တာချီလိတ်မြို့နယ်အတွင်း မိုးသက်လေပြင်းဒဏ်ခံရသူများအား လတ်တလောလိုအပ်ချက်များ ထောက်ပံ့ပေး
တာချီလိတ်မြို့နယ်အတွင်း မိုးသက်လေပြင်းဒဏ်ခံရသူများအား လတ်တလောလိုအပ်ချက်များ ထောက်ပံ့ပေး
သွဂုတျ 20, 2016
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း မိုးသက်လေပြင်းကျသဖြင့် နေအိမ်ပျက်စီးမှု အခြေအနေများကို   တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာချီလိတ်ခရိုင် ကြက်ခြေနီအသင်းအဖွဲ့တို့ အပါအ၀င် တာဝန်ရှိသူများက သြဂုတ်လ (၂၀)ရက်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးပြီး လတ်တလောလိုအပ်သည်များကို ထောက်ပံ့ကြောင်းသိရသည်။
တာချီလိတ်မြို့နယ်အတွင်း  သြဂုတ်လ (၁၉)ရက် ညနေ (၆)ခွဲအချိန်ခန့်က စတင်၍ မိုးသက်လေပြင်း ကျရောက်မှုကြောင့် မိုင်းကိုးကျေးရွာအုပ်စုရှိ ကျေးရွာ (၆)ရွာတွင် အိမ်ခြေ (၂၆)လုံး အမိုးလန် ပျက်စီးသွားသဖြင့် လက်ရှိတွင် ယာယီခိုလှုံရန် စီစဉ်ပေးထားကြောင်းသိရသည်။
~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
တာချီလိတ်မြို့နယ်အတွင်း မိုးသက်လပြေင်းကျသဖြင့် နေအိမ်ပျက်စီးမှု အခြေအနေများကို တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာချီလိတ်ခရိုင် ကြက်ခြေနီအသင်းအဖွဲ့တို့ အပါအဝင် တာဝန်ရှိသူများက သြဂုတ်လ (၂၀)ရက်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးပြီး လတ်တလောလိုအပ်သည်များကို ထောက်ပံ့ကြောင်းသိရသည်။
တာချီလိတ်မြို့နယ်အတွင်း သြဂုတ်လ (၁၉)ရက် ညနေ (၆)ခွဲအချိန်ခန့်က စတင်၍ မိုးသက်လပြေင်း ကျရောက်မှုကြောင့် မိုင်းကိုးကျေးရွာအုပ်စုရှိ ကျေးရွာ (၆)ရွာတွင် အိမ်ခြေ (၂၆)လုံး အမို်းလန် ပျက်စီးသွားသဖြင့် လက်ရှိတွင် ယာယီခိုလှုံရန် စီစဉ်ပေးထားကြောင်းသိရသည်။
"မုန်တိုင်းကျမယ်လို့ ကြိုတင်အကြောင်းကြားထားတာကြောင့် သက်ဆိုင်ရာ ရပ်ကွက်အလိုက် ကြိုတင် ပြင်ဆင်မှုတွေတော့ ဆောင်ရွက်ပြင်ဆင်ခဲ့ပါတယ်။ တခြားကြီးကြီးမားမား ဆုံးရှုံးမှုတွေမရှိဘဲ ဒီလောက်ပဲဖြစ်လို့ တော်သေးတယ်။ လတ်တလောမှာတော့ မြို့နယ်ထွေအုပ်အနေနဲ့ မြပြေင်မှာ ကွင်းဆင်းကြည့်ရှူပြီး ပျက်စီးသွားတဲ့ အိမ်တစ်အိမ်စီကို ထောက်ပံ့ကြေး ကျပ်(၅)သောင်းစီနဲ့ စုစုပေါင်း ကျပ်(၁၃)သိန်း ထောက်ပံ့ပေးထားပါတယ်။ ပြီးမှ ပျက်စီးမှုတွေ စာရင်းကောက်ပြီး အိမ်ခေါင် မိုးသွပ်တွေပေးဖို့တော့ စီစဉ်ထားပါတယ်။"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ပြောသည်။
မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ မနောကျေးရွာတွင် အိမ်(၅)လုံးနှင့် ဘုရားကျောင်း(၁)ကျောင်း၊ ရန်ရှင်း(၃)ကျေးရွာတွင် အိမ်(၂)လုံး၊ ရန်နိုင်(၁)ကျေးရွာတွင် အိမ်(၂)လုံး၊ မယ်ဖုံးလုံကျေးရွာတွင် အိမ်(၈)လုံး၊ ကျွမ်ကျန့်(ပလောင်)ကျေးရွာတွင် အိမ်(၈)လုံးနှင့် ရန်ကုန်ကျေးရွာတွင် အိမ်(၁)လုံး အမိုးလန်၍ ပျက်စီးသွားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~