မိုင္းတံု၌ ျမစိမ္းေရာင္စီမံကိန္း စီမံခန္႔ခြဲေရးႏွင့္ ေငြစာရင္း ထိန္းသိမ္းနည္း သင္တန္း ပို႔ခ်

မိုင္းတံု၌ ျမစိမ္းေရာင္စီမံကိန္း စီမံခန္႔ခြဲေရးႏွင့္ ေငြစာရင္း ထိန္းသိမ္းနည္း သင္တန္း ပို႔ခ်
သြဂုတ် 6, 2016
By Tachileik News Agency

မိုင္းတံုၿမိဳ႕နယ္ ေက်းရြာေပါင္း(၁၅)ရြာအတြက္ ျမစိမ္းေရာင္စီမံကိန္း စီမံခန္႔ခြဲေရးႏွင့္ ေငြစာရင္း ထိန္းသိမ္းနည္း သင္တန္းအား ၾသဂုတ္လ(၅)ရက္ေန႔ နံနက္ပိုင္းက မိုင္းတံုၿမိဳ႕ ေက်းလက္ဦးစီးဌာနတြင္ ဖြင္လွစ္ခဲ့ေၾကာင္းသိရသည္။

"ျမစိမ္းေရာင္စီမံကိန္းအတြက္ အရင္ဘ႑ာေရးႏွစ္တုန္းက ခ်ေပးတာ ေက်းရြာေပါင္း(၁၀)ရြာပါ အခု ဒီႏွစ္အတြက္ေတာ့ ေက်းရြာေပါင္း(၅)ရြာတိုးလာတယ္ ဒီအတြက္ ေက်းရြာေတြမွာဖြဲ႕စည္းထားတဲ့ ျမစိမ္းေရာင္စီမံကိန္း ေကာ္မတီ၀င္ေတြကို အေရအေသြးေတြျမႇင့္တင္တဲ့အေနနဲ႔ စီမံခန္႔ခြဲမႈနဲ႔ ေငြစာရင္းထိန္းသိမ္းနည္း သင္တန္းဖြင့္ေပးတာပါ"ဟု မိုင္းတံုၿမိဳ႕နယ္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာနမွ ဒုဦးစီးမွဴး ေဒၚမိုးသဥၨာဟန္က ေျပာသည္။

ျမစိမ္းေရာင္ရန္ပံုေငြရရွိထားေသာ ေက်းရြာမ်ားမွ ေကာ္မတီအဖြဲ႕၀င္ (၃၀)အား အရည္အေသြး ျမႇင့္တင္ေရးအတြက္ လက္ေတြ႕သင္ၾကားျပသေပးခဲ့ၿပီး၊ အခမ္းအနားသို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးမွ တက္ေရာက္ကာ အဖြင့္အမွာစကားေျပာၾကားခဲ့ေၾကာင္း သိရသည္။

မိုင္းတံုၿမိဳ႕နယ္အတြင္း ျမစိမ္းေရာင္စီမံကိန္း ေဖာ္ေဆာင္ထားေသာ ေက်းရြာေပါင္း(၁၅)ရြာရွိၿပီး၊ စုိက္ပ်ိဳးေရး ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနမွ လူဦးေရ(၈၀)ႏွင့္အထက္ ေက်းရြာမ်ားအား တစ္ယူနစ္လွ်င္ က်ပ္သိန္း(၃၀၀)ျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

သတင္း - ေအာင္၀င္းေဌး(မိုင္းတံု)
...............

မိုင်းတုံမြို့နယ် ကျေးရွာပေါင်း(၁၅)ရွာအတွက် မြစိမ်းရောင်စီမံကိန်း စီမံခန့်ခွဲရေးနှင့် ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းအား သြဂုတ်လ(၅)ရက်နေ့ နံနက်ပိုင်းက မိုင်းတုံမြို့ ကျေးလက်ဦးစီးဌာနတွင် ဖွင်လှစ်ခဲ့ကြောင်းသိရသည်။

"မြစိမ်းရောင်စီမံကိန်းအတွက် အရင်ဘဏ္ဍာရေးနှစ်တုန်းက ချပေးတာ ကျေးရွာပေါင်း(၁၀)ရွာပါ အခု ဒီနှစ်အတွက်တော့ ကျေးရွာပေါင်း(၅)ရွာတိုးလာတယ် ဒီအတွက် ကျေးရွာတွေမှာဖွဲ့စည်းထားတဲ့ မြစိမ်းရောင်စီမံကိန်း ကော်မတီဝင်တွေကို အရေအသွေးတွမြှေင့်တင်တဲ့အနေနဲ့ စီမံခန့်ခွဲမှုနဲ့ ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်ပေးတာပါ"ဟု မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်မိုးသဉ္ဇာဟန်က ပြောသည်။

မြစိမ်းရောင်ရန်ပုံငွေရရှိထားသော ကျေးရွာများမှ ကော်မတီအဖွဲ့ဝင် (၃၀)အား အရည်အသွေး မြှင့်တင်ရေးအတွက် လက်တွေ့သင်ကြားပြသပေးခဲ့ပြီး၊ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးမှ တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်း ဖော်ဆောင်ထားသော ကျေးရွာပေါင်း(၁၅)ရွာရှိပြီး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ လူဦးရေ(၈၀)နှင့်အထက် ကျေးရွာများအား တစ်ယူနစ်လျှင် ကျပ်သိန်း(၃၀၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - အောင်ဝင်းဌေး(မိုင်းတုံ)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~