မိုင်းဖြတ် ရဲတပ်ဖွဲ့ဝင်များအား ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး

မိုင်းဖြတ် ရဲတပ်ဖွဲ့ဝင်များအား ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး
သွဂုတျ 13, 2016
By Tachileik News Agency


မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ အစည်းအဝေးခန်းမတွင် အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်)မှ ရဲအုပ် ဇော်ဇော်ညွန့်နှင့် တပ်ဖွဲ့ဝင်များက အသိပညာပေးဟောပြောရာ  မိုင်းဖြတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်နှင့်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောမှုတွင် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများအနေဖြင့် ယာဉ်/လမ်း စည်းကမ်းအား လိုက်နာကြရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းပါက ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်၊ နှစ်ဦးထက် ပို၍ တင်ဆောင်ခြင်း မပြုရန်နှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် ပတ်သက်မှု၊ မောင်းနှင်စီးနင်းခြင်းများ မပြုလုပ်ရန် အပြင် ၂၀၁၅ခုနှစ် မော်တော်ယာဉ် ဥပဒေသစ်နှင့် ပတ်သက်၍ ရှင်းလင်းဟောပြောပြီး လက်တွေ့ရှင်းလင်းမှုအနေဖြင့်လည်း Projector ဖြင့်လည်း ပြသရှင်းလင်းခဲ့ကြောင်း သိရသည်။


သတင်း/ဓာတ်ပုံ - ကိုသာ
................

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးမှုများနှင့် ၂၀၁၅ခုနှစ် မော်တော်ယာဉ် ဥပဒေများအား ရှင်းလင်းဟောပြောမှုအဖြစ် သြဂုတ်လ(၁၃)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ အစည်းအေဝးခန်းမတွင် အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်)မှ ရဲအုပ် ဇော်ဇော်ညွန့်နှင့် တပ်ဖွဲ့ဝင်များက အသိပညာပေးဟောပြောရာ မိုင်းဖြတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်နှင့်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောမှုတွင် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများအနဖြေင့် ယာဉ်/လမ်း စည်းကမ်းအား လိုက်နာကြရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းပါက ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်၊ နှစ်ဦးထက် ပို၍ တင်ဆောင်ခြင်း မပြုရန်နှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် ပတ်သက်မှု၊ မောင်းနှင်စီးနင်းခြင်းများ မပြုလုပ်ရန် အပြင် ၂၀၁၅ခုနှစ် မော်တော်ယာဉ် ဥပဒေသစ်နှင့် ပတ်သက်၍ ရှင်းလင်းဟောပြောပြီး လက်တွေ့ရှင်းလင်းမှုအနဖြေင့်လည်း Projector ဖြင့်လည်း ပြသရှင်းလင်းခဲ့ကြောင်း သိရသည်။

အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် တာချီလိတ်ခရိုင်အတွင်းရှိ မြို့/မြို့နယ်များနှင့် ကျေးရွာများတွင် ယာဉ်/လမ်း စည်းကမ်းနှင့် ပတ်သက်၍ အသိပညာပေးမှုများအဖြစ် ဆောင်ရွက်နေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~