ကယန္းတိုင္းရင္းသား အမ်ားစုေနထိုင္သည့္ ေက်းရြာမ်ားတြင္ ၾကြက္မ်ားေၾကာင့္ စိုက္ပ်ဳိးဧက (၁၀,၀၀၀)ေက်ာ္ ပ်က္စီး

ကယန္းတိုင္းရင္းသား အမ်ားစုေနထိုင္သည့္ ေက်းရြာမ်ားတြင္ ၾကြက္မ်ားေၾကာင့္ စိုက္ပ်ဳိးဧက (၁၀,၀၀၀)ေက်ာ္ ပ်က္စီး
သြဂုတ် 29, 2016
By Tachileik News Agency

ကယန္းတိုင္းရင္းသား အမ်ားစု ေနထိုင္ေသာ ေက်းရြာ(၄၄)ရြာမွ ေတာင္ယာခင္းမ်ားတြင္ ဇူလိုင္လ ဒုတိယပတ္မွ စတင္၍ ယေန႔ ၾသဂုတ္လ(၂၉)ရက္ေန႔အထိ ၾကြက္မ်ား၀င္ေရာက္ဖ်က္ဆီးမႈေၾကာင့္ စိုက္ပ်ိဳးဧက(၁၀,၀၀၀)ေက်ာ္ ပ်က္စီးဆံုးရွံဳးမႈႏွင့္ ႀကံဳေတြ႕ေနရေၾကာင္း သိရသည္။

ကယန္းတိုင္းရင္းသားမ်ား အမ်ားစုေနထိုင္သည့္ ပင္ေလာင္း၊ ဖယ္ခုံ၊ ပ်ဥ္းမနားၿမိဳ႕၊ သံေတာင္ၿမိဳ႕နယ္ အတြင္းမွ ေက်းရြာေပါင္း(၄၄)ရြာရွိ ေတာင္ယာခင္းမ်ားတြင္ စိုက္ပ်ိဳးထားေသာ ေျပာင္း၊ ေျမပဲ၊ နႏြမ္း၊ စပါး ၊ ဖာလာ၊ ငရုပ္ စသည့္သီးႏွံမ်ား ပ်က္စီးဆံုးရွံဳးမႈမ်ား ႀကံဳေတြ႕ေနရေၾကာင္း သိရသည္။

"ႀကြက္ေတြက အကုန္လာစားတာေပါ့ ေျပာင္းဖူးေတြ၊ ငရုပ္ပင္ေတြ အကုန္လာစားကုန္တယ္ ၾကြက္ကိုက္လို႔ အကုန္ပ်က္စီးကုန္ၿပီ၊ ရြာေတြအကုန္လံုးက ေတာင္ယာပဲ မွီခိုေနရေတာ့ ဒီႏွစ္ ႀကြက္ဖ်က္ၿပီဆိုေတာ့ ဒီရြာမွာရွိတဲ့ မိသားစုေတြအတြက္ စားဝတ္ေနေရးကေတာ့ ခက္ခဲကုန္ၿပီေပါ့ ″ဟု ဖယ္ခုံၿမိဳ႕နယ္ သိက်ိတ္ေက်းရြာ ဖက္တြင္ ဖြံ႔ၿဖိဳးေရး လုပ္ေဆာင္ေနသည့္ လူငယ္တစ္ဦးက ေျပာသည္။

ေတာင္ယာခင္းမ်ားအား လာေရာက္ကိုက္ဖ်က္သည့္ ၾကြက္မ်ားမွာ အေသးဆံုး (၃)လက္မခန္႔မွ အႀကီးဆံုး(၆)လက္မေက်ာ္ အထိရွိၿပီး ၾကြက္ကိုက္ဖ်က္ဆီးမႈေၾကာင့္ ဖယ္ခုံၿမိဳ႕နယ္တြင္(၁၇)ရြာ ၊ ပ်ဥ္းမနားၿမိဳ႕နယ္တြင္ (၆)ရြာ ၊ပင္ေလာင္းၿမိဳ႕နယ္တြင္ (၈)ရြာ ၊ သံေတာင္ၿမိဳ႕နယ္တြင္ (၁၃) ရြာရွိ ေတာင္ယာခင္းမ်ား ယေန႔အထိ ပ်က္စီးဆံုးရွံဳးမႈႏွင့္ ၾကံဳေတြ႕ေနရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

သတင္း/ဓာတ္ပံု - #ဆန္းၿဖဳိးထြန္း

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ❂⊱~~~~~~~~~~~~~~~~~~~~~

ကယန်းတိုင်းရင်းသား အများစု နေထိုင်သော ကျေးရွာ(၄၄)ရွာမှ တောင်ယာခင်းများတွင် ဇူလိုင်လ ဒုတိယပတ်မှ စတင်၍ ယနေ့ သြဂုတ်လ(၂၉)ရက်နေ့အထိ ကြွက်များဝင်ရောက်ဖျက်ဆီးမှုကြောင့် စိုက်ပျိုးဧက(၁၀,ဝဝဝ)ကျော် ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ကယန်းတိုင်းရင်းသားများ အများစုနေထိုင်သည့် ပင်လောင်း၊ ဖယ်ခုံ၊ ပျဉ်းမနားမြို့၊ သံတောင်မြို့နယ် အတွင်းမှ ကျေးရွာပေါင်း(၄၄)ရွာရှိ တောင်ယာခင်းများတွင် စိုက်ပျိုးထားသော ပြောင်း၊ မြေပဲ၊ နနွမ်း၊ စပါး၊ ဖာလာ၊ ငရုပ် စသည့်သီးနှံများ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

"ကြွက်တွေက အကုန်လာစားတာပေါ့ ပြောင်းဖူးတွေ၊ ငရုပ်ပင်တွေ အကုန်လာစားကုန်တယ် ကြွက်ကိုက်လို့ အကုန်ပျက်စီးကုန်ပြီ၊ ရွာတွေအကုန်လုံးက တောင်ယာပဲ မှီခိုနေရတော့ ဒီနှစ် ကြွက်ဖျက်ပြီဆိုတော့ ဒီရွာမှာရှိတဲ့ မိသားစုတွေအတွက် စားဝတ်နေရေးကတော့ ခက်ခဲကုန်ပြီပေါ့ ″ဟု ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာ ဖက်တွင် ဖွံ့ဖြိုးရေး လုပ်ဆောင်နေသည့် လူငယ်တစ်ဦးက ပြောသည်။

တောင်ယာခင်းများအား လာရောက်ကိုက်ဖျက်သည့် ကြွက်များမှာ အသေးဆုံး (၃)လက်မခန့်မှ အကြီးဆုံး(၆)လက်မကျော် အထိရှိပြီး ကြွက်ကိုက်ဖျက်ဆီးမှုကြောင့် ဖယ်ခုံမြို့နယ်တွင်(၁၇)ရွာ၊ ပျဉ်းမနားမြို့နယ်တွင် (၆)ရွာ၊ပင်လောင်းမြို့နယ်တွင် (၈)ရွာ၊ သံတောင်မြို့နယ်တွင် (၁၃) ရွာရှိ တောင်ယာခင်းများ ယနေ့အထိ ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း/ဓာတ်ပုံ - #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~