MPT SIM Card မ်ားကို မွတ္ပံုတင္ျဖင့္စာရင္းေပးသြင္းမႈ တာခ်ီလိတ္၌ အခမဲ့ ျပဳလုပ္ႏိုင္ၿပီ

MPT SIM Card မ်ားကို မွတ္ပံုတင္ျဖင့္စာရင္းေပးသြင္းမႈ တာခ်ီလိတ္၌ အခမဲ့ ျပဳလုပ္ႏိုင္ၿပီ
သြဂုတ် 12, 2016
By Tachileik News Agency

MPT ၏ GSM , CDMA , WCDMA ဖုန္းကတ္မ်ားအား သံုးစြဲသူ၏ မွတ္ပံုတင္ျဖင့္ စာရင္းသြင္းျခင္းကို ၾသဂုတ္လ(၁၂)ရက္ေန႔မွ စ၍ ရံုးဖြင့္ခ်ိန္မ်ားတြင္ အခမဲ့ ေဆာင္ရြက္ႏိုင္ၿပီျဖစ္ေၾကာင္း တာခ်ီလိတ္ ဆက္သြယ္ေရးမွ သိရသည္။
"သံုးစြဲေနတဲ့ဖုန္းကတ္နဲ႔အတူ မွတ္ပံုတင္မိတၱဴတစ္ေစာင္ယူလာၿပီး  MPT Own Branded Shopရံုး ဖြင့္ခ်ိန္ေတြမွာ လာၿပီး Register လုပ္ႏိုင္ပါၿပီ၊ ေငြေၾကးကုန္က်ဖို႔ မလိုပါဘူး၊ အခမဲ့ ေဆာင္ရြက္ေပးေနပါတယ္"ဟု ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္းမွ တာခ်ီလိတ္ၿမိဳ႕နယ္ တာဝန္ခံ အင္ဂ်င္နီယာ ေဒၚသန္းသန္းေဌးက ေျပာသည္။

မိမိတို႔ သံုးစြဲေနသည့္ MPT SIM Card မ်ားကို မွတ္ပံုတင္ျဖင့္စာရင္းေပးထားျခင္းျဖင့္SIM Card ပ်က္စီးျခင္း၊ ေပ်ာက္ဆံုးျခင္းမ်ားအတြက္ ျပန္လည္ရရွိရန္ ျမန္မာ့ဆက္သြယ္ေရးရံုးမ်ားတြင္ အလြယ္တကူေလွ်ာက္ထားႏိုင္မွာ ျဖစ္ေၾကာင္း ႏွင့္ SIM Card ႏွင့္ ပတ္သက္၍ လိမ္လည္မႈမ်ားႏွင့္ မလိုလားအပ္သည့္ ကိစၥရပ္မ်ားအတြက္ ကာကြယ္မႈမ်ား ရွိေစေၾကာင္း သိရသည္။

MPT SIM Card မ်ားကို မွတ္ပံုတင္ျဖင့္စာရင္းေပးသြင္းရာတြင္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ မွတ္ပံုတင္လိုအပ္ၿပီး ႏိုင္ငံျခားသားမ်ားအေနျဖင့္ ပတ္စ္ပို႔လိုအပ္မွာ ျဖစ္ေၾကာင္း သိရွိရသည္။

***********

 MPT၏ GSM , CDMA , WCDMA ဖုန်းကတ်များအား သုံးစွဲသူ၏ မှတ်ပုံတင်ဖြင့် စာရင်းသွင်းခြင်းကို သြဂုတ်လ(၁၂)ရက်နေ့မှ စ၍ ရုံးဖွင့်ချိန်များတွင် အခမဲ့ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း တာချီလိတ် ဆက်သွယ်ရေးမှ သိရသည်။

"သုံးစွဲနေတဲ့ဖုန်းကတ်နဲ့အတူ မှတ်ပုံတင်မိတ္တူတစ်စောင်ယူလာပြီး MPT Own Branded Shopရုံး ဖွင့်ချိန်တွေမှာ လာပြီး Register လုပ်နိုင်ပါပြီ၊ ငွေကြေးကုန်ကျဖို့ မလိုပါဘူး၊ အခမဲ့ ဆောင်ရွက်ပေးနေပါတယ်"ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာချီလိတ်မြို့နယ် တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးက ပြောသည်။

မိမိတို့ သုံးစွဲနေသည့် MPT SIM Card များကို မှတ်ပုံတင်ဖြင့်စာရင်းပေးထားခြင်းဖြင့်SIM Card ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းများအတွက် ပြန်လည်ရရှိရန် မြန်မာ့ဆက်သွယ်ရေးရုံးများတွင် အလွယ်တကူလျှောက်ထားနိုင်မှာ ဖြစ်ကြောင်း နှင့် SIM Card နှင့် ပတ်သက်၍ လိမ်လည်မှုများနှင့် မလိုလားအပ်သည့် ကိစ္စရပ်များအတွက် ကာကွယ်မှုများ ရှိစေကြောင်း သိရသည်။

MPT SIM Card များကို မှတ်ပုံတင်ဖြင့်စာရင်းပေးသွင်းရာတွင် မြန်မာနိုင်ငံသားများအနဖြေင့် မှတ်ပုံတင်လိုအပ်ပြီး နိုင်ငံခြားသားများအနဖြေင့် ပတ်စ်ပို့လိုအပ်မှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~