လြိဳင္ေကာ္၌မီးေလာင္မႈျဖစ္၊ ဆိုင္ခန္းေပါင္း (၁၇)ခန္း ေလာင္ကြ်မ္း

လြိဳင္ေကာ္၌မီးေလာင္မႈျဖစ္၊ ဆိုင္ခန္းေပါင္း (၁၇)ခန္း ေလာင္ကြ်မ္း
သြဂုတ် 31, 2016
By Tachileik News Agency

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ရွိ ကားဂိတ္ေဟာင္းတြင္ မီးေလာင္မႈတစ္ခု ၾသဂုတ္လ(၃၁)ရက္ေန႔ နံနက္(၂း၄၀)နာရီ၀န္းက်င္က ျဖစ္ပြားရာ ဆိုင္ခန္းေပါင္း (၁၇)ခန္း မီးေလာင္ကြ်မ္းသြားေၾကာင္း သိရသည္။

လြိဳင္ေကာ္ၿမိဳ႕နယ္၊ ေလာဓမၼရပ္ကြက္ရွိ သီရိမဂၤလာေစ်းအနီးရွိ ကားဂိတ္ေဟာင္းတြင္ မီးေလာင္မႈ ျဖစ္ပြားျခင္းျဖစ္ၿပီး မီးေလာင္ကြ်မ္းမႈႏွင့္ ပတ္သက္၍ အဆိုပါ ကားဂိတ္ဆိုင္ခန္းရွိ မ်က္ႏွာက်က္တြင္ တပ္ဆင္ထားသည့္ ၀ါယာႀကိဳးမွာ အပူလြန္ကဲၿပီး မ်က္ႏွာက်က္မွ တဆင့္ကူးစက္ကာ ေလာင္ကြ်မ္းသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

"စေလာင္တာက ေရႊကႏၵာေအာင္ ကားဂိတ္ကေနေလာင္တာ စေတြ႕တယ္၊ ၿပီးေတာ့ကူးသြားတာေပါ့ ပစၥည္းေတြလည္း ဆြဲလို႕မႏိုင္ေတာ့ဘူး အကုန္ေလာင္သြားတာ" ဟု သီရိမဂၤလာ ေဈးေစာင့္ တစ္ဦးက ေျပာသည္။

မီးအရွိန္ျပင္းေသာေၾကာင့္ လိြဳင္ေကာ္ၿမိဳ႕နယ္ရွိ မီးသတ္ယဥ္မ်ားအျပင္ ဒီးေမာ့ဆိုၿမိဳ႕မွ မီးသတ္ယဥ္မ်ား အပါအ၀င္ စုစုေပါင္း (၁၃)စီး ျဖင့္ လာေရာက္ၿငိမ္းသတ္ခဲ့ရၿပီး နံနက္ ေလးနာရီခန္႔တြင္ မီးညႊန္႔က်ိဳးသြားကာ ဆိုင္ခန္းေပါင္း (၁၇) ခန္းတြင္ ေဆးဆိုင္၊ မိုဘိုင္းဖုန္းဆိုင္မ်ား၊ စက္ဘီအေရာင္းဆိုင္မ်ား၊ ကုန္စုံဆိုင္မ်ား၊ ဆန္ဆိုင္မ်ား နွင့္ ကားဂိတ္(၄)ဂိတ္ပါ ေလာင္ကၽြမ္းသြားခဲ့ေၾကာင္းႏွင့္ မီးစတင္ေလာင္ကြ်မ္းခဲ့သည့္ တိုက္ခန္းပိုင္ရွင္ ဦးေစာခ်ယ္ရီဘက္အား လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ဆန္းၿဖဳိးထြန္း

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကားဂိတ်ဟောင်းတွင် မီးလောင်မှုတစ်ခု သြဂုတ်လ(၃၁)ရက်နေ့ နံနက်(၂း၄၀)နာရီဝန်းကျင်က ဖြစ်ပွားရာ ဆိုင်ခန်းပေါင်း (၁၇)ခန်း မီးလောင်ကျွမ်းသွားကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်၊ လောဓမ္မရပ်ကွက်ရှိ သီရိမင်္ဂလာဈေးအနီးရှိ ကားဂိတ်ဟောင်းတွင် မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အဆိုပါ ကားဂိတ်ဆိုင်ခန်းရှိ မျက်နှာကျက်တွင် တပ်ဆင်ထားသည့် ဝါယာကြိုးမှာ အပူလွန်ကဲပြီး မျက်နှာကျက်မှ တဆင့်ကူးစက်ကာ လောင်ကျွမ်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

"စလောင်တာက ရွှေကန္ဒါအောင် ကားဂိတ်ကနေလောင်တာ စတွေ့တယ်၊ ပြီးတော့ကူးသွားတာပေါ့ ပစ္စည်းတွေလည်း ဆွဲလို့မနိုင်တော့ဘူး အကုန်လောင်သွားတာ" ဟု သီရိမင်္ဂလာ ဈေးစောင့် တစ်ဦးက ပြောသည်။

မီးအရှိန်ပြင်းသောကြောင့် လွိုင်ကော်မြို့နယ်ရှိ မီးသတ်ယဉ်များအပြင် ဒီးမော့ဆိုမြို့မှ မီးသတ်ယဉ်များ အပါအဝင် စုစုပေါင်း (၁၃)စီး ဖြင့် လာရောက်ငြိမ်းသတ်ခဲ့ရပြီး နံနက် လေးနာရီခန့်တွင် မီးညွှန့်ကျိုးသွားကာ ဆိုင်ခန်းပေါင်း (၁၇) ခန်းတွင် ဆေးဆိုင်၊ မိုဘိုင်းဖုန်းဆိုင်များ၊ စက်ဘီအရောင်းဆိုင်များ၊ ကုန်စုံဆိုင်များ၊ ဆန်ဆိုင်များ နှင့် ကားဂိတ်(၄)ဂိတ်ပါ လောင်ကျွမ်းသွားခဲ့ကြောင်းနှင့် မီးစတင်လောင်ကျွမ်းခဲ့သည့် တိုက်ခန်းပိုင်ရှင် ဦးစောချယ်ရီဘက်အား လွိုင်ကော်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~