ရွမ္းျပည္နယ္အတြင္း ေဒသခံမ်ား လုပ္ထံုးလုပ္နည္း နားမလည္၍ ေျမယာျပႆနာ ျဖစ္ပြားမႈမ်ားျပား

ရွမ္းျပည္နယ္အတြင္း ေဒသခံမ်ား လုပ္ထံုးလုပ္နည္း နားမလည္၍ ေျမယာျပႆနာ ျဖစ္ပြားမႈမ်ားျပား
သြဂုတ် 14, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း ေဒသခံမ်ားအေနျဖင့္ ေျမယာပိုင္ဆိုင္ခြင့္အတြက္ လုပ္ထံုးလုပ္နည္းႏွင့္ ေျမယာပိုင္ဆုိင္မႈ အေထာက္အထား ခိုင္မာျခင္း မရွိျခင္းေၾကာင့္ ေျမယာျပႆနာျဖစ္ပြားမႈမ်ား မ်ားျပားလ်ွက္ ရွိသည္ဟု တာခ်ီလိတ္ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ သိရသည္။

"လယ္ယာေျမ အရွဳပ္အရွင္းေတြရဲ႕ အဓိကအေၾကာင္းရင္းက တိုင္းရင္းသားေတြျဖစ္တာေၾကာင့္ ရံုးလုပ္ငန္းေတြကို နားမလည္ဘူး။ ရံုးေတြကိုေၾကာက္တယ္။ ဥပေဒပိုင္းလည္း အားနည္းတယ္။  ဘယ္က ေျမပံုမွန္းမသိတဲ့ ဟာနဲ႔ စာရြက္စာတမ္းျပလိုက္ရင္ ယံုလြယ္ၾကတယ္။ ဒါေၾကာင့္ တစ္ဆင့္ၿပီးတစ္ဆင့္ ပိုင္ဆိုင္မႈေတြ ရွဳပ္လာတဲ့အခါ အရွဳပ္အေထြးျဖစ္ရတာပဲ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ လယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးေက်ာ္နႏၵက ေျပာသည္။

ေျမယာပိုင္ဆိုင္ခြင့္မွာ ပိုင္ဆုိင္မႈအမိန္႔ရွိျခင္း၊ နယ္နိမိတ္သတ္မွတ္ခ်က္ တိတိက်က်ရွိျခင္း၊ လက္ေရာက္ ပိုင္ဆိုင္ေနျခင္းဟူေသာ အခ်က္အလက္(၃)မ်ိဳးျပည့္စံုရန္ လိုအပ္ၿပီး ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ အတြင္း ေျမယာျပႆနာအမ်ားစုမွာ အဆိုပါအခ်က္(၃)ခ်က္မရိွျခင္းေၾကာင့္ အျငင္းပြားမႈမ်ား ျဖစ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ဧရိယာအတြင္း ကြက္သစ္ေဖာ္ေဆာင္လွ်က္ရွိရာ ယခင္အစိုးရအဆင့္ဆင့္မွ ေျမေပးမိန္႔သာ ထုတ္ေပးခဲ့ျခင္းျဖစ္ၿပီး ေျမဧရိယာသတ္မွတ္ခ်က္ႏွင့္ လက္ေရာက္ပိုင္ဆိုင္မႈမရွိသည့္အတြက္ လက္ရိွတြင္ ေျမယာပိုင္ဆုိင္မႈ အရွဳပ္အရွင္းမ်ား ျဖစ္ေနေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ အဓိက ႀကံဳေတြ႕ရတာ လူအေတာ္ေတာ္မ်ားမ်ားက ပိုင္ဆိုင္တယ္သာ ေျပာတယ္။ လက္ေတြ႕မွာ စာရြက္စာတမ္းေတြ ခိုင္လံုမႈ မရွိတာေတြ ေတြ႕ေနရတယ္။ ဒီလို အေထာက္အထား ခိုင္လံုမႈ မရွိရင္ အိမ္၊ ျခံ၊ ေျမေစ်းကြက္မွာ ယံုၾကည္မႈ တည္ေဆာက္လုိ႔ မရဘူး။ မယံုၾကည္တဲ့ေျမဆိုရင္ ဘယ္သူမွ ၀ယ္မွာ မဟုတ္ဘူးေလ။ အဓိကေတာ့ ကၽြန္ေတာ္တို႔ အေနနဲ႔လည္း ဒီကိစၥေတြကို ၀န္ေဆာင္မႈ လုိက္လုပ္ေပးပါတယ္"ဟု တာခ်ီလိတ္ အိမ္၊ ျခံ၊ ေျမ၀န္ေဆာင္မႈအသင္း ေကာ္မတီ၀င္ ဦး၀င္းေက်ာ္က ေျပာသည္။

ယခုအစိုးရသစ္လက္ထက္တြင္ တပ္မေတာ္မွ ရွမ္းျပည္နယ္တစ္ျပည္နယ္လံုး စြန္႔လႊတ္ေျမ(၄၀,၀၀၀)ေက်ာ္ ရွိသည့္အနက္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ဧကေပါင္း(၁၀,၃၉၄)ရွိၿပီး လယ္ယာစိုက္ပ်ိဳးေျမမ်ား၊ ေျမလြတ္ ေျမရိုင္းမ်ားႏွင့္ အျခားေျမမ်ားပါ၀င္ေၾကာင္း သိရသည္။

သတင္း - ကိုဇက္
**********

ရှမ်းပြည်နယ်အတွင်း ဒေသခံများအနဖြေင့် မြေယာပိုင်ဆိုင်ခွင့်အတွက် လုပ်ထုံးလုပ်နည်းနှင့် မြေယာပိုင်ဆိုင်မှု အထောက်အထား ခိုင်မာခြင်း မရှိခြင်းကြောင့် မြေယာပြဿနာဖြစ်ပွားမှုများ များပြားလျှက် ရှိသည်ဟု တာချီလိတ်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

"လယ်ယာမြေ အရှုပ်အရှင်းတွေရဲ့ အဓိကအကြောင်းရင်းက တိုင်းရင်းသားတွဖြေစ်တာကြောင့် ရုံးလုပ်ငန်းတွေကို နားမလည်ဘူး။ ရုံးတွေကိုကြောက်တယ်။ ဥပဒေပိုင်းလည်း အားနည်းတယ်။ ဘယ်က မြေပုံမှန်းမသိတဲ့ ဟာနဲ့ စာရွက်စာတမ်းပြလိုက်ရင် ယုံလွယ်ကြတယ်။ ဒါကြောင့် တစ်ဆင့်ပြီးတစ်ဆင့် ပိုင်ဆိုင်မှုတွေ ရှုပ်လာတဲ့အခါ အရှုပ်အထွေးဖြစ်ရတာပဲ"ဟု တာချီလိတ်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်နန္ဒက ပြောသည်။

မြေယာပိုင်ဆိုင်ခွင့်မှာ ပိုင်ဆိုင်မှုအမိန့်ရှိခြင်း၊ နယ်နိမိတ်သတ်မှတ်ချက် တိတိကျကျရှိခြင်း၊ လက်ရောက် ပိုင်ဆိုင်နခြေင်းဟူသော အချက်အလက်(၃)မျိုးပြည့်စုံရန် လိုအပ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် အတွင်း မြေယာပြဿနာအများစုမှာ အဆိုပါအချက်(၃)ချက်မရှိခြင်းကြောင့် အငြင်းပွားမှုများ ဖြစ်နခြေင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ဧရိယာအတွင်း ကွက်သစ်ဖော်ဆောင်လျှက်ရှိရာ ယခင်အစိုးရအဆင့်ဆင့်မှ မြေပေးမိန့်သာ ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး မြေဧရိယာသတ်မှတ်ချက်နှင့် လက်ရောက်ပိုင်ဆိုင်မှုမရှိသည့်အတွက် လက်ရှိတွင် မြေယာပိုင်ဆိုင်မှု အရှုပ်အရှင်းများ ဖြစ်နေကြောင်း သိရသည်။

"ကျွန်တော်တို့ အဓိက ကြုံတွေ့ရတာ လူအတော်တော်များများက ပိုင်ဆိုင်တယ်သာ ပြောတယ်။ လက်တွေ့မှာ စာရွက်စာတမ်းတွေ ခိုင်လုံမှု မရှိတာတွေ တွေ့နေရတယ်။ ဒီလို အထောက်အထား ခိုင်လုံမှု မရှိရင် အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ယုံကြည်မှု တည်ဆောက်လို့ မရဘူး။ မယုံကြည်တဲ့မြေဆိုရင် ဘယ်သူမှ ဝယ်မှာ မဟုတ်ဘူးလေ။ အဓိကတော့ ကျွန်တော်တို့ အနေနဲ့လည်း ဒီကိစ္စတွေကို ဝန်ဆောင်မှု လိုက်လုပ်ပေးပါတယ်"ဟု တာချီလိတ် အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုအသင်း ကော်မတီဝင် ဦးဝင်းကျော်က ပြောသည်။

ယခုအစိုးရသစ်လက်ထက်တွင် တပ်မတော်မှ ရှမ်းပြည်နယ်တစ်ပြည်နယ်လုံး စွန့်လွှတ်မြေ(၄၀,ဝဝဝ)ကျော် ရှိသည့်အနက် တာချီလိတ်မြို့နယ်အတွင်း ဧကပေါင်း(၁၀,၃၉၄)ရှိပြီး လယ်ယာစိုက်ပျိုးမြေများ၊ မြေလွတ် မြေရိုင်းများနှင့် အခြားမြေများပါဝင်ကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~