆိုင်လာရောက်ဖွင့်လှစ်မှာကို ကန့်ကွက်ပါတယ်။”ဟု သစ်စက်ဝန်ထမ်း ကိုအံ့မော်က ဆိုသည်။

အဆိုပါ Asia Energy ဆီဆိုင်သည် နိုင်ငံပိုင်အမှတ်(၈)သစ်စက်ရုံ၊ ရွှေချိန်းသစ်အချော ထည်စက်ရုံ၊ ရွှေမန္တလာယန္တယားဝန်ဆောင်မှုစက်ရုံ၊ သံရည်ကြိုစက်ရုံနှင့် အခြားဂိုဒေါင် အများအပြားကြားတွင် တည်ရှိနေသောကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~