Update News

အဂတိလိုက်စားမှုဖြင့် မိထ္တီလာမြို့မှ စခန်းမှူးနှင့်တာဝန်မှူးအား အမှုဖွင့်လှစ်




သေမှုသေခင်းအား အမှုဖွင့်လှစ်ခြင်း မပြုဟုဆိုကာ ဓါတ်ဆီဆိုင်ပိုင်ရှင် ဦးအောင်ဝင်းထံသို့ ရဲအုပ် ဇော်ဝေကျော်မှ ကျပ်(၂)သိန်းလာရောက် ယူဆောင်ကာ စခန်းမှူး ဒုရဲမှူး သိန်းဟန်အား ကျပ်(၁)သိန်းခွဲပေးလိုက်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မိထ္တီလာမြို့မရဲစခန်းတွင် (ပ)၂၄၆/၂၀၁၆ ၊ ၂၀၁၃ ခုနှစ် အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇ ဖြင့် အမှုဖွင့်လှစ် ထားရှိခြင်းဖြစ်ကြောင်း သိရသည်။

သေမှုသေခင်း မဖွင့်လှစ်ရန် ကျပ်ငွေ(၂)သိန်းယူဆောင်၍ အဂတိလိုက်စားသော ဒုရဲမှူး သိန်းဟန်နှင့် ရဲအုပ် ဇော်ဝေကျော်တို့အား မန္တလေးတိုင်း အရန်ရဲတပ်ဖွဲ့ အချုပ်တွင် ချုပ်နှောင်ထားပြီး ရဲတရားရုံးတွင် အမှုဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိထ္တီလာမြို့မရဲစခန်းမှ သိရသည်။

သတင်း - ကိုလင်း

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~


မိထ္တီလာမြို့မှ စခန်းမှူးနှင့် တာဝန်မှူး ရဲအုပ်တစ်ဦးကို သေမှုသေခင်းဖြစ်စဉ်တစ်ခုအား အမှုဖွင့်လှစ်ခြင်း မပြုဘဲ ငွေတောင်းခံခြင်းကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မနှင့် သြဂုတ်လ(၁၅)ရက်နေ့တွင် အမှုဖွင့်လှစ်အရေးယူထားကြောင်း သိရသည်။

မိထ္တီလာမြို့မစခန်းမှူး ဒုရဲမှူး သိန်းဟန်မှ အောင်ကောင်းပြည့် ဓာတ်ဆီဆိုင်မှ အလုပ်သမားတစ်ဦး မေလ(၂၄)ရက်နေ့တွင် မတော်တဆ ဓာတ်လိုက်သေဆုံးမှုအား ဓာတ်ဆီဆိုင်ပိုင်ရှင်မှ ကျပ်(၅)သောင်းပေး၍ သေမှုသေခင်း ဖွင့်လှစ်ခြင်းမပြုရန် ပြောကြားရာ စခန်းမှူး ဒုရဲမှူးမှ ကျပ်(၂)သိန်းတိတိတောင်းခံသဖြင့် ဓာတ်ဆီဆိုင်ပိုင်ရှင်မှ ဦးအောင်ဝင်းက အသံဖမ်းထား၍ အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်လှစ် အရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။

သေမှုသေခင်းအား အမှုဖွင့်လှစ်ခြင်း မပြုဟုဆိုကာ ဓာတ်ဆီဆိုင်ပိုင်ရှင် ဦးအောင်ဝင်းထံသို့ ရဲအုပ် ဇော်ဝကျော်မှ ကျပ်(၂)သိန်းလာရောက် ယူဆောင်ကာ စခန်းမှူး ဒုရဲမှူး သိန်းဟန်အား ကျပ်(၁)သိန်းခွဲပေးလိုက်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မိထ္တီလာမြို့မရဲစခန်းတွင် (ပ)၂၄၆/၂၀၁၆၊ ၂၀၁၃ ခုနှစ် အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇ ဖြင့် အမှုဖွင့်လှစ် ထားရှိခြင်းဖြစ်ကြောင်း သိရသည်။

သေမှုသေခင်း မဖွင့်လှစ်ရန် ကျပ်ငွေ(၂)သိန်းယူဆောင်၍ အဂတိလိုက်စားသော ဒုရဲမှူး သိန်းဟန်နှင့် ရဲအုပ် ဇော်ဝကျော်တို့အား မန္တလေးတိုင်း အရန်ရဲတပ်ဖွဲ့ အချုပ်တွင် ချုပ်နှောင်ထားပြီး ရဲတရားရုံးတွင် အမှုဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိထ္တီလာမြို့မရဲစခန်းမှ သိရသည်။

သတင်း - ကိုလင်း
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~


« PREV
NEXT »