မိုင်းယန်းမြို့နယ်အတွင်း ကိုယ်ထူကိုယ်ထ တည်ဆောက်သည့် ဆည်အား ဖြည့်စွက်ဘဏ္ဍာငွေဖြင့် အဆင့်မြှင့်တင်ပေးမည်
မိုင်းယန်းမြို့နယ်အတွင်း ကိုယ်ထူကိုယ်ထ တည်ဆောက်သည့် ဆည်အား ဖြည့်စွက်ဘဏ္ဍာငွေဖြင့် အဆင့်မြှင့်တင်ပေးမည်
သွဂုတျ 24, 2016
By Tachileik News Agency
ဓာတ်ပုံ - ပြည်သူ့လွှတ်တော်
ဖွံ့ဖြိုးမှုနည်းပါးသည့် ပြည်နယ်ဒေသဖြစ်သည့် အတွက် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ထက် လူမှု စီးပွားဘဝ ဖွံ့ဖြိုးမှုဆိုင်ရာ အကျိုးအမြတ်ကို အဓိကထား၍ ရှိမဖြစ်လိုအပ်သော စိုက်ပျိုးရေ ပေးဝေနိုင်စေရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်း၏ ဖြေကြားချက်တွင် ထည့်သွင်း ပြောကြားသွားသည်။
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ဖြစ်သည့် သြဂုတ်လ (၂၂) ရက်တွင် မိုင်းယန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆမ်၏ မေးမြန်းချက်အား ယခုလို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
သတင်း - ကိုဇက်
~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ လောင်ကျန်းကျေးရွာအနီးရှိ တောင်သူများစိုက်ပျိုးရေးအတွက် ကိုယ်ထူကိုယ်ထ တည်ဆောက်၍ အသုံးပြုနေသော တစ်ဖက်ပိတ်လက်ရိုက်ဆည်အား ကျောက်စီကွန်ကရစ် ဆည်အဖြစ် အဆင့်မြှင့်တင်ရန် ဖြည့်စွက်ဘဏ္ဍာငွေ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
"ဒေသတွင်း စိုက်ပျိုးရေ ရရှိရေးအတွက် လောင်ကျန်ကျေးရွာ အနီးမှာရှိတဲ့ နမ့်လွေချောင်းပေါ်မှာ တောင်သူ လယ်သမားများရဲ့ ကိုယ်ထူကိုယ်ထ အစီအစဉ်နဲ့ သစ်၊ ဝါးများ အသုံးပြုပြီး တည်ဆောက် ထားသည့် တစ်ဖက်ရပ်ဆည်ကို ကျောက်စီကွန်ကရစ် ရေလွှဲဆည်အဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပေးရန် ရှမ်းပြည်နယ်အစိုးရရဲ့ မူလခွင့်ပြုရန်ပုံငွေ စာရင်းမှာ မပါပါဘူး။ အခု ဖြည့်စွက် ဘဏ္ဍာငွေမှာ ထည့်သွင်းတောင်းခံပြီး ဆောင်ရွက်သွားမှာပါ"ဟု စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက လွှတ်တော်တွင် ဖြကြေားသည်။
ဖွံ့ဖြိုးမှုနည်းပါးသည့် ပြည်နယ်ဒေသဖြစ်သည့် အတွက် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ထက် လူမှု စီးပွားဘဝ ဖွံ့ဖြိုးမှုဆိုင်ရာ အကျိုးအမြတ်ကို အဓိကထား၍ ရှိမဖြစ်လိုအပ်သော စိုက်ပျိုးရေ ပေးဝေနိုင်စေရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၎င်း၏ ဖြကြေားချက်တွင် ထည့်သွင်း ပြောကြားသွားသည်။
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ဖြစ်သည့် သြဂုတ်လ (၂၂) ရက်တွင် မိုင်းယန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆမ်၏ မေးမြန်းချက်အား ယခုလို ပြန်လည်ဖြကြေားခဲ့ခြင်း ဖြစ်သည်။
နမ့်လွေချောင်း၏ အကျယ်မှာပေ(၁၀၀) ခန့်ရှိသည့်အတွက် ကျောက်စီကွန်ကရစ် ရေလွှဲဆည်အဖြစ် အခိုင်အမာ တည်ဆောက်ရန် လုပ်ငန်းပမာဏကြီးမားခြင်းကြောင့် ကုန်ကျစရိတ်များပြားပြီး အကျိုးပြု ဧရိယာမှာလည်း (၁၁၅)ဧကသာရှိသဖြင့် ကုန်ကျစရိတ်နှင့် အကျိုးအမြတ်တွက်ခြေကိုက်မှု နည်းပါးသော်လည်း ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
သတင်း - ကိုဇက်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~