ေလာပိတစီမံကိန္းကာလက သိမ္းဆည္းထားေသာ ေတာင္သူမ်ား၏ ေျမယာကိစၥ ကယားျပည္နယ္၀န္ႀကီးခ်ဳပ္မွ အျမန္ဆံုးေျဖရွင္းေပးရန္ ညႊန္ၾကားထားေသာ္လည္း ေျဖရွင္းေပးမႈ မရွိေသး

ေလာပိတစီမံကိန္းကာလက သိမ္းဆည္းထားေသာ ေတာင္သူမ်ား၏ ေျမယာကိစၥ ကယားျပည္နယ္၀န္ႀကီးခ်ဳပ္မွ အျမန္ဆံုးေျဖရွင္းေပးရန္ ညႊန္ၾကားထားေသာ္လည္း ေျဖရွင္းေပးမႈ မရွိေသး
သြဂုတ် 29, 2016
By Tachileik News Agency

ကယားျပည္နယ္၊ လြိဳင္ေကာ္ရွိ ေလာပိတ အမွတ္ (၁) ေရအားလွ်ပ္စစ္စီမံကိန္းမွ သိမ္းဆည္းထားသည့္ ေတာင္ယာႏွင့္ၿခံေျမ ဧက (၇ဝ) ေက်ာ္ ႏွင့္ ပတ္သက္၍ ၀န္ႀကီးခ်ဳပ္မွ အျမန္ဆံုးေျဖရွင္းေပးရန္ ညႊန္ၾကားခဲ့ေသာ္လည္း ေျဖရွင္းေပးျခင္းမရွိေသးသည့္အတြက္ ေဒသခံ ေတာင္သူမ်ားက ၎တို႔ထံ ျပန္လည္ေပးအပ္ေပးရန္ ေတာင္းဆိုေနၾကၿပီး ထြန္တံုးတိုက္ပြဲလည္း ဆင္ႏႊဲလွ်က္ရွိေၾကာင္း သိရသည္။

စီမံကိန္းကာလ ၿပီးဆံုးသြားေသာ္လည္း ပိုေနသည့္ ေျမယာမ်ားအား မူလေတာင္သူမ်ားထံ ျပန္လည္ေပးအပ္ျခင္း မျပဳဘဲ စက္ရုံဝန္ထမ္းမ်ားက စိုက္ပ်ိဳးလုပ္ကိုင္ေနသည့္ အျပင္ လယ္ယာေျမ လုပ္ပိုင္ခြင့္ လက္မွတ္ ပုံစံ(၇)မ်ားပါ ျပဳလုပ္ထားၾကသည္ဟု ေဒသခံေတာင္သူမ်ားထံမွ သိရသည္။

"ႏွစ္တိုင္းျပန္ေပးဖို႔ စာတင္တယ္။ ထူးမလာဘူး။ အဲဒါေၾကာင့္ ဒီႏွစ္ေတာ့ မရရေအာင္လုပ္ရမယ္ဆိုၿပီး ထြန္တံုး တိုက္ပြဲလုပ္ျဖစ္တယ္။ စီမံကိန္းၿပီးသြားေတာ့ က်န္တဲ့ေျမဧက (၇၀) ေက်ာ္ကို ျပန္စြန္႔လႊတ္ေပးဖို႔ ေတာင္းတယ္ မရဘူး။ စက္ရုံဝန္ထမ္းေတြက အပိုင္လုပ္စားေနတာေပါ့။ ကၽြန္ေတာ္တို႔ သြားလုပ္ရင္လည္း ေမာင္းထုတ္တယ္။ ဆဲတယ္။ တစ္ခါတေလ စစ္သားေတြကိုပါ ေခၚၿပီး ကၽြန္ေတာ္တို႔ကို ျပန္ေမာင္းထုတ္တယ္″ဟု ေတာင္သူတစ္ဦးျဖစ္သူ ဦးလူရယ္က ေျပာသည္။

ေျမယာကိစၥမ်ား ေျဖရွင္းေပးရန္ ေဒသခံေတာင္သူမ်ားက ၿမိဳ႕နယ္ေျမစာရင္းဌာန တာဝန္ရွိသူမ်ားကို အႀကိမ္ႀကိမ္ တင္ျပေတာင္းဆိုခဲ့ေသာ္လည္း ေျဖရွင္းေပးျခင္း မရွိသည့္အျပင္ စီမံကိန္းဝန္ထမ္းမ်ားက ၿခံႏွင့္ယာေျမမ်ားေပၚတြင္ ဆက္ၿပီး ထြန္ယက္စိုက္ပ်ိဳးေနၾကသျဖင့့္ ေဒသခံမ်ားစုေပါင္းၿပီး ထြန္တံုး တိုက္ပြဲျပဳလုပ္ေနေၾကာင္း သိရသည္။

ေျမယာသိမ္းဆည္းခံရသည့္ ေတာင္သူမ်ား အေနျဖင့္ လုပ္ကိုင္စားေသာက္ရန္ အခက္အခဲျဖစ္လာသျဖင့္ အျခားသူမ်ား၏ လယ္ယာမ်ားကို ငွားရမ္း လုပ္ကိုင္ေနရေၾကာင္း ေျမသိမ္းခံေတာင္သူတစ္ဦးျဖစ္သည့္ ဦးထားရုက ဆိုသည္။

"ကၽြန္ေတာ္တို႔ ေတာင္ယာေတြ ျပန္လိုခ်င္လို႔ ထြန္တုံးတိုက္ပြဲ လုပ္တာပါ။ ၁၉၈၅ ခုႏွစ္ေလာက္မွာ အမွတ္ (၁)စီမံကိန္း နယ္ေျမဆိုၿပီး သိမ္းခံရတယ္။ သိမ္းၿပီးေနာက္ပိုင္း ဒီနယ္ေျမတစ္ဝိုက္ကို သြားလာခြင့္ မေပးဘူး။ မနက္ (၆)နာရီ ည (၆)နာရီပဲ။ ဟိုလမ္းကေနသြားရင္ အသြား အျပန္ ဟိုၾကည့္ဒီၾကည့္ ၾကည့္လို႔ မရဘူး၊ ဘာျဖစ္လို႔လဲ ဆိုရင္ စစ္တပ္ကလည္း ဒီနားမွာပဲ ထိုင္တယ္။ ဒါေတြ ခံခဲ့ရၿပီးၿပီ။ ခုျပန္ေပးသင့္ၿပီေလ”ဟု ဦးထားရုက ေျပာသည္။

၁၉၈၅ ခုႏွစ္ဝန္းက်င္က ေလာပိတေက်းရြာအုပ္စုမွ ေလာကထု၊ ဆိုလစယ္၊ ၁ဝ မိုင္ ေက်းရြာသံုးရြာမွ ၿခံႏွင့္ ယာေျမဧက (၇ဝ) ေက်ာ္ကို အမွတ္(၁)ေရအားလွ်ပ္စစ္စက္ရံု စီမံကိန္း ဧရိယာအျဖစ္ သိမ္းယူခဲ့ျခင္း ျဖစ္သည္။

"ပိုင္ရွင္အမွန္ကို ျပန္ေပးရမယ္ေလ။ ခုကစီမံကိန္းလည္းၿပီးၿပီ။ ႏွစ္ႏွစ္ဆယ္ေက်ာ္ေလာက္ ဒီေျမေတြ အသိမ္းခံၿပီး ကြ်န္မတို႔ သူမ်ား လယ္ေတြမွာ ေဈးအဆမတန္ေပးၿပီး ငွားလုပ္ေနရတာ ရုန္းကန္ေနရတာ ဒီေျမေတြကို ကြ်န္မတို႔ ျပန္ရမွကိုျဖစ္မွာ။″ ဟု ေတာင္သူတစ္ဦးျဖစ္သည့္ ေဒၚျမေအးက ဆိုသည္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ေလာပိတေက်းရြာတြင္ ဇူလိုင္လအတြင္းက လူထုမ်ားႏွင့္ လာေရာက္ ေတြ႕ဆုံရာ၌ အဆိုပါေျမယာကိစၥအား ေျဖရွင္းေပးရန္ ေတာင္းဆိုခဲ့ၿပီး အျမန္ဆံုးေျဖရွင္းေပးရန္ ဝန္ႀကီးခ်ဳပ္က ညႊန္ၾကားခဲ့ေသာ္လည္း လက္ရိွအခ်ိန္ထိ သက္ဆိုင္ရာဌာနမ်ားက တစ္စံုတစ္ရာ ေဆာင္ရြက္ျခင္း မရိွေသးေၾကာင္း သိရသည္။

လက္ရိွတြင္ ေလာကထု၊ ဆိုစလယ္နဲ ့(၁ဝ)မိုင္ေက်းရြာမ်ားမွ ေျမသိမ္းခံ ေတာင္သူ (၃ဝ) ခန္႔က ထြန္တုံးတိုက္ပြဲ ႏွစ္ႀကိမ္ျပဳလုပ္ၿပီးသြားၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဆန္းၿဖဳိးထြန္း

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ကယားပြည်နယ်၊ လွိုင်ကော်ရှိ လောပိတ အမှတ် (၁) ရေအားလျှပ်စစ်စီမံကိန်းမှ သိမ်းဆည်းထားသည့် တောင်ယာနှင့်ခြံမြေ ဧက (၇ဝ) ကျော် နှင့် ပတ်သက်၍ ဝန်ကြီးချုပ်မှ အမြန်ဆုံးဖြေရှင်းပေးရန် ညွှန်ကြားခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိသေးသည့်အတွက် ဒေသခံ တောင်သူများက၎င်းတို့ထံ ပြန်လည်ပေးအပ်ပေးရန် တောင်းဆိုနကြပြေီး ထွန်တုံးတိုက်ပွဲလည်း ဆင်နွှဲလျှက်ရှိကြောင်း သိရသည်။

စီမံကိန်းကာလ ပြီးဆုံးသွားသော်လည်း ပိုနေသည့် မြေယာများအား မူလတောင်သူများထံ ပြန်လည်ပေးအပ်ခြင်း မပြုဘဲ စက်ရုံဝန်ထမ်းများက စိုက်ပျိုးလုပ်ကိုင်နေသည့် အပြင် လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ(၇)များပါ ပြုလုပ်ထားကြသည်ဟု ဒေသခံတောင်သူများထံမှ သိရသည်။

"နှစ်တိုင်းပြန်ပေးဖို့ စာတင်တယ်။ ထူးမလာဘူး။ အဲဒါကြောင့် ဒီနှစ်တော့ မရရအောင်လုပ်ရမယ်ဆိုပြီး ထွန်တုံး တိုက်ပွဲလုပ်ဖြစ်တယ်။ စီမံကိန်းပြီးသွားတော့ ကျန်တဲ့မြေဧက (၇၀) ကျော်ကို ပြန်စွန့်လွှတ်ပေးဖို့ တောင်းတယ် မရဘူး။ စက်ရုံဝန်ထမ်းတွေက အပိုင်လုပ်စားနေတာပေါ့။ ကျွန်တော်တို့ သွားလုပ်ရင်လည်း မောင်းထုတ်တယ်။ ဆဲတယ်။ တစ်ခါတလေ စစ်သားတွေကိုပါ ခေါ်ပြီး ကျွန်တော်တို့ကို ပြန်မောင်းထုတ်တယ်″ဟု တောင်သူတစ်ဦးဖြစ်သူ ဦးလူရယ်က ပြောသည်။

မြေယာကိစ္စများ ဖြေရှင်းပေးရန် ဒေသခံတောင်သူများက မြို့နယ်မြေစာရင်းဌာန တာဝန်ရှိသူများကို အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့သော်လည်း ဖြေရှင်းပေးခြင်း မရှိသည့်အပြင် စီမံကိန်းဝန်ထမ်းများက ခြံနှင့်ယာမြေများပေါ်တွင် ဆက်ပြီး ထွန်ယက်စိုက်ပျိုးနကြေသဖြင့် ဒေသခံများစုပေါင်းပြီး ထွန်တုံး တိုက်ပွဲပြုလုပ်နေကြောင်း သိရသည်။

မြေယာသိမ်းဆည်းခံရသည့် တောင်သူများ အနဖြေင့် လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်လာသဖြင့် အခြားသူများ၏ လယ်ယာများကို ငှါးရမ်း လုပ်ကိုင်နေရကြောင်း မြေသိမ်းခံတောင်သူတစ်ဦးဖြစ်သည့် ဦးထားရုက ဆိုသည်။

"ကျွန်တော်တို့ တောင်ယာတွေ ပြန်လိုချင်လို့ ထွန်တုံးတိုက်ပွဲ လုပ်တာပါ။ ၁၉၈၅ ခုနှစ်လောက်မှာ အမှတ် (၁)စီမံကိန်း နယ်မြေဆိုပြီး သိမ်းခံရတယ်။ သိမ်းပြီးနောက်ပိုင်း ဒီနယ်မြေတစ်ဝိုက်ကို သွားလာခွင့် မပေးဘူး။ မနက် (၆)နာရီ ည (၆)နာရီပဲ။ ဟိုလမ်းကနေသွားရင် အသွား အပြန် ဟိုကြည့်ဒီကြည့် ကြည့်လို့ မရဘူး၊ ဘာဖြစ်လို့လဲ ဆိုရင် စစ်တပ်ကလည်း ဒီနားမှာပဲ ထိုင်တယ်။ ဒါတွေ ခံခဲ့ရပြီးပြီ။ ခုပြန်ပေးသင့်ပြီလေ”ဟု ဦးထားရုက ပြောသည်။

၁၉၈၅ ခုနှစ်ဝန်းကျင်က လောပိတကျေးရွာအုပ်စုမှ လောကထု၊ ဆိုလစယ်၊ ၁ဝ မိုင် ကျေးရွာသုံးရွာမှ ခြံနှင့် ယာမြေဧက (၇ဝ) ကျော်ကို အမှတ်(၁)ရေအားလျှပ်စစ်စက်ရုံ စီမံကိန်း ဧရိယာအဖြစ် သိမ်းယူခဲ့ခြင်း ဖြစ်သည်။

"ပိုင်ရှင်အမှန်ကို ပြန်ပေးရမယ်လေ။ ခုကစီမံကိန်းလည်းပြီးပြီ။ နှစ်နှစ်ဆယ်ကျော်လောက် ဒီမြေတွေ အသိမ်းခံပြီး ကျွန်မတို့ သူများ လယ်တွေမှာ ဈေးအဆမတန်ပေးပြီး ငှါးလုပ်နေရတာ ရုန်းကန်နေရတာ ဒီမြေတွေကို ကျွန်မတို့ ပြန်ရမှကိုဖြစ်မှာ။″ ဟု တောင်သူတစ်ဦးဖြစ်သည့် ဒေါ်မြအေးက ဆိုသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လောပိတကျေးရွာတွင် ဇူလိုင်လအတွင်းက လူထုများနှင့် လာရောက် တွေ့ဆုံရာ၌ အဆိုပါမြေယာကိစ္စအား ဖြေရှင်းပေးရန် တောင်းဆိုခဲ့ပြီး အမြန်ဆုံးဖြေရှင်းပေးရန် ဝန်ကြီးချုပ်က ညွှန်ကြားခဲ့သော်လည်း လက်ရှိအချိန်ထိ သက်ဆိုင်ရာဌာနများက တစ်စုံတစ်ရာ ဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိတွင် လောကထု၊ ဆိုစလယ်နဲ့(၁ဝ)မိုင်ကျေးရွာများမှ မြေသိမ်းခံ တောင်သူ (၃ဝ) ခန့်က ထွန်တုံးတိုက်ပွဲ နှစ်ကြိမ်ပြုလုပ်ပြီးသွားပြီဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~